spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7934 POSTS
0 COMMENTS

ကယားတွင် ဆိုင်ကယ်ခိုးသူ ဝိုင်းရိုက်ခံရ၍ သေဆုံး

ထျိုးမြာ ကယားပြည်နယ်တွင် ဆိုင်ကယ်ခိုးရန် ကြိုးပမ်းသူ လူ ၁ ဦးအား ရွာသားများက အုပ်စုလိုက်ဝိုင်းရိုက်ခဲ့သည့်အတွက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူ ရာအိမ်မှူးအပါအဝင် ရွာသား ၂၆ ဦးကို ရာဇာသတ်ကြီးပုဒ်မဖြင့် အရေးယူရန် ဆောင်ရွက်နေသည်။ ကျူးလွန်ခဲ့သူ ၂၆ ဦးကို ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် လွိုင်ကော်ရဲစခန်းက...

ဖြစ်မြောက်နိုင်စွမ်းမရှိ၍ ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်း ၂ ခု ရုတ်သိမ်း

လင်းသန့် ၂၀၁၅ ခုနှစ်ကတည်းကစ၍ လေ့လာနေသော စမ်းသပ်တိုင်းတာမှုရလဒ်အရ ပွန်ချောင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းလျာထားရာ နေရာ ၂ ခုကို ဖြစ်မြောက်နိုင်စွမ်းမရှိသဖြင့် ယင်းအစီအစဉ်ကို ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ လေ့လာချက်အရ ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်း နမ့်ပွန်ချောင်းပေါ်ရှိ အထက်ဟော်ခမ်း (Upper Haw Khan ) လျှပ်စစ်စီမံကိန်း နှင့် အောက်နမ့်ပွန် (Lower...

မိဘ ဒေသပညာရတနာ “ဝါးခမောက်”

Simple(LmT)ရေးသားသည်။ ဒီခမောက်လေးတွေက ထီးပေါ်ဆိုရွာမှာ လုပ်တတ်လုပ်နိုင်တဲ့သူတွေ လက်ချိုးရေရင်တောင် ဆယ်ချောင်း မပြည့်တော့ပါဘူး။ ဒီပြင်ရွာတွေမှာလည်း ဒီလိုဘဲထင်ပါရဲ့ဗျာ။ ဒီဝါးခမောက်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသလက်မှုတွေဟာလည်း ပျောက်ကွယ်လုနည်းဖြစ်နေပါပြီလေ။ အမှတ်မထင်ဘဲ ညနေခင်းတစ်ခုမှာ မရောက်တာကြာတဲ့ အကို့အိမ်ကို သွားလည်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဒီဝါးခမောက်လှလှလေးတွေ လုပ်နေတာကို မြင်ရတော့ စိတ်ဝင်စားပြီး မေးခွန်းတချို့ကို ​မေးကြည့်ခဲ့မိတယ်။ ဒီဝါးခမောက်လေးတွေက ဝါးခွံလေးတွေကို ကောက်ပြီး ရေစိမ်ရတယ်တဲ့။ ပြီးတော့ အပ်လေးနဲ့ခြစ်ကြောင်းပေးပြီး လိုချင်တဲ့အရွယ်အစားကို လိမ်ယူရတယ်။ပြီးတော့ ပုံသွင်းဖျာယူထားတဲ့ ဝါးကျောလေးတွေကို အပ်ချည်ကြိုးလေးနဲ့ ပြန်သီချုပ်ရတယ်။ ဒါတွေလုပ်ရင် တရက် ဘယ်နှစ်လုံးပြီးလည်းဆိုတော့ မပြောတတ်ဘူးတဲ့။ အားတဲ့ချိန်လေးတွေမှာ...

ဝါးပင်​​အောက်က ရွာ​လေး“ဒေါကလော်လဲ”

Simple (LMT)ရေးသားသည်။ ​ဒေသထွက်ကုန်အတွက် ဒေသလမ်းက ခက်ခဲမှတော့ ဒေသဖွံ့ဖြိုးရေးဆိုတာက ရုံးစာပွဲပေါ်ကနေ ဥုံဖွ ဟချလောင်ဆိုပြီးတိုးတက်လာပါလိမ့်မယ်။ ဒီရွာလေးကိုရောက်ဖြစ်တာ ဒီအခါနဲ့ဆို လေးခါမြောက်ပေါ့။ နွေနဲ့ဆောင်းမှာဆို ဖုန်းထောင်းထောင်းထပြီ မိုးတွင်းမှာတော့ လူမပြောနဲ့ ဖိနပ်တောင် သူ့ဟာသူချောနေရလောက်အောင် ချော်တဲ့ မြေသားလမ်းလေးကိုပဲ အားပြုသွားလာကြရတာပေါ့။ နွေနဲ့ဆောင်းမှာ သောက်သုံးရေဆိုတာ ရွှေထက်ရှားတဲ့နေရာလေးတစ်ခုပေါ့။ အိမ်ခြေ (၃၁) အိမ်လောက်သာရှိတဲ့ ဒီရွာလေးဟာ ခေတ်အဆက်ဆက်ကတည်းက စစ်ရဲ့အနိဌာရုံတွေအောက်​မှာ  ကြံ့ကြံ့ခံရင်းနဲ့ အခုဒီချိန်ထိအောင် အေးချမ်းစွာနဲ့ မိရိုးဖလာတောင်သူ အလုပ်တွေနဲ့ပဲ အသက်ဆက်နေခဲ့ကြရတာပေါ့။သူတို့ရွာလေးနာမည်က ဒေါကလော်လဲ (ညောင်ပင်အောက်ရွာ)ပေါ့။ အခုခါမှာတော့ အဲ့ရွာလေးကို ဝါးပင်အောက်ကရွာလို့ ချစ်စနိုးလေးခေါ်ချင်မိတယ်ဗျ။ မိရိုးဖလာစိုက်ပျိုးနည်းတွေနဲ့ ဒီဝါးလေးတွေဟာ ဖြစ်ထွန်းနေလိုက်တာများ လော်ဂျာရွာအောက်က...

ဗိုလ်ချုပ်ကြေးရုပ် လွိုင်ကော်မှာ ထားရှိမယ့်အပေါ် ဘယ်လိုမြင်ကြသလဲ

စိုင်းကျော်စံ(ကယားပြည်နယ်ဥပဒေချုပ်) ဒါကထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကယားပြည်နယ်မှာဆိုရင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အမှတ်တရတွေလည်း မရှိသေးဘူး။ နောက်ပြီးတော့မှ ဗိုလ်ချုပ်ဆိုတာကလဲ ပြည်နယ်သူပြည်နယ်သားအားလုံး သိရှိပြီးဖြစ်တဲ့အတိုင်း လွတ်လပ်ရေးရဲ့ဖခင်ကြီး ဒီတော့ ရှိကိုရှိသင့်တယ်ထင်ပါတယ်။ နောက်ပြီးတော့ ဒီလိုရှိမယ်ဆိုရင်လဲ ပြည်နယ်သူပြည်နယ်သားတွေလည်း ဝမ်းသာသလို ကျန်တဲ့ ပုဂိုလ်တွေလဲ ဝမ်းသာမယ်လို့ထင်ပါတယ်။ ---------------------------------------------------------------------------- ဦးဘော့စ်ကို (ဝန်ကြီး၊ ကယားပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ကျနော့အမြင်ကတော့ ဒါပြည်သူလူထုရဲ့...

