spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

MCH မိခင်နှင့်ကလေးကျန်းမာရေး coordinator ဦးအီဇကို ကို COVID – 19 နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) မှ MCH မိခင်နှင့်ကလေးကျန်းမာရေး coordinator ဦးအီဇကို ကို ကန္တာရဝတီတိုင်း(မ်) မှ COVID – 19 နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။

အန်ထော်နီ

မေး။ ။ ကယားပြည်နယ်မှာ covid မတွေ့ဘူးလို့ အစိုးရက ထုတ်ပြန်ထားတယ် ဆရာတို့ကော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်တို့ကတော့ မတွေ့ဘူးဆိုတဲ့အပေါ်မှာ အပြည့်အဝကြီးတော့ မဟုတ်ဘူးပေါ ကျနော်တို့ကလည်း အကုန်လုံး မစစ်ဆေးနိုင်ဘူးပေါနော် အကုန်လုံးမစစ်ဆေးနိုင်တော့ မရှိတာကတော့ ကောင်းတာပေါလေး ဒါပေမယ့် ရှိရဲ့သားနဲ့ ကျနော်တို့မဖော်ထုတ်နိုင်ရင်တော့ အဲ့တာက အန္တာရာယ်များတယ်ပေါ။

လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) မှ MCH မိခင်နှင့်ကလေးကျန်းမာရေး coordinator ဦးအီဇကို

မေး။ ။ နယ်စပ်ဖက်ကနေ ပြန်လာတဲ့သူကို စစ်ဆေးမှုတွေပြုလုပ်နေပေမဲ့ စိတ်ချမှု ရှိတယ်လို့ မြင်ပါသလား။

ဖြေ။ ။ အခုကတော့ ဘယ်သူကိုမှတော့ စိတ်ချလို့တော့ မရဘူးပေါနော် ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ သတ်မှတ်ထားတဲ့ အစိုးရပဲဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့ကပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ Qurantine Center ကို မဝင်လာပဲနဲ့ နယ်စပ်ဖြတ်လမ်းကနေ ဖြတ်ကျော်လာပြီးတော့ ဝင်လာတဲ့သူတွေက အများကြီးရှိတယ်လေး အဲ့ဒီလူတွေကလည်း ကျနော်တို့ စစ်ဆေးချက်ဘာမှမလုပ်နိုင်တဲ့ခါကျတော့ အန္တာရာယ်တော့များတယ်ပေါ စိန်ခေါ်မှုတစ်ခုပေါ။

မေး။ ။ အစိုးရက မစစ်ဆေးနိုင်တဲ့သူတွေကို CHDN အနေနဲ့ ဘယ်လို ဆောင်ရွက်ပေးနေတာတွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ဖက်ကနေပြီးတော့ လုပ်ထားတာတော့အများကြီးမရှိဘူး ဒါပေမယ့် တစ်ချို့ကတော့ ကျနော်တို့ သိတဲ့ဟာတွေကျတော့ အစိုးရကျန်းမာရေးဌာနကို ပြန်ပြီးတော့ အကြောင်းကြားပေးတာတွေ ရှိတယ်။ ဘာလက္ခဏာမှ မပြရင်တော့ စောင့်ကြည့်တာပေါ အရင်တုန်းက ပြီးခဲ့တဲ့လတုန်းကလည်း ကျနော်တို့တွေ့ပါတယ် လက္ခဏာ ဆိုတာက နှာစေးချောင်းဆိုး၊ အဖျားတက်တာတွေ အဲ့တာကျနော်တို့က ခေါ်ပြီးတော့ မြို့နယ်ကျန်းမာရေးဌာကို ပြန်လွဲတဲ့လူတွေရှိတယ် ပြန်လွဲပေးတာတွေရှိပါတယ်။

