spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

IEC ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ဌာနမှူးကြီး ဆရာဖိလစ်နှင့် ဆက်သွယ်မေးမြန်းခြင်း

Author

Date

Category

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေ လူထုတွေ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိဖို့ ဘယ်လိုဆောင်ရွက်နေတာရှိလဲ။ လက်ရှိ မိုးရာသီကာလအတွင်း တုပ်ကွေး ၊ ဖျားနာမှုတွေ အဖြစ်များနေတဲ့အပေါ် ဘယ်လိုဆောင်ရွက်နေတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း( မ် ) က IEC ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ဌာနမှူးကြီး ဆရာဖိလစ် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကရင်နီပြည်မှာ လက်ရှိမိုးရာသီကာလအတွင်း ရာသီဖျားနာမှုတွေ ဖြစ်ပွားမှုများနေတယ်ဆိုတော့ IEC အနေနဲ့ မြေပြင်မှာ ဘာတွေဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ ကျနော်တို့လက်ရှိမှာ ပြည်တွင်းမှာတော့ ကျနော်တို့ဆေးရုံ၊ ဆေးခန်းတွေ ရှိတယ်ပေါ့နော။ မြို့နယ်တိုင်းနီးပါးတော့ ရှိပါတယ်။ အဲဒီမှာတော့ ဒီရာသီတုပ်ကွေးကတော့ ကျနော်တို့ဒီမှာ အဓိကကတော့ ပညာပေးတဲ့အပိုင်းမှာ လုပ်နေတယ်။ ပညာပေးတဲ့အပိုင်းမှာ တဦးချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့‌လေးနဲ့ပေါ့နော။ ဥပမာ သူတို့ရောဂါလက္ခဏာတွေက တူနေကြတယ် တုပ်ကွေးတွေပုံစံပဲဆိုလို့ရှိရင် လေး ငါးယောက်ရှိရင် လေး ငါးယောက်စုပြောတာရှိတယ်။ တခါတလေကျ လူကတယောက်တည်းပဲရှိရင် တယောက်တည်းပဲ၊ ဥပမာရေနွေးသောက် ရေနွေးများများသောက်၊ ရေငွေ့ရှူ၊ တကယ့်ဖျားတာတယောက်ချင်းစီလည်း အစုအဖွဲ့လိုက်ပြောတာလည်း ရှိတယ်။ ကုသမှုက ဒီအထောက်အကူပြုကုသမှုတွေတော့ ကျနော်တို့ဆေးရုံ၊ ဆေးခန်းတွေမှာပဲ အခမဲ့ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။

