spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7934 POSTS
0 COMMENTS

သီးနှံအခြောက်ခံစက် တနိုင်ငံလုံးတွင် ကယားပြည်နယ်တွင်သာတခုတည်းထုတ်လုပ်

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ စက်မှုဇုံတွင် ထားရှိသည့် သီးနှံအခြောက်ခံစက် မြန်မာတနိုင်ငံလုံးတွင် တခုတည်းထုတ်လုပ်နေခြင်းဖြစ်သည်ဟု မြန်မာ တိုးတတ်အောင် ကုမ္ပဏီလီမိတက်မှ အဖွဲ့ဝင် ဦးခင်မောင်မြင့်က ပြောသည်။ "တစ်ဦးတည်းထုတ်နေတာပါ ကျနော်တို့ကိုစက်မှုဝန်ကြီးဌာနဝန်ကြီးက ကျနော်တို့ကိုရန်ကုန်မှာစုပြီးလုပ်ဖို့လည်းပြောပါတယ် ကျနော်တို့က ကယားပြည်နယ်မှာထုတ်ချင်လို့ထုတ်တာပါ ကျနော်တို့ ကယားပြည်နယ်ကထွက်တဲ့ပစ္စည်းဖြစ်စေချင်ပါတယ် ဒါကြောင့်ကယားပြည်နယ်မှာထုတ်တာပါ။" ဟု ဦးခင်မောင်မြင့်က ပြောသည်။ ဒေသတွင်းထွက်ရှိသည့် ပြောင်း၊...

လွိုင်ကော်မြို့တွင် SMEsဘဏ်တစ်ခုထောင်မည်

ကန္တာရဝတီတိုင်းမ် ကယားပြည်နယ်အစိုးရမှ ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ ချေးငွေအလွယ်တကူရရှိနိုင်ရန် မကြာခင်လွိုင်ကော်မြို့လယ်တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs) ဘဏ်တစ်ခုထူထောင်မည်ဟု သိရသည်။  “ဒီလုပ်ငန်းရှင်တွေ ချေးငွေရရှိဖို့ အစိုးရကရပ်တည်ပေးဖို့လိုတယ်၊ ငွေကြေးတွေက အဓိကဆိုတာ ကိုလည်း ကျနော်တို့် သိပါတယ်။ အဲ့တော့ ကျနော်တ်ို့အစိုးရကဒီတာဝန်ယူတဲ့အချိန်လေးမှာ SMEsဘဏ် ကျနော်တို့ ကယားပြည်နယ်မှာရှိလား။ မရှိဘူး။ အခြားတိုင်းနဲ့ ပြည်နယ်က ဘဏ်တွေအနေနဲ့...

အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ်ကို အမျိုးသမီးထုတွေ ဘာပြောချင်ကြလဲ

ဒီဇင်ဘာလအတွင်းမှာ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဌာနဆိုင်ရာတွေ ၊ လူမှုအသင်းအဖွဲ့တွေက နေရာတိုင်းမှာ အခန်းအနားတွေ လှုပ်ရှားမှုတွေ ပြည်နယ်တွင်းမှာ ပြုလုပ်သွားခဲ့ကြပါတယ်။ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ ကရင်နီအမျိုးသမီးထုတွေ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘာတွေ တင်ပြတောင်းဆိုချင် ကြသလဲဆိုတာနဲ့ ပတ်သက်လို့ အမျိုးသမီးတချို့ကို ကန္တာရဝတီတိုင်း(မ်)မှ...

ကယန်းနှစ်သစ်ကူးပွဲတော်အား ဒေသတွင်းနေရာအသီးသီး၌ ကျင်းပ

ခွန်းကလိုုင်းဖရီး ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သည့် ကယန်းတိုင်းရင်းသားတို့၏ ကယန်းသက္ကရာဇ် ၂၇၅ရမှ ၂၇၅၈ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးပွဲတော်အား ကယန်းဒေသတွင်း နေရာဒေသအသီးသီး၌ စည်စည်ကားကား ကျင်းပခဲ့ေကြာင်း သိရသည်။ အဆိုပါ ကယန်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းဒေသ၌ (၁၀) နေရာ၊ ကယားဒေသ၌ (၇) နေရာ၊ ကရင်ဒေသနှင့် နေပြည်တော်ကောင်စီနယ်မြေတို့၌...

ပြည်နယ်အကြောင်းပါရှိသည့်ဘာသာရပ်နှင့် တိုင်းရင်းသားစာပေ ကျောင်းချိန်တွင်း လာမည့်နှစ်သင်ကြားမည်

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်ရှိ မူလတန်းကျောင်းများ၌ Grade 1မှ 3အထိအတန်းများကိုလာမည့်ပညာသစ်နှစ်တွင် ပြည်နယ်အေကြာင်းပါရှိသည့် ဘာသာရပ်နှင့်မိခင်တိုင်းရင်းသားစာပေများကို ကျောင်းချိန်၌ သင်ကြားပေးသွားမည်ဟု ဌာနေတိုင်းရင်းသာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ထဌ ဦးမိုးစက်အောင်လေးက ပြောသည်။ “လာမယ့်ပညာသင်နှစ်ကစပြီး ကျောင်းချိန်တွင်းမှာ သင်ကြားပါမယ် ဘာလို့ဆို တစ်ပတ်ကို အတန်းတစ်တန်းမှာ (၅)ချိန်ရတယ် နှစ်ချိန်ကို ပြည်နယ်အေကြာင်းသင်မယ် သုံးချိန်ကို တိုင်းရင်းသားဘာသာစကားစာပေကိုသင်မယ်။”ဟု ပြောပါသည်။ ယခုနှစ်ထဲတွင်...

