spot_imgspot_imgspot_imgspot_img
Thursday, February 6, 2025
spot_imgspot_imgspot_imgspot_img

လူငယ်တွေကို အထူးဝန်ဆောင်မှုပေးဖို့ IEC က လူငယ်ရေးရာဌာန ဖွဲ့စည်း

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်တွင်းက အခွင့်အလမ်းဆုံးရှုံးနေတဲ့လူငယ်တွေကို အထူးဝန်ဆောင်မှုပေးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လူငယ်ရေးရာ ဌာန ဖွဲ့စည်းကြောင်း ကြေငြာလိုက်ပါတယ်။

လက်ရှိကြားကာလအနေအထားမှာ မူးယစ်ဆေးဝါးနွံထဲနစ်နေတဲ့လူငယ်တွေ၊ ပညာရေးအခွင့်အလမ်း မရရှိခဲ့တဲ့လူငယ်တွေကို ဝန်ဆောင်မှု လုပ်ငန်းပေးဖို့ ဖွဲ့စည်းရခြင်းဖြစ်တယ်လို့ IEC က ဖွဲ့စည်းထားတဲ့ လူငယ်ရေးရာဌာန – ဌာနမှူးကြီး ခွန်းသောမတ်စ် က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“လုပ်ငန်းစဥ်အသေးစိတ်တွေကို ဆွေးနွေးနေကြတုန်းပဲ။ အခုချိန်မှာပြောနိုင်တာက ဒီကြားကာလ အလုပ်အကိုင်အခွင့်အလမ်းကိစ္စတွေ၊ လမ်းပျောက်နေတဲ့ လူငယ်တွေ ၊ ပညာဆက်ဆည်းပူးနိုင်ဖို့ ခက်ခဲနေတဲ့လူငယ်တွေ နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးနွံထဲနစ်နေတဲ့ လူငယ်တွေကတော့ ဒီကြားကာလ အစီအမံမှာ ကောင်းကောင်းမွန်မွန်လုပ်နိုင်အောင်လို့ ကျနော်တို့ စပြီးတော့ စဥ်းစားနေတယ်ဆိုတော့ ဆက်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ကျနော်တို့ အစိုးရဌာနကနေ ဆက်ပြီးတော့ လုပ်သွားဖို့ရှိတယ်” လို့ ဌာနမှူးကြီး ခွန်းသောမတ်စ် ကပြောပါတယ်။

ကြားကာလအစီအမံအရ လူငယ်နဲ့ အားကစား၊ လူငယ်နဲ့ မူးယစ်ဆေးဝါး စသဖြင့် လူငယ်အရေးကိစ္စတွေကို ဆောင်ရွက်သွားမယ်လို့လည်း ခွန်းသောမတ်စ် ကဆက်ပြောပါတယ်။

လူထုကြား မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲနေကြတဲ့ လူငယ်တွေကို ပြန်လည်ထိန်းကွပ်ပေးနိုင်ဖို့ အသစ်ဖွဲ့စည်းလိုက်တဲ့ IEC ရဲ့ လူငယ်ရေးရာဌာနက မျှော်လင့်ချက်တစ်ခုဖြစ်လာတယ်လို့ လူငယ်တွေကပြောပါတယ်။

တော်လှန်ရေးကာလမှာ ပညာရေးနှောင့်နှေးသွားတဲ့ လူငယ်တွေကိုလည်း ပညာသင်ကြားရေးကို ပြန်လည်စိတ်ဝင်စားလာအောင် နဲ့ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ CDM ကျောင်းသားတွေကို ပညာရေးအခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာနေထိုင်တဲ့ အသက် ၂၄နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“မူးယစ်ဆေးဝါးနဲ့ လောင်းကစား ဂိမ်းစွဲနေတဲ့ လူငယ်တွေအတွက် ဘာအစီအစဥ်လုပ်ဖို့ရှိလဲ။ IEC ကလူထုတွေရဲ့ နှလုံးသားကိုသိမ်းကျုံးနိုင်တယ်၊ စည်းရုံးနိုင်တယ်ဆိုရင် လူငယ်ရေးရာဌာနကအင်အားအတောင့်ဆုံး၊ အားအကိုးရဆုံး ဌာနဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” လို့ လူငယ်တစ်ဦးက ပြောပါတယ်။

ကြားကာလမှာ IEC အနေနဲ့ ပြည်နယ်တွင်း အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး ထပ်မံဖွဲ့စည်းလိုက်တဲ့ လူငယ်ရေးရာဌာနအပါအဝင် IEC မှာ ဌာန ၁၁ ခုရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts