spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7934 POSTS
0 COMMENTS

သန်စွမ်းသူတွေလို အခွင့်အရေးတန်းတူရှိရင်တော့ စိုးရိမ်စရာမရှိဘူး

စူးမယ် ၊ ထျိုးမြာ နေအိမ်ခြံဝင်းတစ်ခုထဲက သစ်ပင်အောက် ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ခေါင်းငုံ့စာရေးနေတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယာက် အာရုံစူးစိုက်စာရေးနေတာကိုကြည့်ရင် သူမဟာ သာမန် လူတစ်ယောက်လို့ပဲ ထင်မြင်မိမှာပါ။ တကယ်ပါပဲ သူမဟာ သာမန်လူတစ်ယောက်ပါပဲ။ သူမဟာ ခြေတု တစ်ဖက် တပ်နေရတာကလွဲလို့ သာမန်လူတစ်ယောက်လုပ်နိုင်တဲ့ အလုပ်အားလုံးကို လုပ်နိုင်သူလည်း...

တောင်သူများထံ ပေးအပ်သည့် (ပုံစံ-၇) မြေပြင်နှင့်ကိုက်ညီမှုမရှိမှာစိုးရိမ်

စူးမယ် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇)ထုတ်ပေးရာ သက်ဆိုင်ရာဌာနမှ မြေပြင်ကွင်းဆင်းမတိုင်းတာသည့် နယ်မြေဒေသတချို့တွင် မြေပုံလွှဲမှားမှုများ ဖြစ်ပေါ်မည်ကို ဒေသခံများ ကစိုးရိမ်နေကြသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ပေးအပ်သည့် မြေဧကများမှာ လူကိုယ်တိုင်ကိုယ်ကျ ယာထဲသို့ သွားရောက် တိုင်းတာခြင်း မဟုတ်ပဲ မြေပုံထဲမှ ကြည့်ပြီး ခန့်မှန်းသည့်အတွက်ကြောင့် မြေပြင်နှင့် ကိုက်ညီမှု...

ကေအဲန်ပီပီ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်နှင့် တွေ့ဆုံခြင်း

စူးမယ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အစိုးရတို့အကြား ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သေဘောတူ စာချုပ် ချုပ်ဆိုသည့် အချိန်မှာ ယခုဆိုလျှင် ၅ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ၅ နှစ်တာအတွင်း သဘောတူညီထားကြသည့် အချက်အလက်များနှင့် မြေပြင်တွင်ကြုံတွေ့နေရသည့် အခြေအနေမေးမြန်ထားချက်တွေကို ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။ မေး။ ပြည်နယ်အဆင့် ကေအဲန်ပီပီနဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲရေးယူထားတာ ဒီလမှာဆိုရင် ၅...

ခရီးသွားလုပ်ငန်းများ စိတ်ဝင်စားလာကြသည့် သဘာဝ ဖရူနူ ရေတံခွန်အလှ

မူအက်စတာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်/တိုင်းတွေအလိုက်မှာ ၎င်းတို့ကိုယ်စီအလှတရားလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကျွန်မတို့ ကယားပြည်နယ်မှာဆိုရင်လည်း သွားရောက်လည်ပတ်စရာ နေရာလေးတွေ၊ တောတောင်သဘာဝအလှ၊ ရေမြေအလှ၊ တိုင်းရင်းသားရိုးရာ အလှလေးတွေ၊ ရောက်လေရာနေရာတိုင်းမှာလည်း အမှတ်ရစရာနေရာလေးတွေက အများကြီးရှိနေပါတယ်။ ကယားပြည်နယ်မှာ လေ့လာစရာ၊ လည်ပတ်စရာကောင်းတဲ့ နေရာလေးတွေ အများကြီးရှိတဲ့အနက် ဖရူဆိုမြို့ပေါ်ကနေ နာရီဝက်လောက်အကြာ တောင်တက်တောင်ဆင်း အကွေ့အပတ်တွေကြားမှာ ကားစီးရင်း...

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တွေ့ဆုံခြင်း

စူးမယ် အစိုးရအသစ် သက်တမ်းတစ်နှစ်ပြည့်အပြီး ကယားပြည်နယ်အတွင်း ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့် စိန်ခေါ်မှုများကို ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားချက်တွေကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ မေး။ ဝန်ကြီးချုပ်တို့ လုပ်ဆောင်တဲ့ လုပ်ငန်းတွေထဲက အအောင်မြင်ဆုံးတစ်ခုကို ပြောပေးပါ။ ဖြေ။ အအောင်မြင်ဆုံးကတော့ လမ်းပန်းဆက်သွယ်ရေးက ထိုက်သင့်တဲ့အတိုင်းအတာအထိ အောင်မြင်အောင် ဖော်ဆောင်နိုင်တယ်လို့တော့ ကိုယ့်ကိုကိုယ် သိထားတယ်ပေါ့။ မေး။ လုပ်ဆောင်လို့ မအောင်မြင်လိုက်တဲ့...

