Facebook
Instagram
VKontakte
Youtube
Home
News
Business
Search
Pulses PRO
Wednesday, February 5, 2025
Pulses PRO
Facebook
Twitter
Youtube
type here...
Search
ပင်မ
KT FM
ကရင်နီဘာသာ FM Radio
မြန်မာဘာသာ FM Radio
သတင်း
အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်
အသက်မွေးဝမ်းကျောင်းဆိုင်ရာ
ဆောင်းပါး
အင်တာဗျူး
မာလ်တီမီဒီယာ
ရုပ်သံအစီအစဉ်
ကရင်နီဘာသာ ရေဒီယို
ဂျာနယ်
အတွေးအမြင်
ကာတွန်း
ကဗျာ
အယ်ဒီတာ့ထံ ပေးစာ
Gender
အမျိုးသမီးအခွင့်အရေး
အယ်ဒီတာ့အာဘော်
ရွေးကောက်ပွဲ
သတင်း
ဆောင်းပါး
အင်တာဗျူး
နိုင်ငံရေးပါတီများ
တစ်သီးပုဂ္ဂလ
မဲဆန္ဒနယ်များ
English Language
- Advertisement -
AUTHOR NAME
Kantarawaddy Times
8704 POSTS
0 COMMENTS
https://www.kantarawaddytimes.org
Commentary
ပြည်ထောင်စုမြန်မာနိုင်ငံ၊ အမျိုးသားလုံခြုံရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု
Kantarawaddy Times
-
October 15, 2019
သောသီခို ရေးသားသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် အဆိုပါတိုင်းပြည်က ချမှတ်ကျင့်သုံးသည့် အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာအပေါ်တွင် များစွာတည်မှီသည်။ သို့ဖြစ်၍ နိုင်ငံများသည် မိမိတို့၏နိုင်ငံတော်လုံခြုံရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသား လုံခြုံရေးကို မဟာဗျူဟာပြင်ဆင်ရေးဆွဲ၍ကျင့်သုံးလာကြသည်၊ ဤသို့ရေးဆွဲရာတွင် နိုင်ငံတစ်နိုင်ငံနှင့်တနိုင်ငံ ကွဲပြား ခြားနားမှုရှိနိုင်ပါသည်၊ နိုင်ငံဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်း၊ ခံယူကျင့်သုံးသည့်နိုင်ငံရေးစနစ်၊ နိုင်ငံတော်အစိုးရ ၏အခန်းကဏ္ဍ၊ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအခြေအနေ၊ နိုင်ငံ၏ဓနအင်အားနှင့်အမျိုးသားအကျိုးစီးပွား၊ နိုင်ငံ၏ လုံခြုံရေးအခန်းကဏ္ဍကို တာဝန်ယူထာကြသည့် အင်အားစုများ၏အခြေအနေ၊ နိုင်ငံအတွင်းရှိပညာရှင်များ၊ အရပ်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍ စသည့်အချက်များ အပေါ်မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။ သို့ရာတွင် အရေးကြီးဆုံးအချက်မှာ အမျိုးသားလုံခြုံရေးအပေါ် တိုင်းပြည်က အဓိပ္ပါယ်ဖွင့်ဆိုမှုဖြစ်ပါသည်၊ အမျိုးသားလုံခြုံရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ်အခြေခံ၍ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ချမှတ်ကြသော ကြောင့်ဖြစ်ပါသည်။ တိုင်းပြည်၏အမြင့်ဆုံးအုပ်ချုပ်မှုအာဏာကိုရယူထားကြသော ထိပ်ဆုံးမှတာဝန်ရှိခေါင်းဆောင် များအနေဖြင့် တိုင်းပြည်တွင် ၎င်းတို့ပုံဖော်လိုသောနိုင်ငံရေးစနစ်နှင့် အုပ်ချုပ်မှုပုံစံကို ၎င်းတို့အဓိပ္ပါယ်ဖွင့်ဆိုသော အမျိုးသားလုံခြုံရေးမဟာဗျူဟာကတဆင့် ထင်ဟပ်ပုံဖော်တတ်ကြပါသည်။ တိုင်းပြည်တစ်ပြည်က ကျင့်သုံးသော အမျိုးသားလုံခြုံရေးမဟာဗျူဟာသည် အဆိုပါတိုင်းပြည်ကကျင့်သုံးသည့် နိုင်ငံရေးစနစ်ကို ပုံဖော်ပြသပါသည်။ သို့ဖြစ်၍ တိုင်းပြည်တစ်ပြည်သည် မိမိ၏အမျိုးသားလုံခြုံရေးအဓိပ္ပါယ်ဖွင့်ဆိုမှုကို ကျဉ်းမြောင်းသော အမျိုးသားရေး အယူအဆ၊ ကိုယ်ကျိုးစီးပွားကိုကာကွယ်မှုရှေ့တန်းတင်သောအယူဝါဒနှင့် အတွေးအခေါ်အပေါ် အခြေခံသော အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် ပိုမိုကျယ်ပြန့်သောနယ်ပယ်တို့ကို ချင့်ချိန်တွက်ချက်၍ ကျယ်ပြန့်သောအဓိပ္ပါယ် ဖွင့်ဆိုမှုတို့အနက် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးဖြင့် မိမိတိုင်းပြည်၏အမျိုးသားလုံခြုံရေးကိုပုံဖော်သနည်းဆိုသည့် အချက်သည် အဆိုပါ တိုင်းပြည်တွင်မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုအတွက်သာမက အဆိုပါတိုင်းပြည်နှင့် နယ်နမိတ်ခြင်းထိစပ်နေ သော အိမ်နီးခြင်းတိုင်းပြည်အတွက်ပါ အရေးကြီးပါသည်။ ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုမှုများအနက် ဒီမိုကရေစီမိခင်နိုင်ငံကြီးအိန္ဒိယမှ ပညာရှင်ပရာဘတ်ပါရန်ပါလာရီ ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ နိုင်ငံအများက အထူးအလေးထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဟု ပြောနိုင်ပါသည်။ ပရာဘတ်ပါရန်ပါလာရီ က “အမျိုးသားလုံခြုံရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်သည့် အချိန်ကာလတွင်မဆို ဘက်ပေါင်းစုံခြိမ်းခြောက်မှုကို ကျော်လွှားနိုင်ပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသားကို အာမခံ ချက်ပေးသည့် အမျိုးသားနိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာတည်တည်တံ့တံ့ ရပ်တည်နေနိုင်အောင်လုပ် ဆောင်နိုင် သည့် စွမ်းပကားမျိုးဖြစ်သည်” ဟု ဖွင့်ဆိုခဲ့ပါသည်။ ဘက်ပေါင်းစုံခြိမ်းခြောက်မှုရှိနိုင်သည့် ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှဆင်းသက်သော တိုင်းပြည်တိုင်းလိုလိုသည် အမျိုးသားလုံခြုံရေးကို ပိုမိုကျယ်ပြန့်သော အဓိပ္ပါယ်ဖွင့် ဆိုမှုဖြင့် ချဉ်းကပ်ကြပါသည်။ ၂၁ ရာစုခေတ်၏ အမျိုးသားလုံခြုံရေးအပေါ် ကျယ်ပြန့်သောခြိမ်းခြောက်မှုတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ နိုင်ငံတော်၏အကျိုးစီးပွားနှင့် လူသားမျိုးနွယ်စုကိုခြိမ်းခြောက်နေသော အန္တရာယ်များဖြစ်သည့် မူးယစ်ဆေး ဝါးပြဿနာများ၊ ဆင်းရဲမွဲတေမှုများ၊ သဘာဝပါတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ သဘာဝကပ်ဘေးအန္တရာယ် များအပြင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ လူကုန်ကူးမှုစသည့် အချက်များကိုပါ ထည့်သွင်းစဉ်းစားလာကြပါသည်။ ပြောင်းလဲ လာသောခေတ်စနစ်၏အခြေအနေနှင့် အသစ်အသစ်သောခြိမ်းခြောက်မှုများကြောင့် အတော်အတန် ပြီးပြည့်စုံသည့် အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာကိုချမှတ်ကျင့်သုံးခဲ့သော တိုင်းပြည်များပင်လျှင် မိမိတို့တိုင်းပြည်၏ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍကို ခေတ်စနစ်နှင့်အညီပြန်လည်သုံးသပ်၍ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ပြန်လည်ပြင်ဆင် မွမ်းမံရေးဆွဲချမှတ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာစဉ်းစားချက်ကို လေ့လာကြည့်သည့်အခါတွင် ရှည်လျားသည့် စစ်အာဏာရှင်နောက်ခံပြုသမိုင်းဖြစ်ရပ်အပေါ်အခြေခံ၍ အမျိုးသားလုံခြုံရေးကို အလွန်ကျဉ်းမြောင်းသော အယူအဆ အဖြစ် စစ်တပ်၏အခန်းကဏ္ဍကိုရှေ့တန်းတင်၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ ဤသည်မှာလည်း အခြားနိုင်ငံများနှင့်မတူသည့် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းနှင့် ထူးခြားသည့် အာဏာခွဲဝေပုံကြောင့်ပင်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်သည်အရပ်သားအစိုးရ၏ အလုပ်ချုပ်မှု အောက်တွင်ရှိပြီး အမျိုးသားလုံခြုံရေးကို နိုင်ငံတော်၏အချုပ်အခြာအာဏာအပြင် လူသားမျိုးနွယ်လုံခြုံရေးကိုပါ ထည့် သွင်းစဉ်းစားသဖြင့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို အစိုးရ၏လုံခြုံရေးကဏ္ဍတွင်တာဝန်ရှိသူများသာမက ပညာရှင် များနှင့်ပါတိုင်ပင်ရေးဆွဲကြပါသည်။ မြန်မာနိုင်ငံ၏ဖြစ်စဉ်တွင်မူ ၂၀၀၈ ဖွဲ့စည်းပုံက အပ်နှင်းထားသောအာဏာအရ နိုင်ငံ၏အမျိုးသားလုံခြုံရေးကို ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် တပ်မတော်တွင်သာ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားပြီး တပ်မတော်ကလည်း အမျိုးသားလုံခြုံရေးကဏ္ဍတွင်အရေးပါသည့် ဝန်ကြီးဌာနများကို တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်သဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာပြင်ဆင်မှုကို ကြည့်လျှင် တပ်မတော်က ၂၀၁၅-ခုနှစ်တွင် ထုတ်ပြန်ထားသည့် နိုင်ငံ တော်ကာကွယ်ရေးစက္ကူဖြူစာတမ်း (National Defense White Paper) ကိုသာတွေ့ရမည်ဖြစ်ပါသည်။ အဆိုပါ စက္ကူဖြူစာတမ်းကိုလေ့လာကြည့်လျှင် နိုင်ငံတော်အချုပ်အခြာလုံခြုံရေးရှုထောင့်မှသာ ချဉ်းကပ်စဉ်းစားသည့် တပ်မ တော်လက်တွင်း အတွက်ရေးဆွဲထားသော အလွန်လစ်ဟာချို့ယွင်းသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာဖြစ်နေ သည်ကိုတွေ့ရမည်ဖြစ်သည်၊ အဘယ်ကြောင့်နည်း၊ ရှှုင်းပါသည် တပ်မတော်၏လုံခြုံရေးစက္ကူဖြူစာတမ်းသည် ပြည်သူလူထုတစ်ရပ်လုံးကို လုံခြုံမှုပေးရမည့် လူသားမျိုးနွယ်လုံခြုံရေးကိုမျက်ကွယ်ပြုထားသည့်အပြင် အဆိုပါ လူသားမျိုးနွယ်လုံခြုံရေးအတွက်တာဝန်ရှိသည့်ဌာနများ၏ အရေးပါသည့် ပါဝင်မှုအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား တွက်ချက်မှုမရှိသောကြောင့်ဖြစ်ပါသည်။ အဆိုပါလစ်လာချို့ယွင်းမှုသည် ယခုချိန်မှစတင်ခဲ့ခြင်းမဟုတ်ဘဲ အာဏာရှင်စနစ်စတင်အမြစ်တွယ်ခဲ့ချိန် ကတည်းက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ယခင်အာဏာရှင်အစိုးရလက်ထက်များ ကောင်းစွာပြင်ဆင်ကာကွယ်ခဲ့ခြင်းမရှိသော အမျိုးသား လုံခြုံရေးကို အဓိကခြိမ်းခြောက်သည့် ပြဿနာများဖြစ်သည့် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လူသားမျိုးနွယ်လုံခြုံရေး ကိုခြိမ်းခြောက်နေသည့် အနောက်တံခါးနှင့်လူဝင်မှုဆိုင်ရာ ပြဿနာများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ကျန်းမာရေးကပ် ဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာပြဿနာများ၊ တရားဥပဒေစိုးမိုးရေးလျော့ရဲမှုနှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ ပြဿနာများကို ယခုအချိန်တွင် တိုင်းပြည်ကခါးဆည်းခံလာရခြင်းဖြစ်ပါ သည်။ ထို့သို့ယခင်ကတည်းက မဟာဗျူဟာကျကျကာကွယ်ရန်ပြင်ဆင်ခဲ့ခြင်းမရှိသည့်အပြင် ယခုချိန်ထိလည်း...
