ဇန်နဝါရီ လ ၂၂ ရက် ဗုဒ္ဓဟူးနေ့ ညနေခင်းရုပ်သံသတင်းအစီအစဉ်
- ဘောလခဲကို တစ်ရက်အတွင်း စစ်ကောင်စီက ဗုံးအလုံးရေ (၂၀) ကျော် ကြဲခဲ့တယ်လို့ ကရင်နီပြည် တပ်မတော် (KA) စစ်ရေးချုပ်က ပြောပါတယ်။
- မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်မှုတွေ ရှိနေပါတယ်။
- မိုးဗြဲမြို့အနီးက ဝါရီဆူးပလိုင်ကျေးရွာမှာ လူအရိုးစု ၂ ခု ထပ်မံတွေ့ရှိခဲ့ပါတယ်။
- စစ်ဆင်ရေးကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ KNDF တပ်ရင်း (၃၄) ထံခိုလှုံလာခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
စတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရမှာပါ။
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ဘေးကင်းလုံခြုံပြီး စိတ်နှလုံး အေးချမ်းကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..