spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ် အိမ်ထောင်စုကိုင်ဆောင်သူတွေဟာ ထောက်ခံစာနဲ့ တောင်ကြီး ရုံးခွဲမှာ ပတ်စပို့ လျှောက်လို့ရတယ်လို့ စစ်ကောင်စီထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် အိမ်ထောင်စု စာရင်းဝင်သူတွေဟာ ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် တွေရဲ့ ထောက်ခံစာနဲ့ တောင်ကြီးရုံးခွဲမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးရုံး website စာမျက်နှာကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ထုတ်ပြန်ခဲ့ပါတယ်။

၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း လွိုင်ကော်မြို့မှာ နိုင်ငံကူးလက်မှတ်ထုတ်မပေးနိုင်တော့ပဲ ၅ လကျော်အကြာမှာ အခုလို ပြန်လည်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ဒီလို ဆောင်ရွက်လာတဲ့အပေါ် လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ပြည်နယ် အစိုး ရရုံးက ထောက်ခံစာ ကတော့ သာမာန် သူတွေ သွားလို့ လွယ်မယ်ထင်တယ်။ စစ်ဌာန ချုပ်က တော့ တပ်သား သမီးတွေ အတွက် စီစဥ်ပေးတာ ဖြစ်မယ်။” လို့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ကို အခုလို ပြန်လည်ခွင့်ပြုလိုက်ပေမယ့် အဲဒီလက်မှတ်အတွက် smart card ကတ်ပြုလုပ်ဖို့လည်း မှတ်ပုံတင် ၂/ ကိုင်ဆောင်သူအတွက် ခက်ခဲနေတယ်လို့ ‌လွိုင်ကော်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပက်စပို့ လျှောက်ဖို့ ဆို smart card လိုတယ်တဲ့ အဲ့ဒါက မရသေးဘူး ဘယ်လို လျှောက်ရမလဲ ဆိုတာလဲမသိဘူး ။ အဲ့ဒီတော့ မလွယ်သေးပါဘူး။” လို့ သူမက ပြောပါတယ်။

Smart card တွေကို စစ်‌ရှောင်တွေအတွက် ဘုန်းကြီးကျောင်း အချို့နဲ့ ရပ်ကွက်ရုံး အချို့တွေမှာ ပြုလုပ်ပေး ကြောင်းသိရပြီး တချို့ကလည်း စစ်မှုထမ်းဖို့အတွက် အချက်အလက်ပါသွားမည်ကို စိုးရိမ်တဲ့အတွက် မပြုလုပ်ရဲကြသူတွေလည်း ရှိနေပါတယ်။ လက်ရှိမှာတော့ Smart Card ကို မြို့နယ် စုပေါင်းရုံး‌တွေမှာ ပြုလုပ်နိုင်သေးတယ်လို့ Non-CDM ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

“သွား လုပ်သေးတယ် ရတာတော့ရတယ်။ ဒါပေမဲ့ သူတို့ ဝန်ထမ်းတွေက ၂/ ဆို အရမ်းဆူတာ ထုံအနေတာပဲတို့ ဘာတို့ ရှက်ပေမဲ့ မလုပ်မဖြစ်မို့ လုပ်ခဲ့ပါတယ်။”လို့ smart card ကိုယ်တိုင်သွား လုပ်ခဲ့သူ အမျိုးသမီး တစ်ဦးက သူကြုံတွေ့ခဲ့ရတာကို ပြန်လည်ပြောပြပါတယ်။

လက်ရှိနိုင်ငံကူး လက်မှတ်ပြုလုပ်ဖို့ တရားဝင် စစ်ကောင်စီသတ်မှတ်ထားတဲ့ စျေးနှုန်းတွေဟာ မြန်မာကျပ်ငွေ ၄ သောင်းခန့်သာ ရှိသော်လည်း ပွဲစားတွေကနေတဆင့် ပြုလုပ်ယူမည်ဆိုပါက ၂ သိန်းအထိ ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

ယခင်က တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ အချိန်တွေမှာ ၂/ ကိုင်ဆိုင်သူတွေ ပတ်စပို့ရဖို့အတွက် ငွေကျပ် သိန်း ၂၀ အထိ အကုန်ကျခံပြီး ပြုလုပ်နေကြရတယ်လို့ သိရပါတယ်။ အခုလို ပြန်လည်ခွင့်ပြုလိုက်ပေမယ့် မှတ်ပုံတင် ရရှိဖို့ကလည်း အခက်အခဲဖြစ်နေသေးတယ်လို့ သိရပါတယ်။

“တိုက်ပွဲကြောင့် ပြေးရင်းလွှားရင် မှတ်ပုံတင် ပျောက်သွားတဲ့လူတွေ အများကြီးရှိတယ်။ အခုက သူတို့ ပတ်စပို့လုပ်ဖို့ မှတ်ပုံတင်က ဘယ်မှာ သွားပြန်လုပ်ရမလဲမသိဘူဖြစ်နေတယ်။ မှတ်ပုံတင်ရဖို့က ပတ်စပို့ရဖို့ထက် ပိုခက်နေတယ်။” လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ကို မေလ ၁ ရက်နေ့မှာ စတင်ပြီးတော့ ရက်ချိန်းပြန်လည်ရယူနိုင်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူတွေ ပိုမိုများပြားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts