spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းမီဒီယာတွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ

Author

Date

Category

ကရင်နီသူ ရေးသားသည်။

တိုင်းရင်းသားမီဒီယာတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို မီဒီယာအသီးသီးကနေပြီးတော့ စက်တင်ဘာလ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကြီးမှာ လာရောက်တင်ပြပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ 

တိုင်းရင်းသားဒေသရှိ မီဒီယာများမှ အစိုးရသတင်းဌာနများသို့ သတင်းအချက်အလက် သွားရောက်ရယူသည့်အချိန်သည် အခက်ခဲဆုံးဖြစ်ကြောင်း တင်ပြကြသည်။ 

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဌာနမှ ပေးလိုက်သည့် သတင်းများကို လွှင့်တင်ခြင်းမပြုလုပ်မီ ၎င်းတို့ကိုရှေးဦးစွာတင်ပြကာ ၎င်းတို့မှ တည်းဖြတ်ပြီး အဆင်ပြေသည့်အချက်အလက်များကိုသာ လွှင့်တင်ရန် ပြောဆိုခြင်းကြောင့် သတင်းဌာနများ၏ မူဝါဒနှင့် ကိုက်ညီခြင်း မရှိသည့်အတွက်ပင်ဖြစ်ပါသည်။ 

 ထို့ကြောင့် သတင်းဌာနမှ ၎င်းတို့ဌာနနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် အစိုးရဌာနသို့ ပြန်လည်ပေးပို့ခြင်းများ မလုပ်ဆောင်တော့သည့်အတွက် နောက်ပိုင်း ၎င်းအစိုးရဌာနတွင် သတင်းအချက်အလက်များ သွားရောက်ရယူရာတွင် အခက်အခဲများ ရှိလာသည်။  

̏ သတင်းထောက်တစ်ယောက် လုပ်ရတဲ့အလုပ်က တော်တော်လေး အခက်အခဲရှိတယ်ပေါ့နော။ တချို့ကကျတော့ ဝါတနာပါတယ်။ ဒါပေမယ့် မနေ့ကပြောခဲ့သလိုပေါ့ ဆွေးနွေးပွဲထဲမှာ။ မဆိုင်တဲ့ ပုဒ်မတွေနဲ့ ဒီအစိုးရတွေက စွဲတင်ပြီးတော့ သတင်းထောက်တွေကို ကြက်ဖမ်းငှက်ဖမ်းသလို သူတို့ထောင်ချမယ် ဆိုတော့ အဓိကကျတော့ စိန်ခေါ်မှုအကြီးဆုံးကတော့ အဲ့ဒါကဲပေါ့နော။˝ ဟု မွန်ပြည်နယ်အခြေစိုက် မွန်သတင်းအေဂျင်စီမှ အကြီးတန်းသတင်းထောက် မိဝံသမွန်က ဆွေးနွေးပွဲတွင်ပြောသည်။ 

လက်ရှိအစိုးရလက်ထက်တွင် သတင်းသမားများကို တရားစွဲဆိုမှုများ အများဆုံးဖြစ်ပေလိမ့်မည်။ တပ်မတော်၊ ကုမ္ပဏီလုပ်ငန်းရှင်၊ အစိုးရ စသူတို့က သတင်းသမားများအား ပစ်မှတ်ထားကာ တရားစွဲဆိုနေသည့် ပုံစံဖြစ်နေပါသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် သတင်းမီဒီယာများကို စွဲဆိုသည့်အမှုပေါင်း ၃၆ မှုရှိနေပြီဖြစ်ကြောင်းနှင့် ၎င်းအမှုများမှာ ၆၆(ဃ)၊ ၁၇(၁)၊ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ၊ နိုင်လွှတ်လုံ၊ ၅၀၅နှင့် သတင်းမီဒီယာဥပဒေ စသည့်တို့ဖြင့် စွဲဆိုခံနေရကြောင်း ̏ အသံ ˝ သုတေသနပြုအဖွဲ့မှ ဆိုသည်။ 

