spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို၊ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ဆန်ပြတ်လပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကန်သာယာ စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေ ဆန်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်တစ်ဦး က ကန္တာရဝတီတိုင်း(မ်) ကို ဇူလိုင်လ ၁၉ ရက်နေ့မှာ ပြောပြပါတယ်။

” အမြဲတမ်း မရှိမဖြစ်တဲ့ အစားအစာ ကိုနော်။ ဘယ်လိုလုပ်ရမလဲဆိုတော့ နည်းနည်းခက်ခဲတာပေါ့ စားနပ်ရိက္ခာလိုအပ်သလို ဆေးဖိုးလည်းလိုအပ်တယ်။ ဒီမှာက နာတာရှည်များတယ်။ အသက်ရှုကြပ်တာ တစ်ယောက်နှစ်ယောက်လည်းရှိတယ်။ ဆေးဝါးအမြဲတမ်းသုံးဖို့ လိုတာတွေများတာပေါ့ ပြီးတော့ ဆီးချို၊ သွေးချိုသမားတွေလည်းရှိတယ်။ မသန်စွမ်းတွေလည်းများတဲ့ခါကြတော့ ငွေရေးကြေးရေးက တကယ်လိုအပ်တယ်။”လို့ စစ်ရှောင်စခန်းကော်မတီဝင် တစ်ဦးကဆိုပါတယ်။။

အဆိုပါစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ မတ်လ အတွင်းကစပြီး ဆန်ရိက္ခာတွေ မလုံလောက်မှုနဲ့ စတင်ကြုံတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရှောင် အိမ်ခြေ ၄၄ အိမ်ရှိပြီး အဓိကအားဖြင့် ဆန်၊ ဆီ၊ ဆားတွေ လိုအပ်နေတယ်လို့လည်း သူက ဆိုထားပါတယ်။

” အစားအစာကြတော့ တစ်ရက်ကို နေ့လည်စာရှောင်ပြီး နှစ်နှပ်လောက်ဘဲစားကြတယ်။ စစ်ရှောင်မှာရှိတဲ့ လူအကုန်ကလည်း အဲ့လိုဘဲစားကြတယ်။ ကျနော်တို့ မိသားစုဝင်က ဆယ်ယောက်ရှိတယ်။ ညနေပိုင်းကြတော့ မစားလို့မရဘူးလေ ထမင်းပြဲပြဲနဲ့ဘဲစားကြရတာပေါ့။ ဆန်ပြုတ်ပြောလို့လည်း မကောင်းဘူးပေါ့။ နည်းနည်းပြဲအောင်တော့ ချက်စားရတာပေါ့။” လို့ စစ်ရှောင် အမျိုးသားတစ်ဦးက ပြောပါတယ်။

ကန်သာယာ စစ်ဘေးရှောင်စခန်းဟာ ဒီးမော့ဆို၊ ထူလွီးဘီလာ ၊ လောစီ ၊ ဘောလခဲ ၊ နာနတ်တော စတဲ့ နေရာအသီးသီးက စစ်ဘေးရှောင်တွေ လာရောက်နေထိုင်ကြတာဖြစ်ပြီး အိမ်ခြေ ၄၄ အိမ် နဲ့ လူဦးရေ ၁၈၀ ကျော်ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts