spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7934 POSTS
0 COMMENTS

ခင်ပွန်းမှ မယားရင်ညွန့်ကို သေနတ်ဖြင့်ပစ်မိ  

မူအက်စတာ ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုအုပ်စု၊ ယပ်ခူရွာဟောင်းတွင် လင်မယားချင်းရန်ဖြစ်ရာမှ  ယောကျာ်းဖြစ်သူမှာ လက်ထဲမှတူမီးသေနတ်ဖြင့် မိန်းမဖြစ်သူကို ပစ်မိရာ သေဆုံးသွားကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မေလ ၁ဝရက်နေ့တွင် ဦးသိန်းအောင်နှင့် ဒေါ်မူနန်းတို့လင်မယား ရန်ဖြစ်စကားများနေစဉ် ဦးသိန်းအောင်လက်ထဲတွင် ကိုင်ဆောင်ထားသော ကျည်ထိုးပြီးဖြစ်သည့် တူမီးသေနတ်အား ၎င်းမှမောင်းခလုတ်ဆွဲမိရာမှ ဒေါ်မူနန်းရင်ညွန့်သို့ ကျည်ဖောက်ဝင်၍ နောက်ဝဲဘက်ခါးအောက်တွင် ပေါက်ထွက်ဒဏ်ရာရရှိပြီး...

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်းမှ ကျောင်းသူ/သား နှစ်ဆတိုးခေါ်

စိုးရယ် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားတဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယခင်နှစ်ထက် ကျောင်းသား၊သူများကို နှစ်ဆပ်ကျော် လက်ခံခေါ်ယူမယ်လို့ ၎င်းကျောင်းမှ ကျောင်းအုပ် ဦးထွန်းအောင်က ပြောပါတယ်။ ယခင်နှစ်တွေမှာ ၅ဝ ယောက်ဘဲ ကန့်သတ်ခေါ်တာဖြစ်ပြီး လက်ရှိ ၂၀၁၈-၁၉ ခုနှစ်မှာ ကျောင်းသားဦးရေ ၁၀ဝ ကျော်ကို...

မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့နည်းလာရေး လူငယ်ပြုပြင်ရေးစခန်း ဖွင့်ရန် တောင်းဆို

နော်ဒွေးအယ်ခူ ကယားပြည်နယ်တွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချနိုင်ရန်အတွက် လူငယ်ပြုပြင်ရေးစခန်းကို တည်ဆောက်ဖွင့်လှစ်ပေးရန် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူ့စကားဝိုင်းတွင် ဝင်ရောက်ဆွေးနွေးခဲ့သော အမျိုးသမီးဖွံ့ဖြိုးရေးစင်တာ(WDC)မှ ခွန်းပီတယ်က ပြောသည်။ အဆိုပါ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူ့စကားဝိုင်းကို မေလ ၉ ရက်နေ့က ဒီမော့ဆိုမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ “ခုပြည်နယ်မှာဆိုရင် လူငယ်တွေ ၅ဝ ရာခိုင်းနှုန်းက...

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်းမှာ ကျောင်းသူ/သား နှစ်ဆတိုးခေါ်ယူ (ရုပ်သံ)

အရင်နှစ်တွေက လူဦးရေ ၅ဝ ယောက်ပဲ ကန့်သတ်ခေါ်တာဖြစ်ပြီး လက်ရှိ ၂၀၁၈-၁၉ ခုနှစ်မှာ ကျောင်းသားဦးရေ ၁၀ဝ ကျော်ကို ခေါ်ယူမှာဖြစ်ပါတယ်။ ရပ်ဝေးရပ်နီးဒေသက ဆင်းရဲနွမ်းပါးတဲ့ မိသားစုနဲ့ မိဘမဲ့ကလေးတွေကို ပိုပြီးတော့ ဦးစားပေးခေါ်ယူထားတာပါ။ https://www.youtube.com/watch?v=aXgoVF1qFBg&feature=youtu.be

