spot_imgspot_imgspot_imgspot_img
Friday, November 8, 2024
spot_imgspot_imgspot_imgspot_img

ရာသီဥတု မမှန်တာကြောင့် ဒီးမော့ဆိုက တောင်ယာစပါးစိုက်တောင်သူတွေ အရှုံးပေါ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာသုံးရွာက တောင်ယာစပါး စိုက်ပျိုးထားတဲ့ တောင်သူတွေဟာ ဒီနှစ် စိုက်ပျိုးရာသီမှာတော့ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရွေ့ပြောင်းတောင်ယာစနစ် ကျင့်သုံးတဲ့အတွက် အသစ်ခုတ်ထွင်စိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းတွေမှာ အထွက်နှုန်းကောင်းပေမယ့် ကျန် တောင်ယာစပါးခင်းတွေမှာတော့ အထွက်နှုန်း မမှန်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ယခုနှစ် ရာသီဥတု မမှန်တာကြောင့်လည်း အရှုံးပေါ်တာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ တောင်ယာစပါး တော်တော်များများက မိုးမကောင်းတာ (မိုးရွာသွန်းချိန်မမှန်) နဲ့ပဲ မရဘူးပေါ့နော်။ ဒီနှစ်အတွက် မဖူလုံဘူးပေါ့” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဆန်တစ်အိတ်ကို (၁) သိန်းဝန်းကျင်အထိ ပေးဝယ်ရပါတယ်။ ဝမ်းစာအတွက် စိုက်ပျိုးထားတဲ့ တောင်ယာစပါးတွေ အခုလို အရှုံးပေါ်နေတာကြောင့် ရေရှည် ဆန်ဝယ်စားရမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“အခက်အခဲတွေကတော အများကြီးရှိတာပေါ့နော်။ ဥပမာ – ဆေးရုံတက်ရမယ်ဆို ဆေးရုံပဲ တက်ရမလား ဆန်ပဲ ဝယ်စားရမလား အဲ့လိုမျိုးပေါ့။ တခြားသော အရေးတွေကို ဦးစားမပေးနိုင်တော့ဘူး”လို့ သူမက ဆက်ပြောပါတယ်။

အဆိုပါ ကျေးရွာ၃ရွာဟာ ဒေါတမကြီးအုပ်စုအတွင်းက ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ မတ်လပိုင်းက သူတို့နေထိုင်ရာ ကျေးရွာဖက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တောင်ယာစပါးကို စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ယခုနှစ်မှသာ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပါတယ်။

ကျေးရွာခံတွေဟာ စားဝတ်နေရေးဖြေရှင်းဖို့အတွက် တောင်ယာစပါးကို အဓိက စိုက်ပျိုးကြပြီး မြေပဲ၊ နှမ်းတို့ကိုလည်း စိုက်ပျိုးကြပါတယ်။ အဆိုပါ ကျေးရွာ (၃)ရွာမှာ အိမ်ခြေ (၂၀၀) ဝန်းကျင်ရှိပြီး တောင်ယာစပါးကို အိမ်တိုင်းနီးပါး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts