spot_imgspot_imgspot_imgspot_img
Thursday, September 19, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက် (တနင်္ဂနွေနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ်က ရေဘေးသင့်ပြည်သူ ၃၀၀၀၀ ဝန်းကျင်အတွက် အရေးပေါ် အကူအညီလိုအပ်နေ
– ရေဘေးကြောင့် ၃ရက်အတွင်း ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ သေဆုံးသူ ၂၄ ဦးရှိနေ
– သင်ခန်းစာမစ်ရှင် လုပ်နေစဉ် ဆေးသင်တန်းသား ၁၈ ဦး တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး ၊ စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမယ်လို့ KNDF ထုတ်ပြန်
– လေကြောင်းအန္တရာယ် နဲ့ သဘာဝဘေးဒဏ်တွေကြောင့် ဖရူဆိုအနောက်ခြမ်းက စာသင်ကျောင်းတချို့ ယာယီပိတ်ထား
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေ …
– ကျန်းမာရေးကဏ္ဍကနပြီး “WHO က အရေးပေါ်ကြေညာလိုက်တဲ့ မျောက်ကျောက်ရောဂါ” ကျန်းမာရေးဆောင်းပါးနဲ့ အင်တာဗျူးကဏ္ဍကနေပြီး “ ကရင်နီကို ရောက်နေတဲ့ ဒါရိုက်တာ ကိုပေါက်နဲ့ တွေ့ဆုံမေးမြန်းခြင်း”  အပိုင်း (၁) ကို ကြားကြရမှာပါ။
အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့  voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img