တချိန်က အမဲနယ်မြေ ဖြစ်ခဲ့တဲ့ရွာက ဖွံ့ဖြိုးမှု နှောင့်နှေးနေဆဲပါ

ဦးမြာ ဒီးမော့ဆိုမြို့ရဲ့ အရှေ့ဘက်ခြမ်းရှိ ကယားလူမျိုးတွေနေထိုင်ကြတဲ့ ဘိုးလျားကျေးရွာကို ဆိုင်ကယ်နဲ့ တစ်နာရီလောက်အကြာမောင်းပြီး အလည်တခေါက်ထွက်ခဲ့ဖြစ်ပါတယ်။ အဲဒီရွာကို ဒီးမော့ဆိုကနေ ဒေါတမကြီးဘက်ကိုသွားတဲ့လမ်းဘက်ကိုသွားတဲ့လမ်းကနေ ဒေါလောခူရွာအရောက်မှာဘဲ လမ်းခွဲလေးကနေ ဆက်သွားရပါတယ်။ ၎င်းကျေးရွာရှိ ဒေသခံပြည်သူဟာ တစ်နိုင်တစ်ပိုင် လုပ်ငန်းများ ဖြစ်တဲ့ တောင်ယာ၊ လယ်ယာကိုသာ စားဝတ်နေရေးအတွက် အဓိကထား လုပ်ကိုင်နေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ မနက်ခင်းလေးရဲ့ ရွာအဝင်မှာဆို...

UNFC အဖွဲ့ဝင်များ ၂၁ ရာစုပင်လုံ မတက်ဖြစ်ပါက အခြားနည်းဖြစ်လည်း စာတမ်းတင်မည်မဟုတ်

ထျိုးမြာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ(UNFC) အနေနှင့် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံဒုတိယအကြိမ်အစည်းအဝေးတွင် တက်နိုင်မတက်နိုင်ကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်ဟု UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။ တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ် မရေးထိုးရသေးပါက အထူးဖိတ်ကြားသူအနေနှင့်လည်း တက်ရောက်မည်မဟုတ်ကြောင်းနှင့် တစ်ခြားနည်းလမ်းနည်းဖြင့်လည်း စာတမ်းတင်မည်မဟုုတ်ကြောင်း ပြောပါသည်။ “ တစ်ကယ်လို့ ကျနော်တို့လက်မှတ်မထိုးသေးဘူးဆိုရင်တော့...

စားသုံးသူအခွင့်အရေး ပြည်သူများကိုချပြရန် ဝန်ထမ်းအင်အားမရှိ

ထျိုးမြာ ပြည်သူလူထုများအနေနှင့် စားသုံးသူဆိုင်ရာ အခွင့်အရေးကို မသိခြင်းသည် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများ၏ အားနည်းမှုကြောင့်ဟု ကယားပြည်နယ် စာသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်း က ပြောသည်။ ပြည်သူများအနေနှင့် ၎င်းတို့၏စားသုံးသူဆိုင်ရာ အခွင့်အရေးများကို မသိသောကြောင့် ပြည်နယ်တွင် ဖွဲ့စည်းထားသော စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံ တိုင်းကြားမှုအားနည်းနေသည်ကို တွေ့ရသောကြောင့် ၎င်းတို့အနေနှင့်...

မယ်စဲ့နယ်စပ်ကုန်သွယ်ရေး ထင်သလောက်ခရီးမပေါက်

ထျိုးမြာ ကယား(ကရင်နီ) ပြည်နယ်မယ်စဲ့မြို့နယ်ဘက်မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်လိုက်တာဟာ ငါးလဝန်းကျင်ရှိပါပြီ။ ဒါပေမဲ့ ကြီးမားတဲ့ကုန်သွယ်မှုတွေ လုံလောက်တဲ့အခြေအနေမရှိသေးတာကို တွေ့ရပါတယ်။ ဒါဟာနှစ်ဘက်နားလည်မှုစာချွန်လွှာထိုးလိုက်ရုံနဲ့တော့ ရှင်းလင်းတိကျတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေရှိမနေသေးဘဲ နားလည်မှုအခြေခံ သို့မဟုတ် မြေစမ်းခရမ်းပျိုးအဆင့်နဲ့ သွားမလားဆိုတာမျိုး စဉ်းစားကြကောင်း စဉ်းစားလိမ့်မယ်။ အဆင်သင့်ဖြစ်မှုအဆင့်ကတော့ ခုနေအခါမှာ မတွေ့ရသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တာဝန်ရှိသူတဦးက သုံးသပ်ပြောပြပါတယ်။ ဥပမာဆိုရင်...

Latest news

- Advertisement -spot_img