spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7989 POSTS
0 COMMENTS

ကမာ္ဘကို ရင်ဘောင်တန်းမည်

ကမာ္ဘကို ရင်ဘောင်တန်းမည်

ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ ပြည်နယ်လွှတ်တော်အတည်ပြု

ထျိုးမြာ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေအား ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)က အတည်ပြုခဲ့ကြောင်း သိရသည်။ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)ကို ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်သို့ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာတင်ပြခြင်း၊ ပြတိုက်နှင့်စာကြည့်တိုက်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန်အမည်စာရင်းတင်သွင်းခြင်းနှင့်...

လူ့အခွင့်အရေးဆိုင်ရာစာချုပ် လက်မှတ်ထိုးရန် အစိုးရကို တောင်းဆို 

ထျိုးမြာ တောင်းဆိုမှုများပြားလာမှသာ နိုင်ငံတကာစာချုပ်ဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာစာချုပ်တွင် မြန်မာနိုင်ငံအစိုးရက လက်မှတ်ထိုးနိုင်ရေးအတွက် အာရုံစိုက်လာမည်ဟု ညီမျှခြင်းမြန်မာ(Equality Myanmar)၏ ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။ အဆိုပါစာချုပ်ကို မြန်မာအစိုးရက လက်မှတ်ထိုးလိုက်ခြင်းဖြင့် ပြည်သူအတွက် အကာကွယ်ပေးသော ဥပဒေများထွက်ပေါ်လာစေနိုင်မည့် အကျိုးရလဒ်များ ရရှိလာနိုင်ကြောင်း အောင်မျိုးမင်းက ပြောသည်။ “လက်နက်ကိုင်စစ်ပွဲတွေဖြစ်တဲ့အတွက် ပြည်သူလူထုက အခုချိန်ထိ အိုးအိမ်အတည်တကျ မဖြစ်သေးတဲ့အရာတွေ...

လုံ/နယ်ဝန်ကြီး(ဟောင်း)အစား အခြားတပ်မတော်သား ကိုယ်စားလှယ် တစ်ဦးပြောင်းလဲခန့်အပ်

ထျိုးမြာ တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်မျိုးတင်အစား ပြောင်းလဲတာဝန်ပေးလိုက်သည့် ဗိုလ်ကြီးရွှေတိုးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာလက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် ယခင်အစိုးရသက်တမ်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် ကိုင်တွယ်ခဲ့သည်။ ယခုမူကာ ၎င်းရာထူးအား အခြားတပ်မတော်သား ကိုယ်စားလှယ်ဖြစ်သော ဗိုလ်မှူးကြီးမြင့်ဝေအား အစားထိုး ခန့်အပ်ထားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် သာမန်တပ်မတော်သားလွှတ်တော်ကိုယ်စားအဖြစ်သာ တာဝန်ယူထားရာက ပြောင်းလဲ...

ဖွံ့ဖြိုးရေးစီမံကိန်း အလွှဲသုံးစားမှု မဖြစ်ဖို့

ကန္တာရဝတီတိုင်း(မ်) လူထုဗဟိုပြုဖွံ့ရေးစီမံကိန်းတွေဆိုတာ လူထုတရပ်လုံးနဲ့ နီးနီးကပ်ကပ် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အတူတူ အကောင်အထည် ဖော်ဆောင်ပြီး ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရတဲ့ စီမံကိန်းဖြစ်တယ်လို့ သဘောပေါက်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းအစပြုခဲ့တဲ့ လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေအထောက်အပံ့၊ နည်းပညာအကူအညီနဲ့ ကယားပြည်နယ်က ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ်မှာ...

ဖါးဆောင်းမြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် ဒေသခံများ အလိုရှိ

ဖဲဘူး ဖားဆောင်းမြို့သစ် စီမံကိန်းအတွက် လျာထားသော မြေနေရာများအနက် ဒေသခံများကို အချိုးကျ ပြန်ပေးမည့် မြေဧရိယာကို အစိုးရဘက်မှ တိကျသည့် အာမခံချက်ပေးရန် ဒေသခံများက လိုလားနေကြသည်။ ကယားပြည်နယ် ဖားဆောင်းမြို့၏ မြို့ပြစီမံကိန်းအတွက် ဒေသခံများ၏ စိုက်ပျိုးယာမြေ ၁၀၃၉ ဧကကို စီမံကိန်းဖေါ်ဆောင်ရန် အစိုးရဘက်မှ လျာထားနေခြင်း ဖြစ်သည်။ မြေနေရာများကို စီမံကိန်းအတွက်...

ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရကို လေ့လာခြင်း ( ၂ )

ကယားပြည်နယ်လွှတ်တော်ကို လေ့လာခြင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂ဝ နှင့် ၂၁ ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်းသည် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်ပေသည်။ ပြီးခဲ့သော ပုံမှန် အစည်းအဝေး...

ဒေသ၏ ပညာရေးအခြေအနေကြောင့် လူထုဗဟိုပြုစီမံကိန်း အခက်ကြုံ

မူအက်စတာ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်သည့်နေရာတွင် ပညာရေးအခြေအနေကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဖရူဆိုမြို့နယ်တာဝန်ခံက ပြောသည်။ ဖရူဆိုမြို့နယ် လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတာဝန်ခံ စောဘရာထူးက "ပညာရေးအရ နည်းနည်းလေး။ ကျောင်းမတက်ရတော့လေနော။ ၂ တန်း ၃ တန်း အထိပဲ တက်ဖူးတော့ ဗမာစကားသိပ်နားမလည်တော့...

ကယားပြည်နယ်တွင် H1N1 ရောဂါ ဖြစ်ပွားသူ မရှိသေး

ထျိုးမြာ ရာသီ်တုပ်ကွေးရောဂါ တစ်ခုဖြစ်သော Seasonal Influenza A (H1N1) မြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပွားနေသော်လည်း ကယားပြည်နယ်တွင် ဇူလိုင် ၂၆ ရက်နေ့အချိန်အထိ H1N1 ရောဂါ ဖြစ်ပွားသော လူနာ မတွေ့ရှိရသေးကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က အတည်ပြုသည်။ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ ဒေသအချို့၌ ဖြစ်ပွားနေသော...

တော်ခူရွာဟောင်းကျေးရွာအတွက် ကျေးလက်ကျန်းမာရေးဌာနကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်

ထျိုးမြာ ဖရူဆိုမြို့နယ် ၊ တော်ခူရွာဟောင်းနှင့် ၎င်းနှင့်နီးစပ်ရာအနီးတစ်ဝိုက်ရှိ တိုင်းရင်းသားပြည်သူလူများ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပိုပြီးဆောင်ရွက်ပေးနိင်ရန်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲထက် ပို၍ အဆင့်မြင့်သော တော်ခူရွာဟောင်း ကျေးလက်ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ယာများပါဝင်မည့် စံပြကျေးလက်ကျန်းမာရေးဌာနကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ရန် တင်ပြတောင်းခံထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြောသည်။ ဇူလှိုင်လ ၂ဝ ရက်နေ့မှ...

Latest news

- Advertisement -spot_img