spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7934 POSTS
0 COMMENTS

တိုင်းရင်းသား ရိုးရာဓလေ့ မြေယာအသုံးချမှု ဘာလဲ ဘယ်လဲ။

ဖဲဘီး ရေးသားသည်။ ကျနော်တို့တိုင်းရင်းသား တောင်သူတွေဟာ နှစ်ပေါင်းများစွာကတည်းက မိဘဘိုးဘွားဆီကနေ  လက်ဆင့်ကမ်း အမွေဆက်ခံရထားတဲ့ မြေယာပေါ်မှာ  လွတ်လပ်စွာနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်လာခဲ့ကြရင်း အခုချိန်မှာ အသစ်ထွက်လာတဲ့ မြေယာဥပဒေေကြာင့် ရာဇဝတ်သား၊ တရားခံ ဖြစ်ကြရတော့မလားဆိုတဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပြီ။ ဒါကတော့ အခုတလော အင်တာနက် လူမှုကွန်ယက် (Facebook) စာမျက်နှာနဲ့ သတင်းတွေမှာ...

၂၀၁၈ ဒီဇင်ဘာလ ၁ရက်နေ့ထုတ် ကနာ္တရဝတီတိုင်း(မ်) သတင်းစာ

သတင်းစာဖိုင်ကို ဒီနေရာမှာ Download လုပ်ပါ

လွှတ်တော်အမတ်တွေ သက်ဆိုင်ရာဌာနတွေ တောင်သူတွေကို မြေယာဥပဒေ အမြန်ချပြပေးပါ

ကန္တာရဝတီတိုင်း(မ်) ဒေသခံတိုင်းရင်းသားတောင်သူတွေရဲ့ သဘောထားဆန္ဒတွေ မကောက်ခံဘဲ စက်တင်ဘာလ ၁၁ ရက်နေ့ ၂၀၁၈ ခုနှစ်က ပြင်ဆင်အတည်ပြုလိုက်တဲ့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို တိုင်းရင်းသားတောင်သူလယ်သမားတွေ အပစ်ပေးအရေးယူမခံရလေးအောင် ချပြအသိပေးတာတွေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ အစိုးရတွေက အလျှင်အမြန်လုပ်သင့်နေပါပြီ။ အကြောင်းကတော့ အဲဒီထဲမှာ ပြင်ဆင်လိုက်တဲ့ဥပဒေတွေထဲမှာ ပုဒ်မ ၂၂ (၄)-...

ဘိန်းခင်းဖျက်ဆီးခံရသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်ထပ်မံစိုက်မည်

မူဂျာမီလှိုင် ဘိန်းခင်းများကို လာရောက်ဖျက်ဆီးသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်များတွင်ဆက်လက်စိုကိပျိုးသွားမည်ဖြစ်ကြောင်း ဘိန်းခင်းဖျက်ဆီးခံလိုက်ရသူ တောင်သူဦးအေဆေးဘီယိုကပာသည်။ "သူတို့ဖျက်လိုက်လည်းမတတ်နိူင်ဘူးလေ ဦးတို့ကတော့ နောက်နှစ်လည်း ဆက်လုပ်အုံးမှာပဲ" ဟု၎င်းကဆိုသည်။ နိုဝင်ဘာ ရ ရက်နေ့ မနက်ပိုင်းတွင် တာဝန်ရှိရဲများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းပြီး ေဒါရောက်ခူအုပ်စု ဒါရောက်ခူရွာ၏ အနောက်ဘက်ရှိ ဘိန်းခင်းများကို  သွားရောက်ဖျက်ဆီးခဲ့သည်။  ၎င်းတို့ကျေးရွာ၏ မဆီလွှာသည် အခြားသီးနှံများစိုက်ပျိုးကာ မအောင်မြင်သောေကြာင့်ဘိန်းကိုသာ စိုက်ပျိုးနေကြရကြောင်း...

ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်ထားပေးရန် ပြည်သူများဆန္ဒရှိ

မူဂျာမီလှိုင် ဖယ်ခုံမြို့နယ်အတွင်းရှိ လမ်းဆုံလမ်းခွ၊ အချက်အချာကျသည့် နေရာများတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်များထားရှိရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။ "မီးပွိုင့်ရှိဖို့ဆိုရင် အင်မတန်အရေးကြီးတယ် မီးပွိုင့်မရှိလို့ ဆိုင်ကယ်တွေ မကြာခဏယာဉ်တိုက်မှုဖြစ်တယ် မဆင်မခြင်တာတွေလည်းပါတယ် ဥပဒေနားမလည်တာတွေလည်းပါတယ်"ဟု ဖယ်ခုံ ညောင်ကုန်းရပ်ကွက်နေ ဦးယူဂျိမ်းကဆိုသည်။ မီးပွိုင့်ရှိပါက ပြည်သူများသည် ၎င်းတို့၏ဆိုင်ကယ်များ၊ ကားများပို၍ ဆင်ဆင်ခြင်ခြင်မောင်းမည်ဖြစ်ေကြာင်း ၎င်းကဆက်ပြောသည်။ ဖယ်ခုံမြို့နယ်တွင် မီးပွိုင့်ထားရန်အလျင်မလိုအပ်သေးကြောင်း၊ လိုအပ်ပါကလည်း အထက်တန်းကျောင်း...

အရပ်သားအစိုးရတက်လာပြီး ၂ နှစ်ခွဲထိ စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးမှာ ပြည်သူလူထုပါဝင်မှုအားနည်းနေဆဲ (ရုပ်သံ)

တစ်ဖက်မှာလည်း စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးကို အဓိက လုပ်ပေးနေတဲ့ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးကော်မတီ၊ ကော်မရှင်တွေက အောက်ခြေပြည်သူလူထုနဲ့ ချိတ်ဆက် ဆက်သွယ်မှု အားမကောင်းတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ https://www.youtube.com/watch?v=7OBCUYyyR3Y&feature=youtu.be&fbclid=IwAR1C4-XAo6iETUurZP-eLnKk1gJDuSkV0632aFaxUbz1wZAzBwszc1GJi9M

ကယားပြည်နယ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ၂၀၁၄ ကနေ ၂၀၁၈ ကြား ၅ ဆခန့် မြင့်တက်

ကယားပြည်နယ်မှာ ခရီးသွားတွေ စတင်ဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်ဖြစ်ပြီး အဲဒီနှစ်ကနေ ယခုချိန်ထိ ခရီးသွားဝင်ရောက်မှု ငါးဆခန့် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ယခင်နှစ်တွေမှာ ခရီးသွားတွေ ဝင်ရောက်လာပေမဲ့ ၂၀၁၄ ခုနောက်ပိုင်း ကေအဲန်ပီပီငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနောက်ပိုင်းမှသာ ပိုမိုဝင်ရောက်လာတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ရပ် ကျင်းပပြီး ပြည်တွင်းပြည်ပ...

ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ထုတ်ဝေမယ့် ကယားတိုင်းမ်ဂျာနယ်ကို လွှတ်တော်က မသိရသေးဟုဆို (ရုပ်သံ)

ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ထုတ်ဝေတဲ့ ကယားတိုင်းမ်ဂျာနယ်နဲ့ပတ်သက်ပြီး တချို့သော လူမှုအသင်းအဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီတွေဘက်ကလည်း ပြည်သူ့ဘဏ္ဍာငွေသုံးစွဲတာဟာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပြောဆိုထားတာတွေရှိပါတယ်။ အစိုးရအနေနဲ့ အခုလိုပြည်သူ့ငွေသုံးစွဲတာဟာ မဖြစ်သင့်ဘူး။ ဒါဟာ ပါတီနိုင်ငံရေးကဏ္ဍတွေ ပါလာနိုင်တဲ့အတွက် မလုပ်သင့်ဘူးလို့ ကယန်းအမျိုးသားပါတီက ကိုဘီထူး က ပြောပါတယ်။ https://www.youtube.com/watch?v=ztIJkHtNMnc&=&feature=youtu.be&=&fbclid=IwAR37s38-d9x_ikqx0zWw1SGlqIXiIdoZsSgq-tazxxU4cqN_grvO611rlXY

Latest news

- Advertisement -spot_img