spot_imgspot_imgspot_imgspot_img
Wednesday, November 6, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
-ကရင်နီက စစ်ရှောင်စခန်းတချို့မှာ ၈နှစ်အောက် ကလေးငယ်တွေ အာဟာရချို့တဲ့မှု ကြုံတွေ့နေရဆဲ
-တောင်ကြီးမြို့ အိမ်ငှားခစျေးမြင့်တက်နေဆဲဖြစ်ပြီး လွိုင်ကော်စစ်ဘေးရှောင်တွေ ပိုမိုကြပ်တည်းလာ
-ညောင်ရွှေရောက် လွိုင်ကော်စစ်ရှောင်တွေကို လာမယ့်နွေမှာ နေရပ်ပြန်ခိုင်းမယ်လို့ သတင်းတွေထွက်ပေါ်
-ထပ်မံ စစ်ရှောင်ကြတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်က စစ်ရှောင်လူထုတွေအကူအညီမရရှိသေး စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေ၊ သတင်းဆောင်းပါးတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့  voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် နေ့စဉ်ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ကရင်နီပြည်အတွင်း ဒီးမော့ဆိုနဲ့ ဖရူမြို့နယ်မှာ FM လိုင်း 108 MHz , မယ်စဲ့မြို့နယ်မှာ 95.8 MHz ,ထိုင်း- ကရင်နီနယ်စပ်မှာတော့ 100 MHz  မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img