spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်၊ ကျေးရွာတရွာမှာ စာသင်ကျောင်းဆောင် ဆွေးမြှေ့လာတာကြောင့် ကျောင်းဆောင်သစ်လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဖရူဆိုမြို့နယ်၊ အနောက်ဘက်ခြမ်း၊ ဟိုယာကျေးရွာအုပ်စုအတွင်းက ကျောင်းသူကျောင်း ၈၀ ဝန်းကျင်စာသင်ကြားနေတဲ့ မူလတန်းလွန် စာသင်ကျောင်း တခုရဲ့ ကျောင်းအမိုး နဲ့ စာသင်ခန်းဆောင်တွေ ပျက်စီးယိုယွင်းလာတာကြောင့် စာသင်ရာမှာအခက်အခဲဖြစ်နေပြီး ကျောင်းဆောင်သစ်တွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

“၅လပိုင်း ၂ရက်နေ့ လေပြင်းမုန်တိုင်းကျတယ်၊ နောက် ကျောင်းဆောင်က ၂၀၀၀ ကတည်းက ဆောက်ထားတယ်ဆိုတော့ ဆွေးသွားပြီ။ အမိုးတွေလည်းမလုံတော့ဘူး ၊ တိုင်တွေပျက်စီးကုန်ပြီ၊ ခြစားကုန်ပြီ၊ ပြိုကုန်တော့မယ် ကလေးတွေအတွက် အန္တရာယ်ရှိတယ်” လို့ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းတုန်းက လေပြင်းမုန်တိုင်း ကျရောက်မှုကြောင့် အသစ် တိုးချဲ့ထားတဲ့ ကျောင်းဆောင် နဲ့ ကျောင်းဆောင်အမိုးများ ပျက်စီးသွားခဲ့ပြီး ပျက်စီးသွားတဲ့ကျောင်းဆောင်အမိုးနေရာမှာ မိုးကာတွေကိုအစားထိုး အသုံးပြုထားရတာပါ။

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာ ကျောင်းသူ၊ကျောင်းသားတွေကို နေအိမ်အလွတ်တွေမှာ စာသင်ကြားခဲ့ပေမဲ့ ဒီနှစ်မှာတော့ စစ်ရှောင်ဦးရေများလာပြီး နေအိမ်အလွတ် မရှိတော့တာကြောင့် ကျောင်းဆောင်အဟောင်းမှာ ပြန်သင်ကြားနေရတယ်လို့ ကျောင်းတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။ ဒါ့အပြင် စာသင်ကျောင်းဆောင်မှာ ကျောင်းသားတွေအတွက် နေရာမလုံလောက်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“အသစ်ပြန်ဆောက်ဖို့အစီအစဥ်ကတော့ ရှိတယ်။ ဒါပေမဲ့ အဓိကလိုနေတဲ့ ပိုက်ဆံကတော့ မရှိဘူးပေါ့နော်။ ဘယ်နားက အလှူရှင်နား ပတ်ရှာလဲ အလှူရှင်တွေကလည်းမရှိဘူး။ ဟိုနားလှူ ဒီနားလှူဆိုတော့ အဆင်မပြေဘူးလို့ သူတို့ ပြောတယ်။ အလှူရှင်နားတောင်းလည်း နည်းနည်းလေးပဲ လှူပေးနိုင်တော့ အသစ်ပြန်ဆောက်ဖို့က အဆင်မပြေသေးဘူးပေါ့နော်” လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။

စာသင်ကျောင်းဆောင်လိုအပ်ချက်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို တင်ပြထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ စာသင်ကျောင်းမှာ KG တန်း ကနေ Grade -6 အတန်းထိဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူ (၇၈) ဦးကို ဆရာမ (၇)ဦးနဲ့ သင်ကြားပေးနေပြီး ဒေသခံတွေနဲ့ လာရောက်စစ်ရှောင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စုပေါင်းတက်ရောက်နေကြတာဖြစ်ပါတယ်။ စာသင်ကျောင်းဆောင် လိုအပ်ချက်အပြင် မိုးကာ ၊ စာရေးခုံ ၊ ကျောင်းသုံးဖတ်စာအုပ်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts