spot_imgspot_imgspot_imgspot_img
Saturday, December 21, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်ရှိ တမောလျား စစ်ဘေးရှောင်စခန်းက ကလေးငယ်တချို့မှာ အရေပြားအနာရောဂါဖြစ်ပွားနေ

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ တမောလျား စစ်ဘေးရှောင်စခန်းက (၅)နှစ်အောက် ကလေးငယ်တချိူ့မှာ အရေပြားအနာရောဂါ ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

” အခု စစ်ရှောင်တောထဲမှာနေတဲ့ ကလေးတွေက အနာပေါက်ကြတယ်၊ အနာစပေါက်လာကြတယ်၊ မနေ့ကမှ အနာစပေါက်တာ ကျမကလေးက၊ အနာက တော်တော်များတယ်။ ” လို့ တမောလျား စစ်ဘေးရှောင်စခန်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေဟာ ကျေးလက်တောတောင်ကြားမှာ နေထိုင်တာ ကြာမြင့်လာတာနဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှု ပိုမို လိုအပ်နေတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေမှာ အရေပြားအနာရောဂါ ဖြစ်ပွားနေတဲ့အပြင် ဖျားနာတာတွေလည်း အဖြစ်များနေကြတယ်လို့လည်း ဆိုပါတယ်။

တမောလျား စစ်ဘေးရှောင်စခန်းဟာ အလှူရှင်တွေကိုသာ မှီခိုနေရတဲ့အတွက် လက်ရှိမှာလည်း လုံလောက်တဲ့ ဆေးဝါးမရှိဘူးလို့လည်း သိရပါတယ်။ အခုလို ကလေးတွေ အရေပြားအနာရောဂါ ဖြစ်ပွားနေတာ တစ်ပတ်အထိ ရှိနေပြီဖြစ်ပေမယ့် ပျောက်ကင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။

” ကျော တပြင်လုံး ယားနာထွက်နေတယ်၊ တနေရာ တနေရာ အသေးလေးစီ အဲ့လိုထွက်လာတယ် “လို့ စစ်ရှောင်မိခင်တစ်ဦးက ဆိုပါတယ်။

အနာပေါက်နေတဲ့ ကလေးငယ်တွေကို ရိုးရာဓလေ့အရ သစ်ဥ၊ သစ်မြစ်၊ သစ်ရွက်နဲ့ ရေနွေးကြိုချက်ပြီး ရေချိုးပေး ပေမယ့် မပျောက်ကင်းဘူးလို့ ဆိုပါတယ်။ အဆိုပါ တမောလျား စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၃၀ ကျော်ရှိပြီး၊ လူဦးရေ ၁၇၀ ကျော် ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts