spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7934 POSTS
0 COMMENTS

တောင်သူများကို တရားစွဲဆိုခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ဟု အရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

ကန္တာရဝတီတိုင်း(မ်) တပ်မတော်က ဌာနေတိုင်းရင်းသားတောင်သူလယ်သမားများကို ရာဇဝတ်ကောင်များကဲ့သို့ တရားစွဲနေခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း ကယား(ကရင်နီ) ပြည်နယ် အတွင်းက လူမှုအသင်းအဖွဲ့ ၂၆ ဖွဲ့ စုပေါင်းပြီး ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က "မြေယာနဲ့ပတ်သက်ရင်လည်းအများကြီးပဲ ကျနော်တို့စာတင်ထားတာရှိတယ်။ ထိရောက်တဲ့အရေးယူမှုလည်း ဘာတခုမှမရှိဘူး။...

ယခုအချိန်အထိ မပျော်နိုင်ကြသေးသူများ

ဖဲဘီး ရေးသားသည်။ ရာသီဥတုသာယာတဲ့ ညနေခင်းတစ်ခုဖြစ်သည့်အလျောက် လေကလေးက တဖြူးဖြူးနှင့် တိုက်နေတဲ့အတွက် နေလို့ထိုင်လို့ အတော်ကောင်းမွန်တဲ့ အချိန်အခါဖြစ်သော်လည်း ရွာသားတွေရဲ့ မျက်နှာပေါ်မှာတော့ သာယာပျော်ရွင်တဲ့ အရိ်ပ်အယောင် မတွေ့ရပါဘူး။ မကျေမနပ် ခံစားရခက်တဲ့မျက်နှာ၊ အားကိုးရာမဲ့ ဝမ်းနည်းမှုတွေ၊ မျော်လင့်ချက်မဲ့ ပူဆွေးသောကတွေကိုသာ တွေ့မြင်နေရပါတယ်။ အဲဒီနေ့ကတော့ ဇွန်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့ ...

CBT လုပ်ငန်းတွေမှာ CSOs တွေရဲ့ အသံကို နားထောင်ပေးပါ

ကယားပြည်နယ်ရဲ့ CBT (Community Base Tourism) လူထုအခြေပြုခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်တည်းက လုပ်ဆောင်နေတာ အခုဆိုရင် ၅နှစ်တာ ခရီးကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ၅နှစ်အတွင်း အစိုးရနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်ချက်၊ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ချက် တွေမှာ အားတက်စရာကိစ္စရပ်တွေရှိသလို အချို့လုပ်ဆောင်ချက်တွေမှာလည်း အားနည်းချက်တွေကို တွေ့နေရပါတယ်။ အားကောင်းချက်တွေက ဒေသခံတွေအနေနဲ့ အလုပ်အကိုင်တွေအပြင် အပိုဝင်ငွေတွေရလာတာတွေ၊ အတွေ့အကြုံအသစ်တွေ၊ ဗဟုသုတအသစ်တွေ၊ ကိုယ့်ရိုးရာဓလေ့သမိုင်းကို ဖော်ထုတ်ခွင့်တွေ ရရှိလာတာပဲဖြစ်ပါတယ်။ အားနည်းချက်တွေအနေနဲ့ကတော့ တစ်ချို့ကျေးရွာတွေမှာ...

အဖိုးမဖြတ်နိုင်တဲ့ သမိုင်းမွေအနှစ်များရှိရာယဉ်ကျေးမှု ပြတိုက်သို့…

မော်ဦးမြာ ရေးသားသည်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ကယား(ကရင်နီ) ပြည်နယ် ယဉ်ကျေးမှုပြတိုက်ရဲ့ အဆောက်အဦးထဲကိုဝင်လိုက်တာနဲ့ တံခါးဝရဲ့ ညာဖက်ခြမ်းမှာကယား(ကရင်နီ) မျိုးနွယ်စုတစ်ခုချင်းစီရဲ့ ခေတ်သစ်၊ခေတ်ဟောင်းရိုးရာဝတ်စားဆင်ယင်မှုတွေကိုအမျိုးသား၊ အမျိုးသမီးအလိုက် ပြသထားပြီးမျိုးနွယ်စုဝင် တစ်ခုချင်းစီရဲ့ ဝတ်စားဆင်ယင်မှုကိုစာနဲ့တကွ ရှင်းပြထားတာကိုတွေ့ရမှာပါ။ ဝတ်စားဆင်ယင်မှု ပြခန်းရဲ့ အလယ်ဗဟိုမှာဝင်လာသူတွေကိုဆွဲဆောင်စေမဲ့ ကြေးကွင်းပတ် ကယန်းအမျိုးသမီးတစ်ဦးယက်ကန်းယက်နေတဲ့ပုံကိုခင်းကျင်းပြသထားပါတယ်။ အဲ့ဒီယဉ်ကျေးမှုပြတိုက်ဟာလွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်မှာတည်ရှိပါတယ်။ ဒီပြတိုက်လေးရဲ့ တည်နေရာကတော့ ချောင်ကျတဲ့နေရာလို့ ဆိုရမဲ့အပြင် လူဝင်လူထွက် နည်းပါးနေတာကြောင့် ဖွင့်နေသလား၊ ပိတ်နေသလားဆိုတာကိုတော့ ကြည့်လိုက်ရုံနဲ့ ခန့်မှန်းရခက်နေပါတယ်။ တကယ်တော့ ဒီယဉ်ကျေးမှုပြတိုက်ကိုတနလာင်္နေ့နဲ့ အစိုးရရဲ့...

အသံတိတ်ဆန္ဒပြရာတွင် စစ်တပ်/တပ်မတော် ဟု အသုံးပြုခွင့်မရ

ကရင်နီသူ ယနေ့ ဒီးမော့ဆိုမြို့တွင် လူငယ်များ အသံတိတ်ဆန္ဒပြပွဲပြုလုပ်ရာတွင် စစ်တပ် (သို့) တပ်မတော် ဆိုသည့် စကားလုံးကို အသုံးပြုခွင့်မရသည့် အတွက် တိတ်အနီရောင်များဖြင့် ၎င်းစကားလုံးကိုပိတ်ပြီး ဆန္ဒပြနေကြသည်ကို တွေ့မြင်နေရပါသည်။ ̏ ဒီအနောက်မှာ ကျွန်တော်တို့ဖုံးထားတဲ့ဟာက သူတို့ကန့်ကွက်တဲ့ဟာပါ။ သူတို့ဖြုတ်ခိုင်းတဲ့ဟာပါ။ ကျွန်တော်တို့ကမဖြုတ်ချင်ဘူး။ ကျွန်တော်တို့က စစ်တပ်တွေကျွန်တော်တို့ သိမ်းထားတဲ့မြေတွေကို ပြန်လည်စွန့်လွတ်ဖို့...

ဌာနေတိုင်းရင်းသားစာပေ နှီးနှောဖလှယ်ပွဲ တားဆီးပိတ်ပင်ခြင်းသည် ဥပဒေချိုးဖောက်ရာရောက်ဟု KNPP ပြော

ကန္တာရဝတီတိုင်း(မ်) ဌာနေတိုင်းရင်းသားတို့၏ စာပေနှီးနှောဖလှယ်ပွဲကို ပြည်နယ်အစိုးရမှ တားဆီးပိတ်ပင်ခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါသည်။ "တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာ ဒီအစိုးရလက်ထက်မှာ ထုတ်ပြန်ပြဌာန်းခဲ့တဲ့ ဥပဒေ။ ဒီဥပဒေထဲမှာပါတဲ့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိတဲ့ ကိစ္စကို အစိုးရက တားတယ်ဆိုတာ လုံးဝအဓိပ္ပါယ်မရှိဘူး။ သူတို့ပြဌာန်းထားတဲ့...

တပ်သိမ်းမြေကိစ္စနှင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အသံတိတ် ဆန္ဒပြပွဲပြုလုပ်ရန်ရှိ

ကန္တာရဝတီတိုင်း(မ်) ဇူလိုင်လ ၄ ရက်နေ့တွင် ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့တွင်း တပ်သိမ်းမြေကိစ္စနှင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အသံတိတ်ဆန္ဒပြရန် ရှိသည်ဟု ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် ခွန်းလှမင်းထွေးထံမှ သိရသည်။ ဒီးမော့ဆိုမြို့နယ် ၊ (၆) မိုင်အုပ်စု ၊ ဒေါဆိုရှေ့ကျေးရွာ၊ လွိုင်ကော်မြို့နယ်၊ ချိကယ်အုပ်စု ၊ ဒေါမူကလားကျေးရွာနီင့် အနီးအနားတွင် ရှိသည့်...

Latest news

- Advertisement -spot_img