spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7934 POSTS
0 COMMENTS

စိုက်ပျိုးရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံး ဆိုသော်လည်း ဈေးကွက်ပြဿနာကြုံနေရဆဲ

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှုအစီရင်ခံစာအရ ပြည်နယ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အလားအလာ အကောင်းဆုံးဟုတွေ့ရှိရသော်လည်း လက်တွေ့တွင် ဈေးကွက်ပြဿနာသည် တောင်သများအတွက် စိန်ခေါ်မှုများနှင့် ရင်ဆုံနေရသည်။ ပြည်နယ်အတွင်းဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိက အသက်မွေးဝမ်းေကြာင်းပြုလုပ် နေကြရာ သီးနှံများကို ပွဲစားများက ဈေးနိမ်ဝယ်ကြသည့်အတွက် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ ဖရူဆိုမြို့နယ် တော်ခူအုပ်စုအတွင်းရှိ...

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေးလုပ်ဆောင်

ခွန်းကလိုင်းဖရီး ကယန်းဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများ ပပျောက်လာစေရေးအတွက် ကယန်းအမျိုးသမီး အစည်းအရုံးအဖွဲ့မှ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်းသိရသည်။ ၎င်းတို့မှ အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ အမြင်ဖွင့်သင်တန်းပေးခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းပေးခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စည်းရုံလံှု့ဆော်သည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ကယန်းဒေသတွင်း ကျေးရွာပေါင်း (၈၀) တွင် အမျိုးသမီးများအား...

ပြည်သူ့ဘဏ္ဍာငွေဖြင့်ထုတ်မည့် အစိုးရဂျာနယ် မထုတ်ဝေသင့်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌပြော

ခူးကိုရယ် ကယားပြည်နယ်အစိုးရမှ ထုတ်ဝေမည့် ကယားတိုင်း(မ်)ဂျာနယ်သည် ပြည်သူ့ဘဏ္ဍာငွေဖြင့် အသုံးပြုမည်ဖြစ်သည့် အတွက် မထုတ်ဝေသင့်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောသည်။ "ပြည်သူ့ငွေသုံးပြီး ပါတီနိုင်ငံရေး ကဏ္ဍတွေပါလာမယ်။ ပြည်နယ်အစိုးရအနေနဲ့ ဒါမျိုးတွေ စဉ်းတောင် မစဉ်းစားသင့်တာပါ။" ဟု ခွန်းဘီထူးက ပြောသည်။ ထို့အပြင် အတိုက်အခံပါတီများကို နိုပ်ကွတ်လိုခြင်း ၊ တိုင်းရင်းသားပြည်သူများကို...

လယ်ကွင်းအတွင်း အမျိုသမီးတစ်ဦး ဓားဒါဏ်ရာ ၃ဝချက်ဖြင့် သေဆုံးနေ

ကန္တာရဝတီတိုင်းမ် နိုဝင်ဘာလ ၂၃ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဝှါရီကောခူကျေးရွာမြောက်ဘက် လယ်ကွင်းအတွင်း၌ အသက်(၂၅)နှစ်ခန့်ရှိသည့် အမျိုးသမီးတစ်ဦး ဓားဒါဏ်ရာ အချက် ၃ဝဖြင့်သေဆုံးနေကြောင်း သိရသည်။ သေဆုံးသူအမျိုသမီးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ရှီမီလောကျေးရွာနေ မပွင့်ဖြူဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဝဲဘက်ခါးစောင်း ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ဝမ်းဗိုက်ပိုင်း ထိုးသွင်းဒဏ်ရာ (၁၀)ချက်၊...

ထီးဖရူနူလိုဏ်ဂူတွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် စွပ်ပိုင်ကုမ္ပဏီမှ သန်းခြောက်ထောင်ရင်းနှီးထား

ကန္တာရဝတီတိုင်းမ် ဖရူဆိုမြို့နယ်၊ မော်သီဒိုကျေးရွာအနီးရှိ ထီးဖရူနူလိုဏ်ဂူတွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် စွပ်ပိုင်ကုမ္ပဏီမှ သန်း၆၀၀ဝ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေေကြာင်း သိရသည်။ “အဲဒီမှာရင်းနှီးမြှုပ်နှံမှုဆိုပြီးတော့ ကုမ္ပဏီတစ်ခုက ကမ်းလှမ်းတယ်။ အဲေကြာင့်မို့လို့ ကိုယ်တို့ကွင်းဆင်း လ့လာတယ်။ ဒီပြည်နယ်အစိုးရနဲ့ ညှိနှိုင်းတိုင်ပင်တယ်။ အခုအကြိုသဘောတူညီမှုစာချုပ် ချုပ်ခဲ့ပြီပေါ့နော။˝ ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်ကပြောသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုကို ဒသခံကုမ္ပဏီတစ်ခုဖြစ်သည့် စွပ်ပိုင်ကုမ္ပဏီမှ အခြားမိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ လုပ်ဆောင်မည်ဖြစ်ေကြာင်း...

ကယန်းနှစ်သစ်ကူးပွဲတော်အား နေရာ (၁၉) နေရာခွဲ၍ ကျင်းပမည်

ခွန်းကလိုင်းဖရီး လာမည့် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် ကယန်းတိုင်းရင်းသားများ၏ ကယန်းသက္ကရာဇ် ၂၇၅ရ ခုနှစ်မှ ၂၇၅၈ ခုနှစ်သို့ ကူးပြောင်းမည့် ကယန်းနှစ်သစ်ကူးပွဲတော်ကို နေရာပေါင်း (၁၉) နေရာခွဲပြီး ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာ (၁၉) နေရာခွဲပြီးကျင်းပရခြင်းနှင့် ပတ်သက်၍ ကယန်းစာပေနှင့် ယဉ်ကျေးမှု...

လာမည့်နှစ် ဦးစီးပေး ဘတ်ဂျက်ရေးဆွဲနိုင်ရန် အရပ်ဖက်အဖွဲ့အစည်းများကို ပထမဆုံးအကြိမ် ဖိတ်ခေါ်

Su Phyo Win လာမည့်နှစ် ပြည်နယ်/တိုင်းဘတ်ဂျက်ရေးဆွဲရန် ဦးစားပေးမှုများ သတ်မှတ်ခြင်းဖြစ်စဉ်တွင် အရပ်ဖက် အဖွဲ့အစည်းများကို ပထမဦးဆုံးအကြိမ် ပြည်နယ်အစိုးရက ဖိတ်ခေါ်လိုက်သည်။ ဘတ်ဂျတ်ရေးဆွဲခြင်း ဖြစ်စဉ်တွင် တာဝန်ခံယူမှု ပိုမိုအားကောင်းလာစေရေးကယားပြည်နယ်တွင် အများပြည်သူနှင့် ဆွေးနွေးတိုင်ပင်ရန် ရေးကြီးသော ဦးစားပေးလုပ်ငန်းများကို ပြည်နယ်အစိုးရအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များတို့နှင့် ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲသွားရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ ကယားပြည်နယ်...

ကုန်စည်များထုတ်လုပ်ရာတွင် မြန်မာဘာသာနှင့် အခြားဘာသာတွဲ ဖော်ပြရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်

ကန္တာရဝတီတိုင်းမ် မြန်မာနိုင်ငံတွင်း စားသုံးသူများ နားလည်သဘောပေါက် လွယ်စေရန်အတွက် ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ပြုရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရန် ညွှန်ကြားချက်တစ်စောင်ကို နိုင်ငံတော်အစိုးရမှ အောက်တိုဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ̏ ဒီအစားအသောက်တွေမှာ နိုင်ငံခြားက သွင်းလာတဲ့ကုန်တွေကတော့ FDA...

ကယားတွင်၂၀၁၄မှ ၂၀၁၈ခုနှစ်ထိ ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှု ၅ဆခန့် မြှင့်တက်

ကန္တာရဝတီတိုင်းမ် ကယားပြည်နယ်တွင် ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၄ မှ ၂၀၁၈ကြား ၅ဆခန့် မြှင့်တက်နေကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။ ̏၂၀၁၈ခုနှစ်ကုန်ထိ ကျွန်တော်တို့ target ထားတာကတော့ ပြည်ပက ၁သောင်း၂ထောင်ကျော်ထိ ရှိမယ်လို့ ခန့်မှန်းထားတယ်၊ ပြည်တွင်းကတော့ ၆သောင်းလောက်လာမယ်လို့ မှန်းထားတယ်။...

ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုးရေးအပျက်ခံမည်မဟုတ်ကြောင်း ကယန်းပြည်သစ်ပါတီပြော

ခွန်းကလိုင်းဖရီး ကယန်းဒေသအတွင်းတွင် လက်ရှိဖြစ်တည်နေသည့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အပျက်ခံမည်မဟုတ်ကြောင်း ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူးချုပ် ဦးအိုင်ဖရင်းက ပြောကြားလိုက်သည်။ “ ဒီငြိမ်းချမ်းရေးတည်တံ့ဖို့က ကျွန်တော်တို့ ကယန်းပြည်သစ်ပါတီအနေနဲ့ကလည်း အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို လုံးဝအပျက်ခံမှာ မဟုတ်ဘူး” ဟု ၎င်းက နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အလယ်ကယန်းကျေးရွာအုပ်စု၊ ဆီးဘူးကျေးရွာ၌...

Latest news

- Advertisement -spot_img