မူအက်စတာ
ကယားပြည်နယ်ရှိ မြို့နယ်တိုင်းရှိ အခြေခံပညာအဆင့်ကျောင်းသား/သူများအား နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံအားကစားနည်းများကို တစ်လအကြာ သင်ကြားပေးမည် ဖြစ်သည်။
မြို့လူဦးရေ အနေအထားအပေါ်မူတည်း၍ အားကစားနည်း အရေအတွက်အလိုက် သင်ကြားပေးမည်ဖြစ်သည်။ လွိုင်ကော်မြို့တွင် ကစားနည်း ၁၉ မျိုးအထိ သင်ကြားပေးမည်ဖြစ်သော်လည်း လူဦးရေနည်းပါးသော မြို့နယ်တွင်မူ အနည်းဆုံး ၃ မျိုးအထိ သင်ကြားပေးမည်ဖြစ်သည်။
မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
“၁ ရက်နေ့ကနေ ၃ဝ ရက်နေ့ထိ ဖွင့်ထားပါတယ်။” ဟု ကယားပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း ၊ ဝူရှူး ၊ ခရစ်ကက်၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ရေကူး၊ ပြေးခုန်ပစ်၊ ခြင်းလုံး ၊ ကမ်ပို၊ လက်ဝှေ့၊ ဖူဆယ်၊ ဂေါက်သီး စသည့် အားကစားနည်း (၁၉)မျိုး၏ အခြေခံ အားကစားနည်းများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
လူဦးရေနှစ် အရင်းအမြစ်အပေါ်အခြေခံ၍ လွိုင်ကော်မြို့နယ်တွင် အားကစား နည်း(၁၉) မျိုး၊ ဒီးမော့ဆိုမြို့နယ်တွင် (၈) မျိုး ၊ ဖရူဆိုမြို့နယ်တွင်(၆)မျိုး ၊ရှားတောမြို့နယ်တွင် (၆) မျိုး ၊ ဘောလခဲမြို့နယ်တွင် (၄)မျိုး ၊ ဖားဆောင်းမြို့နယ်တွင်(၅)မျိုး၊ မယ်စဲ့မြို့နယ် တွင် (၃)မျိုး စသည်ဖြင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။