ငြိမ်းချမ်းရေးဖြစ်စဉ်သည် နိုင်ငံရေးပုံရိပ်အတွက် ကစားဖို့ မဟုတ်

ခူးကြူးဖဲကေး(ကရင်နီအမျိုးသား)ရေးသားသည်။ ကမ႓ာ့နိုင်ငံတွေဟာ အမျိုးသားရေးတန်းတူရေးကို ဖြေရှင်းပြီးမှသာ တိုးတက်ရေးကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်တယ်။ အမျိုးသားရေးတန်းတူမှု မရှိခြင်းကပဲ အမျိုးသားရေးဆိုင်ရာတော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့တာပဲဖြစ်တယ်။ ရူပဗေဒသဘောအရတောင် ဖိနှိပ်တဲ့ထုထည်များရင် ကြွတက်လာတဲ့ သတ္တိရှိကြသေးတာပဲ မဟုတ်လား။ သို့ပေမဲ့ အချို့သော ငြိမ်းချမ်းရေးပွဲစားကြီးများနဲ့ နိုင်ငံရေးသမားများဟာ လူထုကို ချနင်းပြီး နာမည်ရရှိရေးကို တမျိုးတဖုံ ပြုလုပ်လျက်ရှိတယ်။ သဘာဝတရားရဲ့ ဖြစ်စဉ်ကို ဆန့်ကျင်ပြီး နိုင်ငံရေးအင်အားစုတွေက...

ပြည်တွင်းစစ်တွေကိုရပ်တန့်ပေးဖို့ ကရင်နီပြည်လူငယ်ထု(၄၀၀)ကျော် ဆန္ဒပြ (ရုပ်သံ)

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲကြောင့် ပိတ်မိနေတဲ့ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့ကို အလေးအနက်ထားပြီး တောင်းဆိုကြရတာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူတွေက ပြောဆိုကြပါတယ်။ https://www.youtube.com/watch?v=Ffr9I7m9wvY&feature=youtu.be

စီးပွားရေးအခွင့်အလမ်းအတွက် ကယားပြည်နယ် ရင်းနှီးမြှပ်နှံမှုဖိုရမ်ကို မေလ ၂၆ နှင့် ၂ရ တွင် ပြုလုပ်မည်

နော်ဒွေးအယ်ခူ နှစ်ရှည်နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မြင့်တင်ရေးစီမံကိန်း၏ ကဏ္ဍတစ်ခုဖြစ်သော ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို လာမည့် မေလ ၂၆ နှင့် ၂ရ ရက်နေ့ ၂ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးပညာရှင်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို လေ့လာဖေါ်ထုတ်ကြမည်ဖြစ်သည်။ ဖိုရမ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သတ္တုနှင့်...

ကယန်းလူမျိုးတွေညီညွတ်ဖို့ စုပေါင်းလုပ်တဲ့ ဖူးကောင်းမွန်အင်း အထိမ်းအမှတ် ကေ့ထျိုးဘိုးပွဲတော်

