spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

8587 POSTS
0 COMMENTS

မူးယစ်သတင်းပေးတိုင်ကြားသူနှင့် လက်ရဖမ်းဆီးပေးသူများကို ဆုကြေးပေးမည်

လင်းသန့် မူးယစ်ကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားမှုများအား သတင်းပေး တိုင်ကြားသူများနှင့် လက်ရ ဖမ်းဆီးသူများအား ဆုကြေးများ ချီးမြှင့်ပေးသွားမည်ဟု ဇွန် ၂၆ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ သမ္မတဦးဝင်းမြင့်က ပြောကြားသည်။ “သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက် တန်တန်ဆုကြေး ချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို...

မတည်ငြိမ်သောနိုင်ငံရေးကြောင့် ကယား၌ စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံရန် မဝံ့မရဲဖြစ်

မူအက်စတာ လက်ရှိကယား(ကရင်နီ)ပြည်နယ်သည် ငြိမ်းချမ်းနေပြီဟုဆိုသော်လည်း နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခဲ့သည့် အချိန်များစွာ ကြုံတွေ့နေခဲ့သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးပြည်နယ်ထဲတွင် ပါဝင်နေရသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံး၏ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။ “စီးပွားရေးလုပ်ငန်းရှင်နဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီဟာကိုစောင့်ကြည့်နေတယ်ပေ့ါ။ အထူးသဖြင့် NCA မထိုးရသေးတဲ့အချိန်ကိုလည်း သူတို့စောင့်ကြည့်နေပါတယ်။ ဒီအခြေအနေတွေက ရင်းနှီးမြှုပ်နှံသူတွေအတွက်...

တိုင်းရင်းသားအခွင့်အရေးတိုးတက်မှု ပထမခြေလှမ်းသာရှိသေးဟု တိုင်းရင်းသားရေးရာဝန်ကြီးဆို

နော်ဒွေးအယ်ခူ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ခြင်းအားဖြင့် တိုင်းရင်းသားများ ထပ်မံအခွင့်အရေးများရရှိနိုင်ရန် ပထမခြေလှမ်းသာဖြစ်သေးကြောင်း ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက ပြောသည်။ “ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့အခွင့်အရေးဟာ ကျွန်တော်တို့လုပ်နိုင်ရင်လုပ်နိုင်သလောက်၊ တိုင်းရင်းသားတွေ ကြိုးစားရင် ကြိုးစားနိုင်သလောက် အခွင့်အရေးရပါမယ်။ ဒီလိုပဲ ကျွန်တော်ခံယူထားတာပေါ့”ဟု ၎င်းက ပြောသည်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲကို ဇွန်လ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ကယန်းတိုင်းရင်းသားတွေအနေနဲ့ ပိုပြီးတော့...

စစ်ဆေးရေးဂိတ်တွေ ပြည်သူအတွက် လုံခြုံမှုရှိရဲ့လား

မူအက်စတာရေးသားသည်။ ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ကြီးကနေ ထွက်လာပြီဆိုတာနဲ့ စစ်ဆေးရေးဂိတ်တစ်ခုတော့ အနည်းဆုံးတွေ့ရမှာဖြစ်ပါတယ်။ လွိုင်ကော်မြို့ကြီးကနေ ဒီးမော့ဆိုမြို့ ဖရူဆိုမြို့သို့ သွားလာမယ်ဆိုလျှင်တော့ တောက်လျှောက်ဂိတ်တွေရှိပါတယ်။ ကယား(ကရင်နီ)ဂိတ်တွေတော်တော်များများကို ပြည်သူတွေက ဖြတ်သန်းသွားလာဖူးကြပါတယ်။ မြန်မာနိုင်ငံမှာ အသေးဆုံးပြည်နယ်ဖြစ်တဲ့ ကယားပြည်နယ်မှာ အစိုးရဌာနဆိုင်ရာစုပေါင်းဂိတ်၊ စစ်တပ်ဂိတ်၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းဂိတ်၊ နယ်ခြားစောင့်တပ်ဂိတ်တွေ ၊ ပြည်သူ့စစ်ဂိတ်၊ စစ်လေ့ကျင့်ရေးကျောင်းဂိတ် နိုင်ငံခြားနယ်စပ်ဂိတ်နဲ့ အကောက်ခွန်ဂိတ်...

တရားမဝင်ယမ်း လက်ဝယ်ထားရှိသူများကို ၂ လအတွင်း ဖေါ်ထုတ် တရားစွဲဆို

နော်ဒွေးအယ်ခူ ကယားပြည်နယ်၊ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံအတွင်း တရားမဝင်ယမ်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ရမှုနှင့် ပတ်သက်၍ ကွင်းဆက်တရားခံများကို အမှုဖွင့်တရားစွဲဆိုထားကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်တွင်တရားခံဖြစ်သူ ဒေါ်မြမြစိမ်း(ခ)အားတုံအား လက်နက်ဥပဒေ ပုဒ်မ ၁၈(ဂ)/ ၁၉(စ)၊ လျူကြင်းအား လက်နက်ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့်လည်းကောင်း၊ ယာဉ်မောင်း...