̏ သတင်းမီဒီယာလွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့အမှုမျိုးကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်က ဘယ်နေရာမှာရှိနေလဲဆိုတာ သိနိုင်ပါတယ်။ လက်ရှိအစိုးရလက်ထက် သတင်းမီဒီယာအမှုပေါင်း ၃၆မှုရှိပြီးတော့ သတင်းမီဒီယာသမား ၅၂ယောက် တရားစွဲဆိုခံထားရတာ ရှိပါတယ်။˝ ဟု အသံအဖွဲ့မှ Development Manager  မဇွန်ပွင့်ဖြူက ပြောသည်။ 

၎င်းအမှုများကို အစိုးရနှင့် တပ်မှစွဲဆိုမှုအများဆုံးဖြစ်ကြောင်း သိရသည်။ 

တိုင်းရင်းသားမီဒီယာများ၏ ရည်ရွယ်ချက်မှာတွင်လည်း တိုင်းရင်းသားသတင်းမီဒီယာများ၏ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများကို အကာအကွယ်ပေးသည့် ဥပဒေ၊ တရားမျှတသည့် ဥပဒေပေါ်ပေါက်လာရေးအတွက် စည်းရုံးလှုံ့ဆော်နိုင်ရမည်ဟု ပါရှိထားသည်။ ထို့ကြောင့် တိုင်းရင်းသားသတင်းသမားများ၏ လုံခြုံရေးအတွက်နှင့် ၎င်းတို့ကို အကာအကွယ်ပေးသည့် ဥပဒေ အမြန်ထွက်ပေါ်လာရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်ကျင်းပသည့် (၇)ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကြီးတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ အမှာစကားပြောကြားရာတွင် ယခင်က အစိုးရမီဒီယာများပင်ရှိနေပြီး ယခုခေတ်တွင် ပုဂ္ဂလိကမီဒီယာများ ရှိလာသည်။ 

မီဒီယာများအနေဖြင့် စတုထ္တမဏ္ဍိုင်အဖြစ်ရပ်တည်ပေးကြရန်၊ မီဒီယာများသည် လွတ်လပ်သည့်သတင်းမီဒီယာဖြစ်သည့်အတွက်နှင့် မှန်ကန်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေနေသူများဖြစ်သည့်အတွက် အစိုးရမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ကြောင်း ပြောကြားခဲ့သည်။ သတင်းသမားများ၏ လုံခြုံရေးသည်လည်း ၎င်းတို့သတင်းအမှန် ပေးသည်နှင့်သက်ဆိုင်ကြောင်း ပြောကြားသွားသည်။ 
ရခိုင်ပြည်နယ်တွင်ရှိ သတင်းသမားများသည်လည်း တိုက်ပွဲသတင်းများကို ခက်ခဲစွာရယူခဲ့ကြရပုံကိုလည်း ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနမှ သတင်းထောက်ဆောင်းဇာခြည်က ပြောပြပါသည်။

