ထျိုးမြာ
ကယား(ကရင်နီ)ပြည်နယ်မှာဆိုရင် ကယား၊ ကယန်း၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးတွေ အများကြီးနေထိုင်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုအားလုံးဟာ ရိုးရာ၊ ယဉ်ကျေးမှု ဝတ်စုံကိုယ်စီနဲ့ ရှိနေကြတာကို ကယား(ကရင်နီ)ပြည်ကို ရောက်ဖူးသူတိုင်းသိကြမှာပါ။ ကယားပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုထဲကမှ ကယားလူမျိုးရဲ့ ရိုးရာနဲ့ ဝတ်စားဆင်ယင်မှုအကြောင်းကို ပြောပြချင်ပါတယ်။ ကယားလူမျိုးဟာဆိုရင် ဗုဒ္ဓနဲ့ ခရစ်ယာန်ဘာသာကို အများစုကိုးကွယ်ကြပါတယ်။ ဗုဒ္ဓနဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့သူတွေဆိုရင်လည်း ဆိုင်ရာအလိုက် ဘာသာရေးဆိုင်ရာ ပွဲေတော်များကို ပြုလုပ်လေ့ရှိကြပါတယ်။
ကယားလူမျိုးတို့ရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုကို ပြောပြရမယ်ဆိုရင်တော့ တပို့တွဲလ၊ တပေါင်းလနှင့် တန်ခူးလမှာ ကေ့ထျိုးဘ်ိုးပွဲတော်ကို ကျင်းပပြုလုပ်ကြပြီးတော့ တော်တလင်းလနဲ့ သီတင်းကျွတ်လတွေမှာဆိုရင်တော့ အဲ့ဒိုပေါ်မီပွဲကို ကျင်းပပြုလုပ်ကြပါတယ်။ ယနေ့ခေတ် လူတွေက အဲ့ဒိုပေါ်မီပွဲကို ဒီးကူပွဲလို့ခေါ်ကြပါတယ်။ ဒါပေမဲ့ အဖိုးအဖွားတွေ တချို့ကတော့ အဲ့ဒိုပေါ်မီပွဲလို့ပဲ ခေါ်ဝေါ်ကြပါတယ်။
“အမျိုးသားတွေရဲ့အားနည်းချက်တစ်ခုလည်းဖြစ်နိုင်သလို ရှေးယခင်က မိမိတို့ရဲ့ အစဉ်အလာကို ထုတ်ဖော်ပြောဆိုဖို့ အခက်အခဲရှိတာလည်းဖြစ်နိုင်တဲ့အတွက်ကြောင့် ဒီးကူပွဲလို့ အလွယ်တကူခေါ်ရာကနေ အခြားသော တိုင်းရင်းသားညစ်အကိုတွေကလည်း ဒီးကူပွဲဆိုပြီးတော့မှ အစဉ်တစ်စို်က်ပြောဆိုလာကြတယ်လို့ ကျနော့်အနေနဲ့ အဲ့လိုပဲ သုံးသပ်ပါတယ်။ ဒါကြောင့် ဒီးကူပွဲမဟုတ်ပါဘူး။ အဲ့ဒိုပေါ်မီပွဲဖြစ်ပါတယ်” ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ခူးပလုရယ်က (၆)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်းအဲ့ဒိုပေါ်မီပွဲ ပြောကြားခဲ့ပါတယ်။
စုပေါင်းပွဲတော်မတိုင်ခင်မှာဆိုရင် ရပ်ကွက် ကျေးရွာတိုင်းမှာရှိတဲ့ ကယားလူမျိုးတွေရဲ့ ကျေးရွာကိုယ်စားလှည်တွေနဲ့ ကယားအမျိုးသားလူငယ်တွေဟာ နှစ်ရက်သာ တွေ့ဆုံစည်းဝေးခဲ့ကြပါတယ်။ တွေ့ဆုံ ညှိနှိုင်းကြတဲ့အခါမှာ ကယားလူမျိုးတွေရဲ့ ယဉ်ကျေးမှုဝတ်စုံ၊ အမည်နာမခေါ်ဝေါ်ခြင်း၊ ဒီးကူပွဲအစား အဲဒိုပေါ်မီလို့ခေါ်ဝေါ်စေခြင်းနဲ့ ကယားလူမျိုးရဲ့ ကျေးရွာတိုင်း ကေ့လဲရှိသင့်ကြောင်း ကေ့လဲဆိုတာကလဲ ဘယ်လိုဖြစ်လာကြောင်း တို့ကို ဆွေးနွေးအတည်ပြုနို်င်ခဲ့ကြတယ်လို့ သိရပါတယ်။
ကယားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု/ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ ကယားလူမျိုးတွေရဲ့ ဝတ်စုံဟာဆိုရင် ခေတ်သစ်၊ ခေတ်ဟောင်းဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ သို့သော် အခုချိန်မှာဆိုရင် ခေတ်မီလာတာနဲ့အမျှ ခေတ်သစ်ဝတ်စုံတွေကို ပုံစံအမျိုးမျိုးနဲ့ ပုံဖေါ်ဝတ်ဆင်မှုတွေ များလာကြပေမယ့် ပစ္စည်းစုံစုံလင်လင်နှင့်ရှိတဲ့ ခေတ်ဟောင်းဝတ်စုံဝတ်ဆင်တဲ့ဓလေ့တွေ ရှားပါးလာနေပါတယ်။
ရိုးရာယဉ်ကျေးမှုတွေကို ပျောက်ကွယ်မသွားအောင်နဲ့ လူမျိုးတစ်ခုရဲ့ ရိုးရာယဉ်ကျေးမှု ပီပီတတ ရှိစေရန်အတွက် ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုတွေကို ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။
ယဉ်ကျေးမှုဝတ်စုံနဲ့ ရိုးရာဓလေ့တွေကို အတည်ပြု သဘောတူခဲ့ကြပါတယ်။
(ကယားအမျိုးသမီးတို့ရဲ့ ခေတ်ဟောင်းဝတ်စုံ)
ဒူးကွင်းကြီးတွေပါရမယ်၊ ထဘီအတိုဖြစ်ရမယ်၊ ခြုံထည်၊ ခေါင်းပေါင်းအား ခေတ်ဟောင်းပေါင်းနည်းအတိုင်းဖြစ်ရမယ်။ ခန္ဓာကိုယ်မှာ အသုံးပြုရမဲ့ပစ္စည်းတွေဆိုရင်လည်း ခြေကြေးဝတ်၊ ခါးဝတ်တန်ဆာ၊ လက်ကောက်၊ ငွေကွင်း စသည်တို့ စုံစုံလင်လင်ပါရှိရမယ်။
(ကယားအမျိုးသားတို့ရဲ့ ခတ်ဟောင်းဝတ်စုံ)
ဘောင်းဘီအတိုဖြစ်ရမယ်၊ အနီရောင်ဖြစ်ရမယ်၊ အကျင်္ ီ ၊ ခေါင်းပေါင်းတွေက အမျိုးသမီးတွေရဲ့ ခေါင်းပေါင်းနဲ့ ခြုံထည်ရဲ့ အရောင်အတိုင်းပဲဖြစ်ရမယ်၊ အမျိုးသမီးတွေရဲ့ ဝတ်စုံအရောင်အတိုင်းပဲ ဝတ်ဆင်ရမယ်။
(ခေတ်သစ်အမျိုးသမီးတို့ရဲ့ဝတ်စုံ)
ခါးစည်းနဲ့ ထဘီအရှည်ဖြစ်ရမယ်၊ အကျင်္ ီ ပန်းရောင်ဖြစ်ရမယ်။ ခေါင်းပေါင်းက ခေတ်ဟောင်းခေါင်းပေါင်းနဲ့ အရောင်နှင့် အကွက်တူရမယ။် သို့သော် ပေါင်းနည်းမတူ။
(ကယားအမျိုးသားတို့ရဲ့ ခေတ်သစ်ဝတ်စုံ)
ပန်းရောင်ခေါင်းပေါင်းက ခေတ်ဟောင်းအတိုင်းဖြစ်ရမယ်။ အမျိုးသမီးတွေအသုံးပြုတဲ့ ခြုံထည်ရဲ့ အကွက်နဲ့ အရောင်ကိုပဲ အသုံးပြုရမယ်။
(ကေ့လဲ)
ကယားလူမျိုးတွေဟာ ကေ့လဲဆိုတာရှိသင့်တယ်။ ကေ့လဲအတွက် နေရာအတည်တကျတစ်ခု ရှိသင့်တယ်။ ကေ့လဲမလုပ်ဖူးသေးတဲ့ ရွာတွေရှိရင်လဲ တစ်ကယ်လို့ လုပ်ချင်တယ်ဆိုရင် ပြန်လုပ်လို့ရတယ်။ မြေနေရာရှိပြီးသား ကျေးရွာတွေဆိုရင် ဥပဒေအရ ပုံစံ (၁၀၅) ပြုလုပ်ထားသင့်တယ်လို့ ဆွေးနွေးဆုံးဖြတ်ခဲ့။
(အမည်နာမခေါ်ဆိုခြင်း)
အမျိုးသား လူကြီး (ဦးလေး)တွေကိုတော့ နာမည်ရဲ့ရှေ့မှာ “ဖဲ” လို့တွဲခေါ်ကြပြီးတော့ အမျိုးသမီးလူကြီးအရွယ် (အဒေါ်) တွေကိုတော့ “မိုး “ လို့ခေါ်ဝေါ်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသား လူငယ်တွေကိုတော့ “ ခူး (သို့) ခူ” လို့ သုံးနှုန်းကြဖို့ နဲ့ အမျိုုးသမီးတွေကိုတော့ “ မော်” လို့ သုံးနှုန်းကြဖို့ ဆွေးနွေးအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ မဖိုးရွယ်တွေကိုတော့ နာမည်ရဲ့ရှေ့မှာ “ ဖ်း “ နဲ့ အဖွားအရွယ်ကိုတော့ “ ဖြေး” ခေါ် ခေါ်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။