စိုးရယ် ကယန်းလူမျိုးစုတွေရဲ့ သူရဲကောင်းဖြစ်သူ ဖူးကောင်းမွန်အင်းကို သတိရတဲ့အနေနဲ့ တံခွန်တိုင်ပွဲတော်ကို ဒီးမောဆိုမြို့နယ် လွိုင်နန်းဖကျေးရွာအနီးမှာ ပြုလုပ်ခဲ့ကြပါတယ်။ ကယန်းသူရဲကောင်း ဖူးကောင်းမွန်အင်းဟာ ကယန်စောဖျာ(စော်ဘွား)တစ်ယောက်ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၇၀၄ လောက်မှာ ဘုန်းတန်ခိုးကြီးမားခဲ့သူတစ်ယောက် ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။   ကယန်းတို့ရဲ့ ဒဏ္ဍာရီပုံပြင်အရ ဒီသူရဲကောင်းကို အကြောင်းပြုပြီး ကယန်းလူမျိုး စည်းလုံးရေးအတွက် ရိုးရာတံခွန်တိုင်ပွဲကို  ပြုလုပ်ကြတာဖြစ်ပြီး အခုဆိုရင် ၈ ကြိမ်မြောက် ရှိပါပြီ။  “ဒီအထိမ်းအမှတ်ပြုလုပ်ပေးရတဲ့အကြောင်းရင်းက ဖူူးကောင်းမွန်အင်းဟာ တစ်ချိန်တစ်ခါတုန်းက သူကရိုးရာကို နှစ်စဉ်နှစ်တိုင်း လုပ်လာခဲ့တာဖြစ်ပြီး သူ့ကို သတိရတဲ့အနေနဲ့ တစ်နှစ်တစ်ကြိမ် တံခွန်တိုင်ပွဲ ကျင်းပရခြင်းဖြစ်ပါတယ်။” လို့ ဖူးကောင်းမွန်အင်း ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်း ကပြောပါတယ်။ ကယန်းလူမျိုးတွေက မိမိတို့ ကိုယ့်ကိုယ်ကို  ဖူးကောင်းမွန်အင်း က ဆင်းသက်လာတဲ့ မျိုးဆက်တွေအဖြစ် မှတ်ယူထားကြပါတယ်။ ဖူးကောင်းမွန်အင်းကို အထွတ်မြတ်ထားတဲ့အနေနဲ့ သူ့အတွက် ကျောင်းဝင်းမြေဧရိယာကို လွိုင်နန်းဖကျေးရွာအနီးမှာ သတ်မှတ်ထားပေးပါတယ်။ အဲဒီဧရိယာအတွင်းမှာရွာသူရွာသားတွေက သူ့အတွက် အထိမ်းအမှတ်တံခွန်တိုင်ကို ထားရှိပေးပါတယ်။ ဖူးကောင်းမွန်အင်းဟာ အမှန်တရားကို အလေးထားတဲ့စော်ဖျာ(စော်ဘွား)တစ်ဦး ဖြစ်တာကြောင့် ကယန်းလူမျိုးတွေ စံထားရတဲ့သူဖြစ်တယ်လို့ ဦးကျော်ဝင်း က ပြောပါတယ်။ ဒီတံခွန်တိုင် ရိုးရာဓလေ့ဟာ ကယားလူမျိုးတွေ ကျင်းပတဲ့ တံခွန်တိုင်ရိုးရာနဲ့  လုပ်နည်းလုပ်ဟန် နည်းနည်းသာ ကွာခြားပါတယ်။ ဒါ့ကြောင့် ကယန်းရိုးရာသမိုင်းဟာလည်းကယားလူမျိုးရဲ့ရိုးရာသမိုင်းနဲ့ တူညီတယ်လို့ တံခွန်တိုင်စောင့်ရှောက်သူ ဦးလမောက်က ပြောပါတယ်။ ဒီတံခွန်တိုင်ပွဲတော်ကို မေလ ၁ ရက်နေ့မှာ ကျင်းပပြီး ကယန်းလူမျိုး ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ကယန်းလူမျိုးစုတွေရဲ့ သူရဲကောင်းဖြစ်သူ ဖူးကောင်းမွန်အင်းကို သတိရတဲ့အနေနဲ့ တံခွန်တိုင်ပွဲတော်ကျင်းပ (ရုပ်သံ)

ကယန်းသူရဲကောင်း ဖူးကောင်းမွန်အင်းဟာ ကယန်းစောဖျာ(စော်ဘွား) တစ်ယောက်ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၇၀၄ လောက်မှာ ဘုန်းတန်ခိုးကြီးမားခဲ့သူတစ်ယောက် ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ https://www.youtube.com/watch?v=hPgx5Gs3wsw&feature=youtu.be

ဒေသခံတွေရဲ့ ရိုးရာဓလေ့မြေကို လုပ်ပိုင်ခွင့်ပုံစံ လျှောက်တဲ့အခါမှာ အခက်အခဲရှိ (ရုပ်သံ)

ဒီမြေယာတွေကို တရားဝင်ဖြစ်ရေးအတွက် ဥပဒေထဲမှာ ရေးဆွဲပြဌာန်းနိုင်ဖို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပေမဲ့ လွှတ်တော်ရဲ့ပယ်ချမှုကို ခံခဲ့ရတယ်လို့ ဦးသဲရယ် က ပြောပါတယ်။ https://www.youtube.com/watch?v=BANcyR_0wO8&feature=youtu.be

Latest news

- Advertisement -spot_img