KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက် (အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးမှုရှိပြီး စခန်းကုန်း၊ စစ်ဆေးရေးဂိတ်တွေပါ မီးရှို့ရှင်းလင်းနိုင်ခဲ့ ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ
– လေကြောင်းရန်ကာကွယ်ဖို့ ကရင်နီက စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတစ်ခုတည်းသာ ရွေးချယ်စရာရှိနေ
– ၃နှစ်အတွင်း KNDF တပ်ရင်းအမှတ် ( ၉ ) မှာ ကျဆုံးတပ်ဖွဲ့ဝင် ၃၆ ဦးရှိ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“ ကြွက်မုဆိုး ” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။