spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7934 POSTS
0 COMMENTS

ဒီကနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက် ကျဆုံးမှုရှိ၊ နေအိမ်တချို့ မီးလောင်

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့မှာ စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF၊ KAပူးပေါင်းတပ်တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဖက် (၄)ဦးသေဆုံး ခဲ့တယ်လို့ KNDFသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ခြောက်မိုင်ရှိနေအိမ်တချို့ မီးလောင်သွားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက လွိုင်ကော်နဲ့ ဒီးမော့ဆို တွေမှာ အင်အားတွေ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ထီးဖိုးကလိုးကျေးရွာအုပ်စုမှာ ကိုဗစ် ၃၉ယောက်ထိ တွေ့ရှိ

ကန္တာဝတီတိုင်း(မ်) ဒီးမော့ဆို၊ ထီးဖိုးကလိုးအုပ်စုတွင် ၈လပိုင်း(၂၁)ရက်နေ့က ကိုဗစ်စတွေ့ခဲ့ပြီး လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့ရှိသူ (၃၉)ဦးအထိ ရှိပြီလို့ ကိုဗစ်ရောဂါလူနာ များကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း တစ်ဦးပြောပြချက်အရသိရပါတယ်။ "ထီးသဲကလိုးက ၃၅ ယောက် ၊ ထီးဖိုးကလိုးက ၃ ယောက် ပြီးတော့ ဖဲလျားမှာက ၁ ယောက် အကုန်လုံးပေါင်းကို...

NUGက အရေးပေါ် အခြေအနေ သတ်မှတ်တဲ့အပေါ် ကယား(ကရင်နီ) ပြည်နယ်တွင်းက လက်နက်ကိုင်နှစ်ဖွဲ့ ရဲ့ သုံးသပ်ချက်

ကန္တာရဝတီတိုင်း(မ်) စက်တင်ဘာလ (၇)ရက်နေ့ကို အမျိုးသားညီညွှတ်ရေး အစိုးရ NUGက နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအပေါ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး(၁) ခူးဒယ်နီယာယ်က အခုလိုပြောပါတယ်။ " ဒါကတော့ NUGလုပ်ရမယ့် အလုပ်ပဲပေါ့။ သူတို့ကတော့ D-Dayသတ်မှတ်မယ် ဆိုတာကို သူတို့ နကိုယ်ကတည်းက ကြေညာထားပြီးသား။...

ကယား(ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၀ ဖြစ်ပွားခဲ့

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်မှာ အာဏာသိမ်းတဲ့ကာလအတွင်းမှာ ပြည်နယ်တွင်းက ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော် တို့နဲ့ တိုက်ပွဲပေါင်း ၆၀ ဖြစ်ပွားခဲ့တယ်လို့ PKPF (သတင်းနှင့် ပြန်ကြားရေးဗျူရို) လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အကြောင်းရင်း အများစုကတော့ စစ်ကောင်စီကို ချုံခိုတိုက်ခိုက်ခဲ့တာတွေ များတယ်လို့ ကရင်နီအမျိုးသားကာကွယ်တပ် KNDFမှ ပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အခုလိုပြောပါတယ်။ "...

အဲဒိုပေါ်မီ ခေါ် (ဒီးကူ) ပွဲကို ကျေးရွာတစ်ချို့ အကျဥ်းချုပ်ပြုလုပ်

ကန္တာရဝတီတိုင်း(မ်) နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကရင်နီလူမျိုးများ၏ရိုးရာပွဲ အယ်ဒိုပေါ်မီ (ဒီးကူ) ပွဲကို Covid - 19 နှင့် နိုင်ငံရေးအ​ခြေအနေကြောင့် ယခုနှစ်မှာ​တော့အကျဥ်းချုပ်သာပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ( ၄ရက်မှ ၅ရက်)နေ့မှာတော့ ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ကျေးရွာမှာ လူနည်းစုဖြင့် အဲဒိုပေါ်မီပွဲကျင်းပခဲ့ပြီး အဓိကအစိတ်အပိုင်းဖြစ်တဲ့ ကြက်ရိုးထိုးခြင်းနှင့် ဒီးကူနှင့်ခေါင်ရည်ကို နတ်စာတင်ခြင်းကိုသာ အဓိကထားဆောင်ရွက်ကာ...

