spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ မိုးသည်းထန်ရွာသွန်းပြီး မြေပြိုမှုဖြစ်၊ လူတစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် လူသေဆုံးမှုအပြင် နေအိမ် ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်ရပ်ကွက်နဲ့ လိုခါးလို အောင်ချမ်းသာ (ခေါ်) ကွက်သစ်ရပ်ကွက်မှာ မြေပြိုမှုဖြစ်ပွားခဲ့တာပါ။ မြေပြိုမှုကြောင့် ညောင်ပင်ရပ်ကွက်က အသက် ၂၁နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မော်ချီးဒေသခံတစ်ဦးက ပြောပါတယ်။

“ညောင်ပင်မှာတော့သေတယ်။ တစ်ယောက်သေသွားတယ် ၄ယောက်မျှောသွားတာ ၃ယောက်က ပြန်လွှတ်တယ်။ ပြေးတာလည်းမြန်သွားတယ် ရုန်းရင်းနဲ့လွှတ်သွားတာ တစ်ယောက်က ရုန်းလို့မမှီိလိုက်ဘူး လိုက်မျှောပါပြီးတော့ ရွံ့ဗွက်ကော ကျောက်ခဲနဲ့ဖုံးပြီး သေသွားတာ။”လို့ မော်ချီးဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ သေဆုံးသူမှာ ချောင်းရေနဲ့ပါလာတဲ့ ခဲတွေကို ဆွဲယူရင်း (ဒေသအခေါ် မျောပုပ်ရင်း) တောင်ကျရေတွေနဲ့အတူ မျှောပါ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားသူရဲ့အလောင်းကိုတော့ ဖုံးသွားတဲ့ မြေကြီးအောက်ကနေ ဆွဲထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိုခါးလို၊ အောင်ချမ်းသာ(ခေါ်) ကွက်သစ်ရပ်ကွက်မှာလဲ မြေပြိုတာကြောင့် ဒေသခံနေအိမ်၊ ဆိုင်ခန်း ၊ ကား နဲ့ မြောင်းကျော်တံတားတွေလည်း ပျက်စီးခဲ့ရပါတယ်။ ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ အတည်ပြုမေးမြန်းနေဆဲဖြစ်ပါတယ်။

“လိုခါးလိုနဲ့ ကွက်သစ်တစ်ဝိုက်ကတော့ ချောင်းဘေးနားက အိမ်တွေနဲ့ ဆိုင်တွေကတော့ပြိုတယ်လေ။ မြေဖုံးသွားတာရှိတယ်။ ဘာလို့ဆို မိုးတအားကြီးတယ်လေ။ အဲ့ဆိုင်ခန်းတွေလဲပျက်ကုန်တယ်။”လို့ မျက်မြင်တွေ့ရှိသူ မော်ချီးဒေသခံ တစ်ဦးက ဆိုပါတယ်။

ယခုနှစ် ဇူလိုင်လအတွင်းလည်း မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မော်ချီးတောင်ပေါ် ရပ်ကွက် ၂ ခုမှာ မြေပြိုမှုဖြစ်ပွားခဲ့ပေမဲ့ လူအထိအခိုက်မရှိခဲ့ပါဘူး။

spot_img
spot_img

Recent posts