လူထုဆန္ဒရယူနိုင်မှ ဘိလပ်မြေစက်ရုံဆောက်ပါဟု ကယား ဝန်ကြီးချုပ်ပြော

ခူးစိုးရယ်ဦး ဒေသခံလူထုများ၏ ခွင့်ပြုချက် သဘောထားဆန္ဒများ ရယူနိုင်ပါက ဘိလပ်မြေစက်ရုံစီမံကိန်းကို ရင်းနှီးမြှုပ်နှံခွင့်ပြုပေးမည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။ “ကျွန်တော်က ပြည်သူလောက် အာဏာမရှိဘူး၊ ပြည်သူသာ အာဏာအရှိဆုံး၊ ပြည်သူကိုသာ ရအောင် စည်းရုံးပါ။” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။ ကယားပြည်နယ် လွိုင်ကော်မြို့မှ ချိကယ်အုပ်စု ပကျဲကျေးရွာအနီးတွင် ရင်းနှီးမြုပ်နှံမှုအတွက် ဘိလပ်မြေစက်ရုံတည်ဆောက်လိုသည့်...

ကယား- ထိုင်းနယ်စပ်မှ နိုင်ငံခြားသားများ နိုင်ငံဖြတ်ကျော် ဝင်/ထွက်ရန် တရားဝင်ခွင့်မပြုသေး

ခူးစိုးရယ်ဦး မြန်မာနိုင်ငံအတွင်း သွားလာလည်ပတ်ရန် ကယား- ထိုင်းနယ်စပ်မှ နိုင်ငံခြားသားခရီးသွားသည်များ ခွင့်ပြုချက်မတောင်းခံပါက ဝင်ရောက်ခွင့် မပြုသေးကြောင်း သိရသည်။ ထိုင်းနှင့် မြန်မာနယ်စပ် BP-13 ဝင်ပေါက်မှတဆင့် ကယားပြည်နယ် မြို့တော် လွိုင်ကော်အထိ နှစ်နိုင်ငံ ခရီးသွားတွေ သွားလာခွင့်ရရှိရေးအတွက် ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့် တရားဝင် ဖြတ်သန်းသွားလာခွင့် ပြုပေးဖို့ အစီအစဉ်ရှိမရှိ...

မိုးကြီးရာက ပျက်စီးသွားသည့် လယ်ဧက ၂၀ဝ ကျော် အတွက် ထောက်ပံ့မှုရရန် မျှော်လင့်

နော်ဒွေးအယ်ခူ  လိုဘာခိုကျေးရွာအနီး အွမ်းလောင်းချောင်းကိုအမှီပြုနေကြသည့် လယ်ယာများပျက်စီးသွားသောကြောင့် တောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနများထံမှ ထောက်ပံ့ကြေးများ မျှော်လင့်နေကြကြောင်း သိရသည်။ “မထင်မှတ်ဘဲ ဒီလိုမျိုး မိုးကြီး၊မိုးများတော့ လယ်တွေမြှုပ်တယ်၊ ကမ်းပါးတွေပြိုတယ်၊ ဘောင်တွေကျိုးတယ်။ ဒါကြောင့်မို့ တစ်ချို့ဒီမနက်မှာပဲ လယ်ပိုင်ရှင်တွေက လာပြောတာပေါ့နော။ ကျွန်တော့်လယ်ကိုလည်း လာကြည့်ပါအုံးတဲ့ နည်းနည်းပါးပါး ထောက်ပံ့ကြေးများ ရမလားတဲ့ အဲဒီလိုမျိုးလာပြောတယ် ယောက်တိုင်းပဲ”...

၆ လအတွင်း ကယားပြည်နယ်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားမှု ၃ ခုသာ ရှိ

ခူးစိုးရယ်ဦး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ထံသို့  ယခုနှစ် ပထမ ၆ လအတွင်း ကယားပြည်နယ်မှ ပေးပို့လာသော တိုင်ကြားစာ ၃ စောင်သာ လက်ခံရရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်သည်။ နိုင်ငံတဝန်းမှ တိုင်ကြားသူများက လိပ်မူပေးပို့ထားသည့် တိုင်ကြားစာ အစောင်ရေ ၃ ထောင်ကျော်ကို ကော်မရှင်က လက်ခံရရှိခဲ့ရာ ကယားပြည်နယ်သည် တိုင်ကြားစာ ၃...

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်အစီအစဉ် ကန့်ကွက်ကြောင်း ပြည်နယ်အစိုးရထံ အိတ်ဖွင့်စာပေးပို့

မူအက်စတာ ပြည်နယ်အစိုးရမှ လက်ရှိတည်ဆောက်နေသော ရုပ်ထုအား ချက်ခြင်းရပ်တန့်ရန်နှင့် မရပ်တန့်ပါက နောက်ပိုင်းဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း ပြည်နယ်အတွင်းရှိ လူထုအသင်းအဖွဲ့မှ အစိုးရထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ယနေ့ ၂၀၁၈ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။ “အဓိကက ဒီရုပ်ထုလုပ်ဖို့ကိစ္စကို ပြည်သူတွေကို  မချပြဘူး၊ လူထုသဘောမကောက်ယူဘူး၊ လွှတ်တော်သဘောထားကိုလည်း မရယူဘူးပေါ့နော။...

Latest news

- Advertisement -spot_img