ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာ (၂၀၃) ဦးရှိပြီဖြစ်ကြောင်း ယနေ့ မေလ ၂၅ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် ယနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၃) ဦးရှိပြီ ဖြစ်သည့်အနက် (၁၁၂) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်၍ ဆက်လတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ယခုဆိုလျှင် မြန်မာနိုင်ငံ၏ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၃) ဦးအနက် (၆) သေဆုံးခဲ့ပြီ ဖြစ်သည်။
မြန်မာနိုင်ငံရှိ တိုင်း/ပြည်နယ်များ အာလုံးအနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် တစ်ခုတည်းသော ပြည်နယ်အဖြစ် ကယားပြည်နယ်သာ ကျန်ရှိတော့သည်။