မေး။ ။ ကယားပြည်နယ်ရဲ့ COVID ကာကွယ်ထိန်းချုပ်မှုကို အားရကျေနပ်မှုရှိလား။

ဖြေ။ ။ တချို့က အားရကျေနပ်မှုရှိလားဆိုတော့ ကျနော်တို့က ခုနကတစ်ခုရှိတာက Positive မရှိသေးဘူးလို့ ဖြစ်တဲ့ခါကျတော့ ပေါ့ဆကြတယ်ပေါလေ ကျနော်တို့လူထုကော ကျနော်တို့ဌာနဆိုင်ရာတွေကလည်း ဖြစ်မလာသေးတော့ ထိန်းချုပ်မှုပိုင်းတွေမှာ အများကြီးတော့လိုပါသေးတယ် ပြည့်ပြည့်စုံစုံရယ်တော့ မဟုတ်ဘူးပေါနော် နည်းနည်းအားနည်းချက်တွေတော့ ရှိပါတယ်။

မေး။ ။ CHDN အနေနဲ့ကော Covid ကာကွယ်ထိန်းချုပ်မှုအတွက် ဘာတွေဆောင်ရွက်ထားရှိလဲ။

ဖြေ။ ။ ကျနော်တို့ CHDN ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တချို့ဂိတ်တွေထိုင်ပါတယ်။ ထိုင်တယ်ဆိုတာက ကျနော်တို့ လာတဲ့လူတွေကို အဖျားတွေတိုင်းတယ် ကျန်းမာရေးတွေစစ်ဆေးတယ် အကယ်၍အဲ့ဒီမှာ သံသယလူနာရှိရင်တော့ လွဲပြောင်းမှာပေါ ဒါပေမယ့် ဒီဟာတွေကတော့ အများကြီးမတွေ့ရသေးပါဘူး စစ်ဆေးတဲ့ထဲမှာ သံသယရှိတဲ့လူနာတွေ မရှိသလောက်ဖြစ်နေတာပေါ။

မေး။ ။ လက်ရှိမှာ အစိုးရဖက်က QURANTINE တွေဖြေလျှော့ထားတဲ့အတွက်ကြောင့် ပြည်သူတွေက ဘယ်လိုဆင်ခြင်သင့်လဲ။

ဖြေ။ ။ အရင်တုန်းကဆိုရင် ၂၁ ရက် ပြီးတော့ ၂၈ ရက်ပေါနော် အဲ့လိုတိုးလာတဲ့အချိန်မှာမှ ကျနော်တို့က qurantine center ကိုထပ်ပြီးတော့ ဖြေလျှော့လိုက်တာကတော့ တကယ်ဖြစ်လာရင် အများကြီး ရင်ဆိုင်ရမှာပေါလေ အန္တရာယ်တော့ရှိတာပေါနော် ဖြစ်လာရင်တော့ ကျနော်တို့ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာနိုင်တာပေါနော်။

မေး။ ။ ကျောင်းတွေပြန်ဖွင့်ရင် ဆရာ/မ တွေနဲ့ ကျောင်းသူ/သားတွေ ဘယ်လိုဆောင်ရွက်သင့်လဲ။

ဖြေ။ ။ ကျောင်းနဲ့ပတ်သက်လာရင်တော့ ခုနကကျနော်ပြောသလိုမျိုးပေါ အရင်ကတော့ ၃ ပေအကွာ အခုက ၆ ပေအကွာပေါနော အဲ့တော့ ၆ ပေအကွာမှာမှ ကျနော်တို့ mssk တပ်မှ ပညာသင်ရမယ်ဆိုတော့ အများကြီးတော့ အခက်အခဲရှိမှာပေါနော် ကလေးတွေက တစ်နေကုန်သင်ရမယ်ဆိုတော့ ဘယ်သူမှ mask မတပ်နိုင်ဘူးလေး တစ်နာရီနှစ်နာရီအတွင်းဆိုတော့ တစ်မျိုးပေါနော် ကျောင်းတက်တယ်ဆိုတာက သင်ခန်းစာက တစ်ရက်လုံးသင်ရမယ်ဆိုတော့ အန္တာရယ်ရှိနိုင်ပါတယ် ရှိနိုင်တယ်ဆိုတာက ရေားဂါပိုးကူးစက်နိုင်တဲ့ အခွင့်အလမ်းရှိသလို ကျနော်တို့ပညာသင်တဲ့အခါ mask ဆိုတာ ခဏလေးပဲ တပ်လို့ရတဲ့မျိုးပဲလေး တစ်နေကုန် ကျနော်တို့တပ်လိုက်ရင် ကျနော်တို့ ထုတ်လိုက်တဲ့ လေထုလေညစ်တွေက ကိုယ်ပဲပြန်ရှုတဲ့ခါကျတော့ တစ်နေကုန်တပ်ဖို့ဆိုတာ ဘယ်လိုမှတော့ မဖြစ်နိုင်ဘူးပေါ။