နိုင်ငံပိုင်မီဒီယာထဲတွင်ကြာ်ငြာထည့်မှသာ အမည်လွဲ အချက်အလက်လွဲများ တရားဝင်ဖြစ်မည်ဆိုသည့်အပေါ် အစိုးရတွင် မူမရှိ

ဖဲဘီး အစိုးရဌာနဆိုင်ရာနှင့် ကျောင်းများတွင် အမည်ပြောင်း၊ အချက်အလက်ကွဲလွဲသည့် အခြေအနေများနှင့် ပါတ်သက်ပြီး လူသိရှင်ကြား ကြော်ငြာရန်လိုအပ်သည့်အပေါ် နိုင်ငံပိုင်မီဒီယာ မြန်မာ့အလင်းနှင့် ကြေးမုံတွင် ကြော်ငြာထည့်မှသာ တရားဝင်မည်ဆိုသည့် မူနှင့် ကန့်သတ်ချက်များ အစိုးရတွင် မရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။ နေပြည်တော်၊ Parkroyal Hotel တွင်...

မူလတန်းကျောင်းများအားလုံး အဟာရနို့တိုက်ကျွေးရန် ဘတ်ဂျက်မလုံလောက်

ကန္တာရဝတီတိုင်း(မ်) အစိုးရစီမံချက်ဖြင့် မူလတန်းကျောင်းများအားလုံးကို အဟာရနို့တိုက်ပေးရန် ဘတ်ဂျက်မလုံလောက်နိုင်ကြောင်း နို့စားနွားမွေးမြူရေးအသင်းမှ အတွင်းရေးမှူးကိုဂနီရှမ်းကပြောသည်။ “မူလတန်းကျောင်းမှာနယ်လှည့်ပြီးတိုက်နိုင်တာ ဘတ်ဂျက်အင်အားနည်းတာပေါ့လေး ၂၅ဝ စာပဲတိုက်နိုင်တာမို့လို့ ကျနော်တို့ မူလတန်းတစ်ကျောင်းတည်းကိုပဲ တိုက်နေတာပေါ့။”ဟု ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ နို့စားနွားမွေးမြူရေးအသင်းမှ လွိုင်ကော်မြို့နယ်အတွင်းတွင် နယ်လှည့်ပြီး မူလတန်းကျောင်းရှိ ကျောင်းသူ/သားများ ကို နို့လိုက်လံတိုက်ကျွေးရာမှ ဘတ်ဂျက်မလုံလောက်နိုင်သဖြင့် ယခုနောက်ပိုင်းတွင် နောင်ယား(ခ)မူလတန်းကျောင်း...

စက်တင်ဘာလမှာပြင်ဆင်အတည်ပြုလိုက် တဲ့မြေယာစီမံခန့်ခွဲရေးဥပဒေဟာ တိုင်းရင်းသားများနှင့်ကိုက်ညီမှူမရှိ

လာမယ့် ၂၀၁၉ မတ်လကျရင် မြေလွတ်မြေလတ်မြေရိုင်းဥပဒေပြင်ဆင်ပြီး ၆ လပြည့်မှာ ဖြစ်တဲ့အတွက် တောင်သူတွေရဲ့ လက်ထဲမှာ ဥပဒေနဲ့အညီ လက်ဆက်လုပ်ကိုင်နိုု်င်ဖိုု့ ပုံစံတွေရှိဖုို့ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားနိုင်တယ်လို့လည်း ကယားပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သန်းလွင် က ပြောပါတယ်။ https://www.youtube.com/watch?v=uGdSq1pUggk&feature=youtu.be&fbclid=IwAR3ZyH-NuKvAo_YA64EzqbjJKNE9KnCv7AXQ8d4zjntzGhUEPCTcQgdCo8Y

ပြည်နယ်ဘတ်ဂျက်နဲ့ထုတ်ဝေတဲ့ ကယားတိုင်းမ်ဂျာနယ်နဲ့ ပတ်သက်ပြီး သူတို့ပြောစကား

ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်ငွေနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ကယားတိုင်းမ်ဂျာနယ်ကို စောင်ရေ ၅၀ဝ စတင်ထုတ်ဝေခဲ့ပါတယ်။ ဂျာနယ်အဖွဲ့မှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကိုယ်တိုင် နာယကအဖြစ် ပါဝင်နေပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလည်း ပါဝင်နေပါတယ်။ ပြည်နယ်ဘတ်ဂျက်ယူသုံးပြီး ထုတ်ဝေတဲ့ ကယားတိုင်းမ်ဂျာနယ်နဲ့ ပတ်သက်ပြီး တချို့သော လူမှုအသင်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုုယ်စားလှယ်တွေက ဘယ်လိုုသုုံးသပ်ပြောဆိုုကြပါသလဲ။ https://www.youtube.com/watch?v=gVrE5kUIUbo&feature=youtu.be&fbclid=IwAR37OJ5PZShVbSUFCwulUoUgwi1otE4aYahs868AbiUwdZZYkX4NjbROzro

Latest news

- Advertisement -spot_img