KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ ( ၃၁ ) ရက်၊ ၂၀၂၄ ခုနှစ် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ရေမြှင့်တက်နေဆဲဖြစ်ပြီး စပါးခင်းတွေကို မရင့်သေးဘဲ ရေထဲမှာ ရိတ်သိမ်းနေရ
– ရေဘေးကြောင့် တိမ်ရှောင်ရတဲ့ လွိုင်ကော်စစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားသုံးဆီ ပေးဝေ ၊ အကူအညီလိုအပ်နေဆဲ
– လွိုင်ကော်အကျဥ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသား ၃ ဦးအပါအဝင် ၇ဦး လွတ်မြောက်လာ
ဆိုတဲ့သတင်းတွေနဲ “ မိသားစုကို ကုန်ထမ်းရင်း ဝမ်းစာရှာကျွေးနေတဲ့ “ မောင်ပူတူး” ဆိုတဲ့ဆောင်းပါးနဲအတူ ကယောဘာသာ နှင့် ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။