ဆောင်းပါး
“ကယားလူမျိုးတို့ရဲ့ လိပ်ပြာခေါ်ပွဲ”
Kantarawaddy Times
-
October 14, 2019
မော်ဦးမြာ ရေးသားသည်။ လူမျိုးတိုင်းမှာ ရိုးရာပွဲတွေ ကိုယ်စီရှိကြပါတယ်။ ကယားလူမျိုးမှာလည်း ရိုးရာပွဲတွေ မြောက်များစွာ ရှိပါတယ်။ ဒါ့အပြင် လိပ်ပြာခေါ်ပွဲ(အီလာဇို) ဆိုတာလည်း ရှိနေပါသေးတယ်။ လိပ်ပြာခေါ်ပွဲ(အီလာဇို) ကတော့ အသက်ရှင်နေတဲ့သူတွေရဲ့ လိပ်ပြာကို အသက်ရှင်နေတဲ့ သခင်ထံ ခေါ်လာခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီပွဲကိုတော့ ရိုးရာပွဲတွေလိုပဲ နှစ်စဉ်ပုံမှန်...
မာလ်တီမီဒီယာ
ဖရူဆိုမြို့နယ်အတွင်းမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေက ဘာများပါလဲ။
Kantarawaddy Times
-
October 14, 2019
ဖရူဆိုမြို့နယ်အတွင်းမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေက ဘာများပါလဲ။
မာလ်တီမီဒီယာ
KNPP မှ မူးယစ်ဆေးများ ကိုယ်တိုင်ဖမ်းပေးနေရ
Kantarawaddy Times
-
October 14, 2019
KNPP မှ မူးယစ်ဆေးများ ကိုယ်တိုင်ဖမ်းပေးနေရ
ဆောင်းပါး
တရားမျှတဖို့ ရပ်တည်ပြောဆိုပေးမည့် ကိုယ်စားလှယ် တောင်သူတွေမျှော်လင့်နေကြပြီ
Kantarawaddy Times
-
October 14, 2019
မော်ဦးမြာ ဒေါဆိုရှေး တောင်သူတွေက သူတို့ရဲ့ တောင်ယာကိုပြန်ရနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုတရားစွဲထားတဲ့ စစ်တပ်တွေက သူတို့ကို ဖြေလျော့ပေးမလား၊ ဒါမှမဟုတ် သူတို့မြေပေါ်မှာ သူတို့လုပ်စားနေတာ အခုထောင်ကျခံရတော့မလား စတဲ့လိုက်မမှီနိုင်တဲ့တရားစီရင်ရေးကိစ္စရပ်တွေမှာ သူတို့ အမျိုးမျိုးစိုးရိမ်ကြောက်ကြမှုတွေအပြည့်နဲ့ ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့မှာ နေ့တိုင်းရက်ဆက်ပြီး တရားရုံးရှေ့မှာအရောက်လာနေကြတာကို မြင်တွေ့နေရတယ်။ သူတို့တွေ စစ်တပ်က တရားစွဲထားလို့ အခုလို...
အတွေးအမြင်
မြန်မာ့ငြိမ်းချမ်းရေး၏ အရသာကိုမြည်းစမ်းကြည့်ခြင်း
Kantarawaddy Times
-
October 11, 2019
ဘိုထီး ငြိမ်းချမ်းရေးဆိုတဲ့အရာဟာ လိုချင်မှရတဲ့အရာမဟုတ်ပါဘူး။ ပေးချင်မှရတဲ့ အရာဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုချင်လို့ လုပ်တဲ့လုပ်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်တာကြောင့် ငြိမ်းချမ်းရေးခရီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ယာယီရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေထိရောက်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပါဝင်တဲ့ ခေါင်းဆောင်တစ်ဦးက "လက်ရှိပြုလုပ်နေတဲ့...
Commentary
ဘတ်ဂျက် Law ကပြနေသော Federalism
Kantarawaddy Times
-
October 10, 2019
ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနဲ့တိုင်းဒေသကြီး/ပြည်နယ်များ၏အရအသုံးခန့်မှန်းခြေစာရင်း နဲ့ ပတ်သက်ပြီး အတည်ပြုခဲ့တာ တွေ့ရပါသည်။ မကြာမီ သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေငြာမှာ ဖြစ်သလို တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြည်ထောင်စုမှ အတည်ပြုလိုက်သည့် ထောက်ပံ့ငွေသဘောတူညီချက်ကို ဒေသလွှတ်တော်များတွင် ပြန်လည်အတည်ပြုတင်သွင်းဆောင်ရွက် ကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်...