ဖယ်ခုံမှာ တောင်ယာသွားနေတဲ့ ဒေသခံနှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ကန္တာရဝတီတိုင်း(မ်) ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ရွှေပြည်အေးရပ်ကွက်က တောင်ယာသွားနေတဲ့ ဒေသခံနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာ(၄)ရက်နေ့ မနက် ၈နာရီခွဲအချိန်မှာ ဖမ်းဆီးသွားတယ်လို့ KNDFတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောပါတယ်။ ကျေးရွာအနီးအနားတွေမှာ စစ်ကြောင်းထိုးရင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းခံရသူနှစ်ဦးက ဇနီးမောင်နှံဖြစ်တဲ့ ဦးမောင်ကြီးနဲ့ ဒေါ်ဝင်းကြည်တို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အခုလို ပြည်သူတွေ ဖမ်းဆီးခံနေရတာတွေရှိတဲ့အပေါ်...

စက်တင်ဘာလ ပထမအပတ် ကယန်းဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/g0a4o8unfbwo ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဥ်စနေနေ့ည (၇) နာရီတိုင်းယခုတစ်ပတ်မှာတော့ “ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှာ ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရ” သတင်းနဲ့ “ကရင်နီပြည်နယ်မှာ ကိုဗစ်ကြောင့် နေ့စဥ်သေဆုံးသူရှိနေပြီး သြဂုတ်လအတွင်းသေဆုံးသူ ၅၅ ဦးရှိနေ” ဆိုတဲ့သတင်းနဲ့အတူ “လက်နက်ကိုင်တော်လှန်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ CDM ခေတ်လူငယ်များ” ဆောင်းပါး နဲ့...

စက်တင်ဘာလ ပထမအပတ် ကယားဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/1rgwpzdvluyg ကယားဘာသာရေဒီယိုအစီအစဉ် အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်(ကယား) မြန်မာစံတော်ချိန် သောကြာနေ့ည (၇) နာရီတိုင်း ယခုတစ်ပတ်မှာတော့ " ကရင်နီပြည်နယ်မှာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးသူရှိနေပြီး သြဂုတ်လအတွင်း သေဆုံးသူ ၅၅ ဦးရှိနေ " ဆိုတဲ့ သတင်းနဲ့ “ ဖယ်ခုံမြို့နယ် ၊ ခေါင်းအိကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ ”...

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေ ရိက္ခာဆေးဝါးတွေ လိုအပ်နေ

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် လွိုင်ကော်အရှေ့ဘက်ခြမ်း လွိုင်လင်ကျေးရွာအုပ်စုက စစ်ဘေးရှောင်တွေ ရိက္ခာဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။ “ဒီတိုက်ပွဲ ဖြစ်တဲ့အတွက် ကမန်းကတန်းပြေးလိုက်ရတဲ့အတွက် သူတို့အစားအသောက်တွေက အဆင့်သင့်မဖြစ်ဘူး။ အဲ့တာ လိုအပ်ချက်နံပါတ်၁ဖြစ်နေတယ်။ ဆေးဝါးကတော့ ကျန်းမာရေးစောင့်ရှောက်ခွင့်ကတော့လိုအပ်တယ်။ နေဖို့ထိုင်ဖို့ အဆောက်အုံတို့ လုံလောက်မှုမရှိဘူး။ အဲ့တာကြောင့်မလို့ ဒီသုံးခုကတော့ တော်တော်လိုအပ်ချက်ရှိတယ်ဗျ။ “ လွိုင်...

ပြည်တွင်းစစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး CHDN ဒါရိုက်တာ ဆရာဖိလစ်နဲ့ တွေ့ဆုံမေးမြန်းချက်

https://youtu.be/z3PpEC-9ycg ကယားပြည်နယ်မှာ တိုက်ပွဲကြောင့် ပြည်တွင်းမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ ကွန်ယက် (KCSN ) ကထုတ်ပြန်ထားပါတယ်။ လက်ရှိပြည်တွင်းက စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ ဆိုတာနဲ့ ပတ်သက်ပြီး CHDN ( Civil Health and Development Network) ဒါရိုက်တာ ဆရာဖိလစ်နဲ့...

Latest news

- Advertisement -spot_img