မေး။ ။ လူထုတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ရရှိနိုင်ဖို့အတွက် ဘယ်လိုဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ ဒီဆေးဝါးတွေရရှိနိုင်အောင်နဲ့ ဆေးဝါးတွေရရှိနိုင်အောင်တော့ ကျနော်တို့မိတ်ဖက်အဖွဲ့အစည်းတွေ ရှိပါတယ်။ UNအဖွဲ့အစည်းတွေအပြင် INGO အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ချိတ်ဆက်ပြီးတော့ ကျနော်တို့ဆေးဝါးတွေ ရရှိအောင်‌ ဆောင်ရွက်နေတာရှိတယ်။ ဒါပေမဲ့ ဒီလိုအဖွဲ့တွေလည်း မကဘူးပေါ့နော။ တချို့လည်း တသီးပုဂ္ဂလပေါ့နော။ သူတို့ထဲမှာ ခက်ခဲတယ် သူတို့သိတယ် သူတို့ကြားတယ် သူတို့ကူညီချင်တယ်၊
ပြီးတော့ တချို့ကဆေးဝယ်ပြီးတော့ ပို့ပေးတဲ့ဟာတွေ၊ အဲမှာမှ ကျနော်တို့အားလုံးစုပြီးတော့ ကျနော်တို့ပြည်တွင်းထဲ ပို့ဆောင်ပေးတာတွေ ကျနော်တို့လုပ်နေပါတယ်။ ဆေးဝါးကျတော့ ကူညီတဲ့လူတွေတော့ ရှိကြတယ်ပေါ့။ ဒါပေမဲ့ အားလုံးပြည့်စုံလုံလောက်နေတယ်လို့တော့ မဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ပြည်တွင်းထဲမှာက လက်ရှိက အရင်ကရှိခဲ့တဲ့ ကျန်းမာရေးစနစ်တွေက အားလုံးပြိုလဲသွားတော့ လက်ရှိ IEC healthအနေနဲ့ အစကနေ ပြန်စပြီးတော့ ဒီကျန်းမာရေးဝန်ဆောင်မှုတွေ စနစ်တကျလုပ်ဖို့ ကြိုးစားနေတဲ့အခါကျတော့ ဒီ demand side ပေါ့နော လိုအပ်မှုက တအားများတယ်။ ဒါမဲ့ supply side က ကူညီတဲ့ဟာကျတော့ နည်းနည်းတော့ ရတာရှိတယ်။ အဲလိုဖြစ်နေတဲ့ခါကျတော့ လောလောဆယ်တော့ လိုအပ်တာတအားများပြီးတော့ ရတဲ့အကူအညီနည်းနည်း နည်းနေတဲ့ခါကျတော့ ဒီလိုပဲ အခက်အခဲကြားမှာပဲ ရုန်းကန်ပြီးတော့ ဝန်ဆောင်မှုတွေ လုပ်နေရတယ်ပေါ့။

မေး။ ။ ဒီလူထုတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်တဲ့အချိန်မှာ ဘယ်လိုမျိုး အခက်အခဲစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာလဲ။
ဖြေ။ ။ စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ခဏကပြောတဲ့ဟာတွေအားလုံးပါတယ်ပေါ‌နော။ အဲဒီအထဲမှာ ငွေကြေးအထောက်အပံ့တွေက အဓိကပေါ့နော။ အထောက်အပံ့ဆိုတာက သွားလာဖို့က အဓိကလိုနေသလို ယာဥ်တွေဘာတွေလိုတယ်ဆိုရင် ငွေကြေးလည်းလိုတယ်။ အထောက်အပံ့တွေလည်းလိုတယ်။ ဆေးကုဖို့ဆိုရင်လည်း ဆေးတွေလိုတာပေါ့နော။ ဆိုတော့ တခုပဲပြောရင် အဓိက စိန်ခေါ်မှုကတော့ ဆေးဝါးတွေနဲ့ ငွေကြေးအထောက်အပံ့တွေ လုံလုံလောက်လောက်မရတာကိုပဲ ကျနော်ပြောရမယ်ထင်တယ်။ ကျန်တဲ့ဟာက ခဏက ပြောတဲ့အတိုင်းပဲ အားလုံးက ရှိနေတယ်။ ဒါပေမဲ့ စိုးရိမ်မှုတွေလည်း ရှိနေတယ်။


