ကန္တာရဝတီတိုုင်း(မ်)
ကယားပြည်နယ်၏ မြို့နယ် ၂ ခုုတွင် ရာဇသတ်ကြီး ပုုဒ်မ ၅၀၅ ဖြင့် လူ ၈ ဦးအား တရားစွဲဆိုုထားပြီးနောက် ဖါးဆောင်းမြို့နယ်အာဏာပိုုင်က နောက်ထပ် လူ ၂ ကိုု ထပ်မံတရားစွဲဆိုုလိုုက်ခြင်းဖြစ်သည်။
ခွန်းကောရီယိုနှင့် ကိုဘွဲ့ထူးတို့ နှစ်ဦးက ဖားဆောင်းမြို့နယ်တွင် ကရင်နီပြည်သမိုင်းနှင့် ဗိုုလ်ချုပ်ကြေးရုုပ်ကန့်ကွက်ကြောင်းစာရွက်များ ဖြန့်ဝေခဲ့ခြင်းနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် အာဏာပိုင်က တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုုပါ လူ၂ ဦးအား တရားရုုံးသိုု့ လာရောက်ရန် ဖားဆောင်းမြို့နယတရားရုံးက ဩဂုတ်လ (၁၀) ရက်နေ့တွင် ဆင့်ခေါ်ထားသည်။
စွပ်စွဲခံရသူ ၂ ဦးအနက် ခွန်းကောရီယိုသည် စာရွက် ဖြန့်ဝေခဲ့ရာတွင် ပါဝင်ခဲ့ခြင်းမရှိဟုု ၎င်းက ငြင်းဆိုုသည်။
ဓါတ်ပုုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