spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်တစ်လုံး မီးလောင်ပြာကျ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ( ဇူလှိုင်လ ၇ ရက်နေ့ ) မနက် (၄)နာရီခွဲ ဝန်းကျင်အချိန်မှာ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ကျေးရွာ တစ်ရွာကို ဗုံးသီးဖြင့် ပစ်ချခဲ့လို့ နေအိမ်တစ်လုံး မီးလောင်ပျက်စီပြီး ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။

“ဒီမနက် လေယာဥ်ကလာတာတော့ (၄) နာရီခွဲပေ့ါ။ သူ ဟိုး….အောက်ကရွာကို ဖြတ်သွားပြီး ရွာနဲ့ နည်းနည်းဝေးတဲ့ နေရာမှာသွားဝဲပြီးတော့ (၅) နာရီလောက်မှာ လာကြဲသွားတယ်။ အိမ်ကတော့ လောင်သွားတယ်။ ပြာကျသွားတယ်။ အိမ်ကတော့ ဘာမှတော့ ရစရာမရှိတော့ပါဘူး” လို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ မကြာခဏ ပျံသန်းနေတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေ ဖြစ်ပြီး ဒေသခံနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသက လာရောက်တိမ်းရှောင်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေသာ နေထိုင်တဲ့နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသလို ဒေသခံတွေကလည်း ကျေးရွာထဲကို ပြန်လာမနေရဲသေးတာကြောင့် တောတောင်ထဲ ခိုလှုံနေကြရပြီး ကလေးအများစုဟာ ဖျားနာနေကြတဲ့အတွက် ဆေးဝါးနဲ့ မိုးကာတွေ လိုအပ်လျှက် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်
spot_img
spot_img

Recent posts