spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

COVID-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ဖို့အတွက် အဖျားရောဂါကု အခမဲ့ဆေးခန်း ဖွင့်လှစ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

COVID-19 ကပ်ရောဂါကို ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်နိုင်ဖို့အတွက် အဖျားရောဂါကု အခမဲ့ဆေးခန်းကို လွိုင်ကော်မြို့နယ်ခန်းမမှာ ဇွန်လ တစ်ရက်နေ့ကစပြီး ဖွင့်လှစ်လိုက်ပါတယ်လို့ ပြည်နယ်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဖြိုးမောင်မောင်က ပြောပါတယ်။

“နောက်ပြီးတော့ ဆေးရုံကြီးတွေမှာပြည်သူလူနာတွေလာပြတဲ့ဝန်ကိုပေါ့ ဆေးရုံကြီးရဲ့ဝန်ကိုလျော့ပေးနိုင်အောင်ပေါ့နော စနစ်တကျ ဒီလိုမျိုးဖွဲ့ထားတဲ့ ဒီဆေးခန်းကနေပြီးတော့ ပြင်ပဆေးခန်းတွေမှာ တကယ်လို့ပိုးတွေ့တဲ့လူနာလာပြတာမျိုးရှိခဲ့ရင် ဆေးခန်းတွေကိုရယ် လာပြတဲ့သူတွေကိုရယ် တဆင့်တဆင့်ကူးတာတွေလျော့နိုင်အောင်ပေါ့နော အဲ့ကြောင့် ကျတော်တို့ ဒီလိုဆေးခန်းဖွင့်တာပေါ့နော” လို့ ဒေါက်တာဖြိုးမောင်မောင်က ပြောပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ကယားပြည်နယ်)၊ ဒေသခံပရဟိတအသင်းတွေက ပူးပေါင်းပြီး အဖျားကုရောဂါ အခမဲ့ဆေးခန်းကိုဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။

ကိုယ်အပူချိန်မြင့်မားနေတဲ့လူနာ၊ လည်ချောင်းနာ ချောင်းဆိုး နှာစေးဖြစ်နေတဲ့လူနာတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာဖြစ်နေတဲ့လူနာတွေကိုသာ လက်ခံကုသပေးသွားမှာပဲဖြစ်ပါတယ်။

လောဓမ္မရပ်ကွက်မှ သမီးဖြစ်သူကို ဆေးခန်းလာပြတဲ့ သူတစ်ဦးက “ဆေးရုံကိုသွားတဲ့ချိန် မနက် ၈ နာရီလောက်ကသွားစောင့်တယ် စောင့်ရင်ကြာအုံးမယ် ဒီမှာအဖျားသီးသန့်ပြလို့ရတယ်ပြောလို့ လာပြတာ။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆရာဝန်အသင်း(ကယားပြည်နယ်)မှ ဆရာဝန် (၆)ဦး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများ၊ ရွှေလွိုင်ကော်ပရဟိတအသင်း၊ Volunteer အဖွဲ့တွေက ပါဝင်ကူညီဆောင်ရွက်ပေးနေပါတယ်။

COVID -19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ဆေးခန်းမှာလာရောက်ပြသတဲ့လူနာတွေကို ဆေးဝါးအခမဲ့ ပေးသွားမယ်လို့သိရပါတယ်။

အဲဒီ အဖျားရောဂါကု အခမဲ့ဆေးခန်းကို နေ့စဉ် နံနက်(၉း၃၀) ကနေ (၁၁း၃၀)အထိ မွန်းလွဲ (၂း၃၀)ကနေ (၄း၃၀) အထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး တနင်္ဂနွေနေ့တိုင်းမှာတော့ ဆေးခန်းပိတ်မှာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts