” အမျိုးသမီးနဲ့ကလေးတွေကိုု အကြမ်းဖက်ရင် တကယ့်ကို ထိထိရောက်ရောက်နဲ့ အရေးယူဖို့ အမျိုးသမီးနဲ့ ကလေးတွေကို ကာကွယ်ပေးတဲ့ဥပဒေလည်း အမြန်ဆုံး ပြဌာန်းဖို့လိုတယ်။ တချို့ ဥပဒေတွေရှိတယ်။ ဒါပေမဲ့ ခုလောလောဆယ် ကျွန်မတို့ပြန်ကြည့်လိုက်မယ်ဆိုုရင် ပြစ်မှုဆိုင်ရာဥပဒေထဲမှာ အမျိုးသမီးတွေကိုု ကာကွယ်ပေးမှုက အားနည်းနေသေးတဲ့ဟာမျိုးတွေရှိတယ်။”