ပညာရေး
တောင်ပေါ်ဒေသတိုင်းရင်းသားစာပေ သင်ကြားနေပြီဖြစ်သော်လည်း လိုအပ်ချက်များရှိနေသေး
Kantarawaddy Times
-
October 10, 2019
မီမြာ၊ဦးမြာ ကယားပြည်နယ်တွင်းရှိ ဖရူဆိုမြို့နယ် အနောက်ဘက် တောင်ပေါ်ဒေသများတွင် တိုင်းရင်းသားစာပေများသင်ကြားနေပြီဖြစ်သော်လည်း သင်ကြားရေးတွင်အခက်အခဲများရှိနေသေးကြောင်း ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စု ခူမိုထီကျေးရွာတွင်နေထိုင်သူ ခူးပေါလူက ပြောပါသည်။ တိုင်းရင်းဘာသာ သင်ကြားပေးသောဆရာမသည်တခြားကျေးရွာမှ နေ၍လာရောက်သင်ကြားပေးရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု ဆိုပါသည်။ “ မိုးရာသီဆို သွားလာရတာအဆင်မပြေဘူး။ မိုးတအားရွာလို့ရှိရင် သူတို့မသွားနိုင်တော့ဘူး အဲ့လိုဖြစ်တယ် ဖြစ်နိုင်ရင်ဒီ ရွာသားအချင်းချင်းဆို အဆင်ပြေမယ်။...
ဆောင်းပါး
“ခေတ်နောက်ပြန်ဆွဲတဲ့ မြန်မာ့ငြိမ်းချမ်းရေး”
Kantarawaddy Times
-
October 10, 2019
မော်ဦးမြာ မြန်မာ့ငြိမ်းချမ်းရေးသည် နောက်ပြန်ဆုတ်နေခြင်းလားဆိုပြီး ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက မေးခွန်းထုတ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားဒေသ (ကချင်၊ ရခိုင်၊ ရှမ်းမြောက်)တွေမှာ တစ်ကျော့ပြန် စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားနေခြင်းလည်းပါပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီးသားဖြစ်တဲ့ဒေသတွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။ “အခုချိန်ထိရပ်တန့်နေမလားလို့ ပြောလို့...
ဆောင်းပါး
အိမ်ရှင်မတို့၏ အိမ်မက်
Kantarawaddy Times
-
October 9, 2019
ဦးမြာ၊ မီမြာ ရေးသားသည်။ ကယားပြည်နယ် ဒီးမော့ဆိုမြို့တနန်းဥကွိုင် တွင်နေထိုင်သော ဒေါ်အန်တောညာသည် နံနက်စောစောတွင် အိမ်မှုကိစ္စများနှင့်အလုပ်ရှုပ်နေသည်။ မနက်အစောပိုင်းတွင် ဝေါလ်ဗီရှင်မှထောက်ပံ့ပေးသည့် ဒေသဝက်မျိုးများကို အစာကျွေးခြင်း၊ သားသမီးများကျောင်းပို့ပေးရန် ပြင်ဆင်ခြင်းစသည့်ဖြင့် အလုပ်များနေလျက်ရှိသည်။ နံနက်၈နာရီအချိန်တွင် အိမ်အလုပ်လုပ်ပြီးသောအခါ သားလေးအားမူကြိုကျောင်းပို့ရန် ပြင်ဆင်ပေးနေသည်။ သားအားမူကြိုကျောင်းသို့ ဆိုင်ကယ်ဖြင့်လိုက်ပို့ပြီး အိမ်ရောက်သောအခါ သမဝါယမရုံးသို့ သင်တန်းသွားရန်ပြင်ဆင်ပြီး...
1
...
747
748
749
...
871
Page 748 of 871
Latest news
KT-FM ကရင်နီဘာသာ အစီအစဉ် ဖေဖော်ဝါရီလ ( ၅) ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)
February 5, 2025
ဖေဖော်ဝါရီ လ ၅ ရက် ဗုဒ္ဓဟူးနေ့ ညနေခင်းရုပ်သံသတင်းအစီအစဉ်
February 5, 2025
မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းကာလ ၄နှစ်ဝန်းကျင်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈ထောင်ကျော် ပြုလုပ်ခဲ့ ၊ ရှမ်းပြည်မှာ တိုက်ခိုက်ခံရမှုအများဆုံးဟုဆို
February 5, 2025
ကျန်းမာရေးဝန်ဆောင်မှု ရက်ပေါင်း (၉၀) ဆိုင်းငံ့ခံရမှုအပေါ် ဒုက္ခသည်လူထုတွေရဲ့ စိုးရိမ်ပူပန်မှု
February 5, 2025
စစ်ကောင်စီ ဇီဝိန်ချွေခဲ့သော ကျောင်းသားပစ်မှတ်များ
February 5, 2025
- Advertisement -