မေး။ ။ ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ covid နဲ့ပတ်သက်လို့ ဘယ်လိုမျိုးအကြုံပြုချင်လဲ။

ဖြေ။ ။ ကျောင်းကိစ္စပညာရေးနဲ့ပတ်သက်တာကတော့ ပညာရေးဆိုတာက အရေးကြီးပါတယ် လူ့ဘဝမှာလည်း ပညာရေးကအရေးကြီးသလို ကျန်းမာရေးကလည်း အရေးကြီးတာပေါနော် ဒါပေမယ့် ပညာရေးဆိုတာက ဒီနှစ်မသင်လိုက်ရလို့ နောက်တစ်နှစ်ပြန်တက်လို့ရတယ်ပေါနော် ကျန်းမာရေးက ဖြစ်လာလိုက်ရင်တော့ ဒီနှစ်မကာကွယ်သေးဘူး နောက်နှစ်မှကာကွယ်မယ်ဆိုတဲ့ဟာက ကျန်းမာရေးမှာက မရှိဘူးလေး ပညာရေးက အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ပျက်သွားလို့ နောက်တစ်နှစ်မှာ ပြန်တက်လို့ရတယ်ပေါ အဲ့တော့ ပညာရေးထက် ကျနော်တို့ ကျန်းမာရေးကိုပိုဦးစားပေးပြီးတော့ ဖွင့်သင့်မဖွင့်သင့် ဆိုတဲ့ဟာကို စဉ်းစားပြီးတော့ ဆုံးဖြတ်ရင်ကောင်းတယ်ပေါ။

မေး။ ။ CHDN အဖွဲ့အစည်းက ဘယ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြသလဲ။

ဖြေ။ ။ ကျနော်တို့ကယားပြည်နယ် ၇ မြို့နယ်လုံးမှာရှိပါတယ် အထူးသဖြင့် ဝေးလံခေါင်ဖျား အစိုးရ လက်လှမ်းမမီတဲ့နေရာမျိုးမှာ ပိုပြီးတာ့ ရပ်တည်ပါတယ် အဲ့တာအပြင် ကျနော်တို့ ကယားပြည်နယ်ရဲ့အပြင်ဖက်ပေါနော် ဖယ်ခုံမြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ နေပြည်တော်ကောင်စီတို့ အားလုံးမြို့နယ်အားလုံး ၁၀ ခုပေါနော် ကယားပြည်နယ်က ၇ မြို့နယ် နောက်ပြီးတော့ ကျန်တဲ့ ၃ မြို့နယ်က ကယားပြည်နယ်ရဲ့အပြင်ဖက်ပေါ။

မေး။ ။ တခြားထပ်ပြီးတော့ ဖြည့်စွက်ပြောချင်တာတွေ ရှိသေးလား။

ဖြေ၊ ။ နောက်ထပ်ပြောချင်တာကတော့ ဒီရောဂါကတော့ လောလောဆယ်ကတော့ ပျောက်မယ့်အနေအထား မရှိဘူးပေါလေး အဲ့တော့ ကာကွယ်ရေးက အဓိကဖြစ်နေတယ်ပေါနော။ ဒါကြောင့် ကျနော်တို့ ကာကွယ်ရေးလုပ်ငန်းကို ပိုမိုကျယ်ပြန့်အောင် လုပ်ဖို့ပဲ လိုပါတယ်နော် လူထုတစ်ဦးချင်းစီက ကာကွယ်မှရမယ်ဆိုတဲ့ အသိပညာက အများကြီးလိုပါသေးတယ် လူထုတွေက ရောဂါဖြစ်မှ သိရတဲ့ဟာမျိုး မဟုတ်ပဲနဲ့ ရောဂါမဖြစ်ခင်မှာ ကာကွယ်ဖို့အ ရေးကြီးတယ်ဆိုတဲ့ အသိပညာကို ကျနော်တို့ အများကြီးပေးဖို့ လိုပါတယ်။

spot_img
spot_img

Recent posts