spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကြရန် အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ တိုက်တွန်း

Author

Date

Category

မူအက်စတာ

တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် ရိုးရာဓလေ့များကို မပျောက်ပျက်စေရန် တိုင်းရင်းသား ပြည်သူအပေါင်းက ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဟု အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင်က ကယန်းအမျိုးသားနေ့တွင် ထည့်သွင်းပြောကြားသည်။

၁၈ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာတွင် ဧပြီလ ၁ဝ ရက်နေ့က ကျင်းပခဲ့သည်။

ကယန်းအမျိုးသားနေ့ကို ၂၀၀ဝ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၎င်းတိုင်းရင်းသားတို့၏ ထူးခြားသည့် သမိုင်း အစဉ်အလာကို အကြောင်းပြု၍ ၂၀၀ဝ ပြည့်နှစ် မတ်လ ၂ဝ ရက်နေ့တွင် ကယန်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီကို စတင်ဖွဲစည်းခဲ့သည်။

ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်နိုင်ခဲ့ကာ ကယန်းမျိူးနွယ်စု အားလုံးညီညွတ်မှုအတွက် ဖော်ဆောင်ခဲ့သည်။

“အမျိုးသားနှစ်ဆိုတာဟာ မိမိတို့ လူမျိူးကို ပြန်လည်မှတ်တမ်းတင်ခြင်းပဲဖြစ်ပြီး အမျိုးသားနေရာဟာ ဇာတိသွေး ဇာတိမှန် စိတ်ဓာတ်များ အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် လှုံ့ဆော်ပေးတဲ့ နှစ်တစ်နှစ် ဖြစ်တယ်”ဟု ဦးအေးသာအောင်က ပြောသည်။

ဧပြီလ ၁ဝ ရက်နေ့ကို ကယန်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကယန်းမျိုးနွယ်စုအားလုံး ချစ်ခင်ရင်းနှီးမှုရှိကြစေရန်နှင့် လူမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြစေရန် ရိုးရာအစဉ်အလာမပျက် ကျင်းပဖော်ဆောင်ခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပသည်။

ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်၊ ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ နေရာဒေသအသီးသီးမှ ကယန်းတိုင်းရင်းသားများ ရောက်ရှိလာကာ မိမိတို့၏ အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုကြသည်။

ကယန်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ် သံတောင်ကြီး၊ ကယားပြည်နယ်အနောက်ဘက်တို့ရှိ တောင်ပေါ်ဒေသတွင် နေထိုင်ကြသည်။ ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာ ၅၀၆ ရွာ ရှိသည်။

spot_img
spot_img

Recent posts