ပင်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ တရုတ်ကုမ္ပဏီနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ Global South Industrial Co.ltd က စက်မှုဇုန်အပိုင်း(၂) မှာ လာရောက်ရင်းနှီးမြှုပ်နှံရာမှာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်တာမရှိဘူးလို့ဆိုပါတယ်။
အဲ့ဒါကြောင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကယားပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမမှာ ကြားနာမှုပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီကုမ္ပဏီက စက်မှုဇုန်အပိုင်း(၂)မြေနေရာမှာ သတ္တုသန့်စင်စက်ရုံတည်ဆောက်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် လယ်ယာမြေ တစ်ဧကကို သိန်း(၈၀)နဲ့ ၁၁၃ ဧကကို တောင်သူဆီက ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။