spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကယန်းလူမျိုးတွေညီညွတ်ဖို့ စုပေါင်းလုပ်တဲ့ ဖူးကောင်းမွန်အင်း အထိမ်းအမှတ် ကေ့ထျိုးဘိုးပွဲတော်

Author

Date

Category

ဖူးကောင်းမွန်အင်း အထိမ်းအမှတ် ကေ့ထျိုးဘိုးပွဲတော်အား ကျင်းပနေသည့် မြင်ကွင်းတခု

စိုးရယ်

ကယန်းလူမျိုးစုတွေရဲ့ သူရဲကောင်းဖြစ်သူ ဖူးကောင်းမွန်အင်းကို သတိရတဲ့အနေနဲ့ တံခွန်တိုင်ပွဲတော်ကို ဒီးမောဆိုမြို့နယ် လွိုင်နန်းဖကျေးရွာအနီးမှာ ပြုလုပ်ခဲ့ကြပါတယ်။

ကယန်းသူရဲကောင်း ဖူးကောင်းမွန်အင်းဟာ ကယန်စောဖျာ(စော်ဘွား)တစ်ယောက်ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၇၀၄ လောက်မှာ ဘုန်းတန်ခိုးကြီးမားခဲ့သူတစ်ယောက် ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။  

ကယန်းတို့ရဲ့ ဒဏ္ဍာရီပုံပြင်အရ ဒီသူရဲကောင်းကို အကြောင်းပြုပြီး ကယန်းလူမျိုး စည်းလုံးရေးအတွက် ရိုးရာတံခွန်တိုင်ပွဲကို  ပြုလုပ်ကြတာဖြစ်ပြီး အခုဆိုရင် ၈ ကြိမ်မြောက် ရှိပါပြီ။

 “ဒီအထိမ်းအမှတ်ပြုလုပ်ပေးရတဲ့အကြောင်းရင်းက ဖူူးကောင်းမွန်အင်းဟာ တစ်ချိန်တစ်ခါတုန်းက သူကရိုးရာကို နှစ်စဉ်နှစ်တိုင်း လုပ်လာခဲ့တာဖြစ်ပြီး သူ့ကို သတိရတဲ့အနေနဲ့ တစ်နှစ်တစ်ကြိမ် တံခွန်တိုင်ပွဲ ကျင်းပရခြင်းဖြစ်ပါတယ်။” လို့ ဖူးကောင်းမွန်အင်း ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်း ကပြောပါတယ်။

ကယန်းလူမျိုးတွေက မိမိတို့ ကိုယ့်ကိုယ်ကို  ဖူးကောင်းမွန်အင်း က ဆင်းသက်လာတဲ့ မျိုးဆက်တွေအဖြစ် မှတ်ယူထားကြပါတယ်။

ဖူးကောင်းမွန်အင်းကို အထွတ်မြတ်ထားတဲ့အနေနဲ့ သူ့အတွက် ကျောင်းဝင်းမြေဧရိယာကို လွိုင်နန်းဖကျေးရွာအနီးမှာ သတ်မှတ်ထားပေးပါတယ်။ အဲဒီဧရိယာအတွင်းမှာရွာသူရွာသားတွေက သူ့အတွက် အထိမ်းအမှတ်တံခွန်တိုင်ကို ထားရှိပေးပါတယ်။

ဖူးကောင်းမွန်အင်းဟာ အမှန်တရားကို အလေးထားတဲ့စော်ဖျာ(စော်ဘွား)တစ်ဦး ဖြစ်တာကြောင့် ကယန်းလူမျိုးတွေ စံထားရတဲ့သူဖြစ်တယ်လို့ ဦးကျော်ဝင်း က ပြောပါတယ်။

ဒီတံခွန်တိုင် ရိုးရာဓလေ့ဟာ ကယားလူမျိုးတွေ ကျင်းပတဲ့ တံခွန်တိုင်ရိုးရာနဲ့  လုပ်နည်းလုပ်ဟန် နည်းနည်းသာ ကွာခြားပါတယ်။ ဒါ့ကြောင့် ကယန်းရိုးရာသမိုင်းဟာလည်းကယားလူမျိုးရဲ့ရိုးရာသမိုင်းနဲ့ တူညီတယ်လို့ တံခွန်တိုင်စောင့်ရှောက်သူ ဦးလမောက်က ပြောပါတယ်။

ဒီတံခွန်တိုင်ပွဲတော်ကို မေလ ၁ ရက်နေ့မှာ ကျင်းပပြီး ကယန်းလူမျိုး ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

spot_img
spot_img

Recent posts