spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

နေအိမ်တစ်လုံးတွင် အက်ဖီဒရင်းဟု ယူဆရသောအဖြူရောင်အမှုန့် အလေးချိန် (၈၁၅) ဂရမ်ကိုတွေ့ရှိ

Author

Date

Category

ဒွေးအယ်ခူ

မူးယစ်တပ်ဖွဲ့စုု(၂၀)လွိုင်ကော်မှ ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး (မြောက်) ကျေးရွာရှိခင်စိုးမြင့်(ခ) မီးမီး (ခ) ပဒေါင်မ၏နေအိမ်အားမူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရမူးယစ်တပ်ဖွဲ့စု(၂၀) လွိုင်ကော်၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် (၃၉/၂၀၁၈) ဖြင့် ဝင်ရောက် ရှာဖွေခဲ့သည်။

ထို့သို့ရှာဖွေရာခင်စိုးမြင့်၏ အိပ်ခန်းဝဲဘက်ထရံတွင် ချိတ်ထားသောအနီရောင်လွယ်အိတ်ထဲမှ တိတ်အကြည်ဖြင့် ပတ်ထားသောအမဲရောင် ကြွပ်ကြွပ်အိတ်အထုပ်အတွင်းစိတ်ကြွရူးဆေးပြားထုတ်လုပ်ရာတွင် ရောစပ်အသုံးပြုသည့် အက်ဖီဒရင်းဟုယူဆရသောအဖြူရောင် အမှုန့်အလေးချိန် (၈၁၅) ဂရမ်ခန့်ပါ အထုပ် ၁ ထုပ်အားတွေ့ရှိခဲ့ရကြောင်းသိရှိရသည်။

ဒီဇင်ဘာလ ၂ဝရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာနေဦးမောင်ကျော်မှ လာရောက်ပို့ဆောင်ပေးသော ပစ္စည်းများဖြစ်ကြောင်းသိရှိရပြီးသက်သေများရှေ့တွင် ခင်စိုးမြင့် မှ အပ်ပေး၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပါသည်။

သို့ဖြစ်၍ အက်ဖီဒရင်းများနှင့်အတူတွေ့ရှိသူခင်စိုးမြင့် (ဘ) ဦးစိုးထွန်း (၃၂)နှစ်၊ အက်ဖီဒရင်းများပို့ဆောင်ပေးသူမောင်ကျော်(ခ) အောင်ကျော် (ဘ) ဦးပန် (ဖမ်းမမိသေး)တို့နှစ်ဦးအားမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူပေးပါရန်မူးယစ်တပ်ဖွဲ့စု(၂၀) မှ ဒုရဲအုပ်မျိုးမင်းဆွေ တိုင်တန်းခဲ့ကြောင်းလွိုင်ကော်မြို့မရဲစခန်းမှ သိရှိရသည်။

spot_img
spot_img

Recent posts