မေး။ ။ IEC အနေနဲ့ ကရင်နီပြည်ထဲမှာရှိတဲ့ ကျန်းမာရေးအစုအဖွဲ့တွေနဲ့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ အခုကတော့ ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်နေတာတော့ တချို့တော့ရှိတယ်ပေါ့နော။ အထူးသဖြင့် coordinationပိုင်းကို ကျနော်တို့အခုထိလုပ်နေတယ်။ အခု ကျနော်တို့ IEC အောက်မှာ ဆေးရုံတလုံးပဲရှိသေးတယ်ဆိုပေမယ့် တကယ့်မြေပြင်မှာကတော့ ဆေးရုံလုပ်နေတဲ့ EHO တွေက secondaryဆေးရုံ ဒုတိယအဆင့်ရောဂါတွေ ကုနိုင်တဲ့ဆေးရုံတွေက အားလုံးက ကျနော်ထင်တာက ၁၀ လုံးလောက်ရှိပါတယ်။ CED အောက်မှာ တချို့ရှိတယ်။ DSO အောက်မှာ တချို့ရှိမယ်ပေါ့နော။
အဲဒါတွေအတွက် လောလောဆယ်မှာတော့ ကျနော်တို့ coordination တွေတော့ ကျနော်တို့လုပ်နေပါတယ်၊ ရှိလည်းရှိနေပါတယ်။ ဒါပေမဲ့ ဒီ health plan ကို သေသေချာချာ activities plans တွေ ချတဲ့ချိန်ကျတော့ ဒီထက်ပို နီးနီးကပ်ကပ်တော့ ကျနော်တို့ဒါ coordination, corporation ဘာတွေနဲ့ ကျနော်တို့ဆက်ပြီးတော့ ဆွေးနွေးလုပ်ဆောင်သွားကြဖို့ ကျနော်တို့မျှော်မှန်းထားတယ်လေး။ ရှေ့ဆက်မှာ ပိုပြီးတော့လူထုတွေ လက်လှမ်းမှီအောင် လုပ်နိုင်ဖို့အတွက်ပေါ့။

မေး။ ။ NUG ရဲ့ ကျန်းမာရေးဌာနနဲ့ ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ ကျနော်တို့ IEC Health Department က NUG MOH NUG အောက်မှာရှိတဲ့ Ministry of Health Department နဲ့ ကျနော်တို့ ပုံမှန်ဆက်သွယ်မှုလမ်းကြောင်းတွေ ရှိပါတယ်။ သူတို့ဆီကလည်း secondaryဆေးရုံအတွက် အကူအညီတွေ ဆေးဝါးဖြစ်ဖြစ် equipment ပဲဖြစ်ဖြစ် ကျနော်တို့ရနေတာရှိပါတယ်။
ကျနော်တို့နဲ့ NUG MOH ကြားမှာကတော့ ဖက်ဒရယ်ယူနစ်ရဲ့ Federal Chapterအရ ပြည်နယ်တခုမှာ ရှိသင့်ရှိထိုက်တဲ့စနစ်တွေကို ကျနော်တို့အကောင်အထည်ဖော်မယ်။ ပြီးတော့ သူတို့ပြည်ထောင်စုအစိုးရလို့ ပြောရမလား ပြည်ထောင်စုကျန်းမာရေးဌာနနဲ့လည်း ကျနော်တို့ ချိတ်ပြီးတော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။

မေး။ ။ ကလေးငယ်တွေအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံနိုင်ဖို့ NUG ရဲ့ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်တာရှိလား။ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ ကျနော်တို့လည်း NUG နဲ့ တိုက်ရိုက်ချိတ်ဆက်နေတာပဲ ဒါပေမဲ့ ဒီကာကွယ်ဆေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ဆေးတွေကို ဘယ်လိုသယ်ရလဲ။ ကိုယ့်ခြင်းတွေနဲ့ ဘယ်လိုသယ်ရမလဲ။ ဆေးတွေမပျက်‌အောင် နောက်ပြီးတော့ ဘယ်လိုထားသိုရမလဲ။ နောက်ပြီးတော့ ဆေးကိုဘယ်လိုထိုးရမလဲ။ ဘယ်လို plan လုပ်ရမလဲ။ နောက်ပြီးတော့ ဆေးထိုးတဲ့အချိန်မှာ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဟာတွေကို ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ဆိုတဲ့ဟာတွေကို technical support ကတော့ NUG MOH ရဲ့ EPI change မှာပဲ ကျနော်တို့ ယူတယ်။ ဒါပေမဲ့ ကျနော်တို့ ပြည်တွင်းမှာ လုပ်ငန်းအကောင်အထည်ဖော်တဲ့ဟာခါကျတော့ ကျနော်တို့ ပြည်တွင်းမှာ သူတို့အစီအစဥ်နဲ့သူတို့ ကိုယ့်ကို လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်လို့ရပါတယ်။ NUG MOH နဲ့ ပတ်သက်ပြီး ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အပိုင်းတွေပါတယ်ပေါ့နော။


