ခူးစိုးရယ်ဦး
အုပ်ချုပ်ရေးမှူ းများနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ပူပေါင်းကျင်းပသည့် အသက်၁၉ နှစ်အောက် မြို့နယ်ဖလား မိုးရာသီဘောလုံးပွဲ ကျင်းပပြီး ကျေးရွာအုပ်စုပေါင်း ၁၉ သင်းရှိသည်။
အဆိုပါ ဒီးမော့မြို့နယ်မှ ၂၀၁၈ ခုနှစ်တွင် ၁၉ နှစ်အောက် အုပ်စုဖလားပွဲ၊ အလွတ်တန်း အုပ်စုဖလားပွဲ၊ မြို့နယ်ဖလားစသည့် အားကစားဖလားပွဲ ကျင်းပရန် အစီအစဉ်ရှိသေးကြောင်း သိရသည်။
“ဒီခေတ်ဒီကာလမှာ အာကစားပွဲမလုပ်ပေးဘူးဆိုရင် ကလေးတွေက တခြားဘေးနေရာတွေမှာ ရောက်သွားနိုင်သွားနိုင်တယ်”ဟု လက်ထောက်ကြီးကြပ်အာကာမှူ း ဦးမောင်ကိုက ပြောသည်။
နောက်လာမည့် ၂၀၁၈ခုနှစ် အောက်တိုဘာနှင့် နိုုဝင်ဘာလအတွင်း ပြည်နယ်နှင့်တိုင်းတွင် ပါဝင်ကစားနိုင်ရန်အတွက် ထူးချွန်သည့် အားကစားသမားများ ၁၉ နှစ်အောက်ကလေးတွေကို ရွေးထုတ်ဖို့ရှိသည်ဟု ဦးမောင်ကိုက ပြောပါသည်။ “ကျွန်တော်တို့မြို့နယ်က ၁၉နှစ်အောက် ကလေးတွေကို ပိုပြီးဦးစားပေးတယ်”ဟု ဦးမောင်ကို ဆိုပါသည်။
၎င်း ရွေးချယ်ခံရသော အကားသမားများသည် တိုင်းနှင့်ပြည်နယ်မှာ ပါဝင်ကစားနိုင်ရန်အတွက် စီစဉ်ပေးမည်ဟု ၎င်းက ဆက်ဆိုသည်။ ယခု ကျင်းပပြုလုပ်သည့် ၁၉ နှစ်အောက် မြို့နယ်ဖလားတွင် အခြားအုပ်စုများ ပါဝင််ကစားလိုသဖြင့်ယင်းဘောလုံးပွဲစဉ် စီစဉ်ပြီးဖြစ်၍ သတ်မှတ်ထားသောအချိန်နှင့် အမည်စာရင်းမသွင်းနိုင်၍ ထပ်မံသွင်းခွင့်မရသော အသင်းများရှိသည်ဟု သိရသည်။