spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးကာလအတွင်း Mobye Local PDF တပ်ရင်းမှာ ကျဆုံးတပ်ဖွဲ့ဝင် ၈ဦးရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်တဲ့ Mobye Local PDF တပ်ဖွဲ့ဟာ တပ်ရင်းအဖြစ် ရပ်တည်လာခဲ့တာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ကျဆုံးတပ်ဖွဲ့ဝင် ၈ ဦးရှိတယ်လို့ ယမန်နေ့က စက်တင်ဘာလ ၂၄ ရက်နေ့မှာ Mobye Local PDF ကအသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ၈ဦးဟာ တပ်ရင်းတစ်ရင်းအဖြစ် မရပ်တည်ခင် ၄ဦး နဲ့ တပ်ရင်းအဖြစ်ရပ်တည်ပြီးတဲ့နောက် တစ်နှစ်အတွင်း ၄ဦးရှိခဲ့တယ်လို့ သိရပါတယ်။

Mobye Local PDF တပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးစတင်ကတည်းက မိုးဗြဲရဲစခန်းသိမ်းတိုက်ပွဲအပါအဝင် မိုးဗြဲတိုက်ပွဲပေါင်းများစွာမှာ ပါဝင်လှုပ်ရှားခဲ့ပေမဲ့ ဒေသခံအဖွဲ့အစည်းအဖြစ် ပြန်လည်ရပ်တည်တာ တစ်နှစ်သာရှိသေးတယ်လို့ ဆိုပါတယ်။

ကျဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြည်သူနဲ့တစ်သားတည်းရှိပြီး မဟာမိတ်ညီနောင်တို့နဲ့ပူးတွဲကာ တော်လှန်ရေးကြီးပြီးဆုံးသည့်တိုင်အောင် တိုက်ပွဲဝင်သွားမယ်လို့ Mobye Local PD က ဆိုထားပါတယ်။

spot_img
spot_img

Recent posts