KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မသန့်ရှင်းတဲ့ရေကို သုံးစွဲနေရတဲ့ မိုးဗြဲ စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာမှု ဖြစ်ပွားနေကြ
– တိုက်ပွဲဖြစ်နေတာကြောင့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး တလျှောက် မသွားလာဖို့ KNDF အသိပေး
– နတ်တောင်စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး အကူအညီပေးကြဖို့ တောင်းဆို စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “ တိုင်းတပါးမှာ ဘဝအတွက် အွန်လိုင်းစျေးရောင်းပြီး ရှေ့ဆက်နေတဲ့ CDM ကျောင်းဆရာမ ”ဆိုတဲ့ အကြောင်းကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။