မေး။ ။ ဒီနိုင်ငံတကာအစုအဖွဲ့တွေဆီကနေ ကလေးသူငယ်တွေရဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ရရှိတာမျိုးတွေရှိလား။

ဖြေ။ ။ ဒီပြည်တွင်းကတော့ ဘားမှမျှော်လင့်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နေပြည်တော်မှာနေတဲ့အတွက် နေပြည်တော်မှာနေတဲ့ အစိုးရက ခွင့်မပြုရင် ဘားမှလုပ်လို့မရဘူး။ ဆိုတော့ သူတို့ ကူညီချင်တဲ့စိတ်ဘယ်လောက်ပဲရှိရှိ မလုပ်နဲ့ဆို ဘားမှလုပ်နိုင်ဘူး။ ကျနော်တို့ ပြီးခဲ့တဲ့ ဆွေးနွေးချက်တွေအရ တွေ့တာကလည်း အဲဒီလိုမျိုးပေါ့နော။ ဆိုတော့ တချို့ကတည်း သူတို့လုပ်နေရတဲ့ အခြေအနေတွေကို ပြန်ပြောပြတာရှိတယ်။ အဖြေကတော့ ပြည်တွင်းမှာနေတဲ့အဖွဲ့က စစ်ကောင်စီမကြိုက်ရင် ဘားမှလုပ်လို့ရမှာမဟုတ်ဘူး။ ကူညီပေးချင်တဲ့စိတ်ရှိရင်တောင် ကူညီရဲမှာ မဟုတ်ဘူး။ ကျနော်ကတော့ အဲဒီလိုမျိုးပဲ ပြောချင်တယ်။ ဒီမှာကျနော်တို့ နိုင်ငံတကာနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ အကူအညီကိုရဖို့ ကျနော်တို့ အများကြီးကြိုးစားနေကြတာပေါ့။

မေး။ ။ ကရင်နီပြည်မှာ IEC အနေနဲ့ လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ကို ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နေပြီလို့ ပြောလို့ရနိုင်လဲ။

ဖြေ။ ။ ကရင်နီတပြည်နယ်လုံး coverလုပ်နေပြီလို့ ပြောတယ်။ ဒါမဲ့ တချို့စစ်ရှောင်တွေက တစု တစုနဲ့ လုံခြုံမယ်ထင်တာ၊ သွားရှောင်နေတာလို့ ပြောရမယ်ပေါ့နော။ အဲလိုနေရာတွေကျတော့ တချို့နေရာတွေကျတော့၊ အစုအဖွဲ့တွေနဲ့ IDPs campတွေနဲ့ နည်းနည်းဝေးတဲ့နေရာကျတော့၊ တချို့သုံးလေးအိမ်ပဲစုတဲ့နေရာကျတော့ ကျနော်တို့မရောက်တဲ့နေရာ အနည်းအကျဉ်းတွေတော့ ရှိသေးတယ်။ အားလုံးတော့ မရောက်နိုင်သေးဘူးပေါ့နော။ လူတွေက တအားပြန့်ကျဲတော့လေး နေရာတိုင်းတော့ ကျနော်တို့ဆေးဝန်ထမ်းတွေထားပြီးတော့ ကျနော်တို့ ဝန်ဆောင်မှုတွေပေးတာမျိုးတွေ ကျနော်တို့မလုပ်ဆောင်နိုင်သေးဘူး။ ဒါပေမဲ့ လူအများစုရှိတဲ့စခန်းကြီးနဲ့ ရွာတွေမှာတော့ ကျနော်တို့ဆေးခန်း၊ ဆေးရုံရှိဖို့ ဒါတော့ကျနော်တို့ လုပ်နေပါတယ်။

spot_img
spot_img

Recent posts