̏ သတင်းယူတဲ့အခါ ကိုယ်လိုချင်တဲ့ source တစ်ခုကို တိုက်ပွဲဖြစ်နေတဲ့နယ်မြေတွေက ပြည်သူတွေက မပြောရဲတာတွေရှိတယ်။ ကျွန်မတစ်ခါသတင်းယူဖို့အတွက် ဖုန်းဆက်တော့ ဘာပြောလဲဆိုတော့ ဦးလေးအဲ့ဒီကိစ္စပေါ်မူတည်ပြီးတော့ ပြောပြပေးပြောတော့ သူက ဘာပြောလဲဆိုတော့ သမီး အဲ့ဒါကိုဦးတို့ မပြောချင်ဘူးတဲ့၊ ဦးပြောတာ နာမည်မထည့်ဘူး၊ ဦးလေးကို လုံခြုံရေးပေးတယ် သမီးတာဝန်ယူတယ်လို့ အဲ့လိုပြောတာတောင် သူက မရဘူး။ တိုက်ပွဲအခြေအနေအရ သူတို့ကရွာထဲမှာနေနေတာများတယ်၊ အဲ့ဒီအခါ တချို့ဆိုရင် မပေါက်ကြားစေလိုတဲ့သတင်းတွေ ရှိတယ်ပေါ့။ အဲ့ဒီအခါမှာ ရွာထဲမှာနေတဲ့သူတွေက သိတယ်၊ သတင်းဌာနတွေက လှမ်းပြီးတော့ ဖုန်းဆက်သတင်းမေးတဲ့အခါမှာ အဲ့ဒီလိုပြောတာရှိတယ် အဲ့ဒီအခါ အတင်းကြီးယူလိုက်ရတာာမျိုးတွေရှိတယ်၊ သူတို့ကို အာမခံပြီးတော့မှပေါ့နော၊ အဲ့လိုအခက်အခဲတွေရှိပါတယ်။˝ 

ညီလာခံတွင် သတင်းသမားများ သတင်းယူရန် အခက်အခဲရှိသည့် အကြောင်းများကိုဆွေးနွေးသည့်အပြင် မီဒီယာများ ရေရှည်ရပ်တည်ရန် တောင်းဆိုသင့်သည့် အချက်အလက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ 

တိုင်းရင်းမီဒီယာများ ရေရှည်ရပ်တည်နိုင်ရန်အတွက် အဓိကဖြစ်သည့် အစိုးရသတင်းစာများ ရပ်ရန်လိုအပ်ကြောင်း အကြံပြုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားသတင်းစာများသည် အလှူရှင်မပါဘဲ ကိုယ်တိုင်ရပ်တည်နိုင်ရန် ကြော်ငြာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရမည်ဖြစ်သည်။ လက်ရှိတွင် တိုင်းရင်းသားသတင်းစာတွင် ကြော်ငြာမထည့်သွင်းကြဘဲ အစိုးရသတင်းစာတွင်သာ ကြော်ငြာရှင်များက သွားရောက်ထည့်သွင်းကြသည့်အတွက်ကြောင့် ပုဂ္ဂလိကသတင်းစာများ တစ်စောင်ပြီးတစ်စောင် ရပ်နားခဲ့ရကြောင်း ပြောဆိုဆွေးနွေးခဲ့ကြသည်။ 

တိုင်းရင်းမီဒီယာညီလာခံအပြီး တက်ရောက်လာသူများဆွေးနွေးချက်အရ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် တောင်းဆိုချက်(၆)ချက်ပါရှိသည်။ ၎င်းတို့မှာ သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေအမြန်ဆုံး ပြဌာန်းရန်၊ မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသားဘာသာပြန်ဆိုရန် ထုတ်ဝေရန်၊ မီဒီယာပံ့ပိုးသူများအနေဖြင့် ဒေသအခြေစိုက်သတင်းဌာနများသို့ နည်းပညာပိုင်း ဘဏ္ဍာရေးအပိုင်းဆက်လက် ကူညီရန်၊ အစိုးရမှ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်သည့် မူဝါဒများချမှတ်ကာ မီဒီယာအပါအဝင် ပြည်သူများသိရှိနိုင်ရန် ပွင့်လင်းစွာချမှတ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပါဝင်ပတ်သက်သူများ၏ အစုအဖွဲ့အသီးသီးတွင် မီဒီယာမူဝါဒကို တရားမျှတစွာ ချမှတ်ပြဌာန်းရန်၊ ၂၀၂၀ရွေးကောက်ပွဲတွင် သတင်းရယူခွင့်အတွက် နယ်မြေကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာရယူခွင့်ရှိရန် တောင်းဆိုခဲ့ကြသည်။

spot_img
spot_img
spot_img

Recent posts