အအေးဒါဏ်ကို ဘယ်လိုကျော်ဖြတ်ရမလဲ

ခူးလီးတခဲ တောင်နဲ့ မြောက်ဘက်က အအေးဒါဏ်တွေကြောင့် နေရာအသီးသီးက အပူချိန်တွေ ကျဆင်းလာပါတယ်။ ဒါကြောင့် လူ့ရဲ့ခန္ဓာကိုယ်ထဲက အပူချိန်ဟာလည်း သာမာန်ထက် တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ အအေးဒါဏ်ဟာ သက်ကြီးရွယ်အို၊ ကလေးငယ်၊ နှလုံးရောဂါသည်နဲ့ အကြောသေလူနာတို့အတွက် အန္တရာယ်ပိုများစေပြီး အထူးသဖြင့် ဦးနှောက်ပိုင်းဆိုရင် ချို့ယွင်းမှု၊ အာရုံကြောဖွဲ့စည်းမှုစနစ်နဲ့ နှလုံးတို့ကို ထိခိုက်စေပါတယ်။ ရာသီဥတုအေးလှတဲ့ ခုလိုဆောင်းရာသီမျိုးမှာ...

လွိုင်ကော်တွင် မြေ၊ မျိုးစေ့၊ သီးနှံအရည်အသွေး ဓါတ်ခွဲခြင်း ပြုလုပ်နိုင်ပြီ

လင်းသန့် တောင်သူများ၏ စိုက်ပျိုးရေးတွင် လုပ်ဆောင်ရမည့် အဆင့်တိုင်းတွင် လိုအပ်သည့် မြေ၊ မျိုးစေ့၊ သီးနှံအရည်အသွေးများကို စမ်းသပ်တိုင်းတာနိုင်မည့် စိုက်ပျိုးရေးဆိုင်ရာဓါတ်ခွဲခန်းကို လွိုင်ကော်မြို့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကာ အခကြေးငွေ အနည်းငယ်ဖြင့် လာရောက်စမ်းသပ်တိုင်းတာနိုင်ပြီဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ မျိုးစေ့အရည်အသွေး စစ်ဆေးခန်း၊ မြေအသုံးချဓါတ်ခွဲခန်း၊ သီးနှံကာကွယ်ရေးဓါတ်ခွဲခန်းများပါဝင်သော ဓါတ်ခွဲခန်းကို ဇန်နဝါရီ ၂၃ ရက်နေ့က လွိုင်ကော်မြို့...

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပါသော ဒေသအစိုးရစနစ်များ

ကျော်စိုးသူ(Economic Development)ရေးသားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်နှင့်အတူ ရှင်သန်မွေးဖွားလာရသော နိုင်ငံအတွက် ပြည်တွင်းငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူအများက အလိုချင်ဆုံးသော အရာတစ်ခုဖြစ်ပေသည်။ ပြည်သူမှ ပေါက်ဖွားလာသော အစိုးရတိုင်း၏ နံပါတ်တစ် ရည်မှန်းချက်လည်းဖြစ်ပေသည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်တရာ ခွဲခြားရခက်လှသော ပုစ္ဆာများပင်ဖြစ်သည်။ ထိုသို့ပြည်သူနှင့် အစိုးရများ လိုလားတောင်းတလျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင်...

တန်ဖိုးမြှင့်ထုတ်ကုန်ဖြင့် ကယားပြည်နယ်ကြီး တိုးတက်ပါစေ

သျှံထွန်းတောက်ရေးသားသည်။ “မင်းတို ့မြန်မာပြည်က ဘီယာတွေရဲ့ အရသာကို ငါမကြိုက်ဘူးကွာ။” “ကျွန်တော်လည်း ဂျပန်က ဘီယာရဲ့ အရသာကို မကြိုက်ဘူးဗျ” အနှီစကားကိုပြောဖြစ်ခဲ့တာကတော့ စာရေးသူနဲ့ ဂျပန်နိုင်ငံ Kyoto Comparative Law Centre - KCLC က ပရော်ဖက်ဆာ မစ်စတာကီနိုရှိတာ တို့ပဲ ဖြစ်ပါတယ်။ မစ်စတာ ကီနိုရှိတာ...

Latest news

- Advertisement -spot_img