spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ်ရှိ ဒေါတဟေးကျေးရွာအတွင်း လမ်းများဆောက်လုပ်ပေးရန် တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ်ရှိ ဒေါတဟေးကျေးရွာမှ ဒေသခံများက ကျေးရွာအတွင်း သွားလာရေးလမ်းများ ဆောက်လုပ်ပေးရန် လိုအပ်သဖြင့် သက်ဆိုင်ရာကို တောင်းဆိုလိုကြောင်း ရွာမိရွာဖတစ်ဦးဖြစ်သည့် ဦးတီရယ်က ပြောသည်။

“ ကျွန်တော်တို့ကျေးရွာက ကြီးလည်းကြီးတယ်။ ကျေးရွာထဲလည်း သွားလာဖို့ ခက်ခဲတယ်။ ကျွန်တော်တို့ သား၊သမီးတွေ ကျောင်းသွားဖို့လမ်းတွေဆိုရင် နွေဆို ဖုံတွေအရမ်းများတယ်။ မိုးရာသီဆိုရင် ဗွက်တွေပဲ။ တစ်ခါတလေ ကျွန်တော်တို့ သား၊သမီးတွေ ကျောင်းသွားဖို့ အရမ်းပျင်းသွားတယ်။ လမ်းအရမ်းဆိုးတော့လေ။ အဲ့ဒါကြောင့် ပညာရေးမှာ အများကြီး ဆုံးရှူံးသွားတယ်။” ဟု ၎င်းက ပြောသည်။

ကျေးရွာအတွင်းလမ်းသည် မိုးရာသီအချိန်တွင် သွားလာရန် ကျောင်းဆရာ၊မများနှင့် ကျောင်းသားများအတွက် အလွန်ခက်ခဲသောကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ဦးမာကုက ပြောသည်။

“မိုးတွင်းဆို ကျတော်တို့ ဆရာ၊မတွေအတွက် ရွာသားတွေအတွက် သွားလာရေး အခက်အခဲ ရှိပါတယ်။ မိုးတွင်းဆို သူတို့ ခါးထောက်ကြိုက်ပြီး လာရတယ်လေ။ ဆိုင်ကယ်ကို ဟိုးရွာပြင်မှာ ထားခဲ့ပြီးတော့ လာရတယ်။ ဆိုင်ကယ်ကလည်း များတယ်ကော ကျတော်တို့ ရွာအနေနဲ့ ရွာစောင့်ပေါ့ တစ်ရက်ကို တစ်အိမ်၊တစ်အိမ် ကျောင်းဆရာမတွေအတွက် သွားစောင့်ပေးရတယ်။” ဟု ၎င်းက ပြောသည်။

ကျေးရွာအတွင်း သွားလာရေးလမ်းများမှာ မိုးရာသီ ကလေးများ ကျောင်းတက်ချိန်တွင် အလွန်ခက်ခဲသဖြင့် ကလေးသူငယ်များ ကျောင်းသွားရန်အတွက် ပျင်းရိခြင်းများ ရှိလာသည့်အတွက် ကျောင်းဆက်မတက်တော့ပဲ နားသွားခဲ့သည့် သူများလည်း ရှိသောကြောင့် သား၊သမီးများ ပညာရေးတွင် အလွန်နစ်နာသည့်အတွက် အမြန်ဆုံး ဆောက်လုပ်ပေးရန် တောင်းဆိုလိုကြောင်း ဦးတီရယ်က ပြောပါသည်။

ဒေါတဟေးကျေးရွာရှိ ဒေသခံများသည် အသက်မွေးဝမ်းကြောင်းအတွက် တောင်ယာ၊ လယ်ယာလုပ်ငန်းများကိုသာ အဓိက အားထားရသည့်အတွက် မူလွန်အတန်းပြီးသည့် ကလေးငယ်များက မိဘများမှ ငွေကြေးတတ်နိုင်သည့်သူများသာလျှင် မြို့ပေါ်ကျောင်းများတွင် အလယ်တန်း၊အထက်တန်းကို ပညာဆက်လက်သင်ယူနိုင်ကြသည်ဟု ဦးတီရယ်က ရှင်းပြသည်။

ဒေါတဟေးကျေးရွာသည် အိမ်ခြေ ၁၂ရ အိမ်ရှိပြီး ကျေးရွာတွင် မူလွန်ကျောင်းတစ်ကျောင်းကို အစိုးရက ဆောက်လုပ်ပေးထားသည်။

spot_img
spot_img
spot_img

Recent posts