ကန္တာရဝတီတိုင်း(မ်)
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါကြီးဖြစ်သည့် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်လက်တိုးလာလျက် ရှိရာ ယနေ့ ဧပြီလ ၁၄ ရက်နေ့ ည ၀၀း၁၅ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ ဧပြီလ ၁၃ ရက်နေ့အတွင်း ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ ၂၁ ဦးအထိ စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ရက် တစ်ရက်တည်းအတွင်း ရောဂါပိုး တွေ့ရှိသည့် ပမာဏသည် မြန်မာနိုင်ငံတွင် တစ်နေ့အတွင်း ရောဂါပိုးကူးစက်ခံရသူ တွေ့ရှိမှု အများဆုံး စံချိန် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၆၂) ဦးအထိ ရှိလာပြီ ဖြစ်သည်။
Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၆၂ ဦးထဲမှ ၄ ဦးသည် သေဆုံးခဲ့ပြီး ၂ ဦးသာ ပြန်လည်သက်သာလာသေးကြောင်း သိရသည်။