spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆို – ဘောလခဲမြို့နယ်စပ်က အခြေခံစားသောက်ကုန် ဈေးနှုန်းများ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆို – ဘောလခဲမြို့အစပ်မှာရှိတဲ့ နန်းဖဲအုပ်စု၊ တော်ခူကျေးရွာအုပ်စုတွေမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ပိုမို မြှင့်တက်လာတယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း(မ်)ကို ပြောပြပါတယ်။

“စျေးက တက်တာပဲ ရှိတယ် ကျတာက သိပ်မရှိဘူး။ ကျမတို့က နှမ်းစိုက်ပျိုးတယ်ဆိုတော့ ဆီကိုသိပ်မဝယ်စားတော့ မသိဘူး ဆားတစ်ထုပ်ဆိုရင် အရင်ကတောင် ၁၅၀၀ အထိ ပေးရတာပေါ့။ ကျမတို့က အိတ်လိုက်ဝယ်လိုက်တာပေါ့နော။” လို့ နန်းဖဲစစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ဖြစ်တဲ့ မကေသီခိုင်က ပြောပါတယ်။

ကုန်ပစ္စည်းအများစုကို ဒီးမော့ဆိုမြိုနယ် အနောက်ဖက်ခြမ်းကနေပဲ အဓိကဝယ်ယူရတာဖြစ်ပြီး လမ်းခရီးဝေးတာ၊ လမ်းခရီးအခက်အခဲကြောင့် ကုန်ပစ္စည်းသယ်ယူရာမှာလည်း အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းသယ်ယူရာမှာ ကားတစ်စီးလျှင် ၇ သိန်း ကျပ်အထိ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

မြှင့်တက်နေတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့ စစ်ဘေးရှောင်တွေက ပိုမိုအကြပ်တည်းဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်နှစ်ဆို ကြက်ဥက သုံးလုံးနှစ်ထောင် ၊ ခုက တစ်လုံးတစ်ထောင်။ အဲ့လောက်မှ မရောင်းရင်လည်း သယ်ယူစရိတ်တအားများတယ်ကော။ လက်ရှိ လောင်စာဆီတွေမှာတော့ တစ်လီတာ ၈၀၀၀ ကျပ်နဲ့ ရောင်းနေတယ်။”လို့ တော်ခူအုပ်စု၊ ကလိလျားကျေးရွာ ဥက္ကဌက ပြောပါတယ်။

ကုန်ဈေးနှုန်းမြှင့်တက်တာကြောင့် စစ်ဘေးရှောင်တွေဟာ အခက်အခဲရှိသလို စျေးရောင်းဝယ်နေတဲ့ သူတွေကလည်း သယ်ယူစရိတ်မြှင့်မားတာကြောင့် စျေးပိုရောင်းချနေရတာပါ။

“သယ်ယူတာက ဖောက်သည်ကားရှိမှ အဆင်ပြေတာပေါ့။ ဆိုင်ကယ်ကောင်းရင်တော့ ဆိုင်ကယ်နဲ့ သွားသယ်တာပေါ့။ လမ်းပိတ်ရင်တော့ ပတ်လမ်းနဲ့သွားရတာမျိုးလည်း ရှိတာပေါ့။ တော်တော်လေး ပစ္စည်းမှာသမျှ စျေးတက်တယ်။ ကျနော်ကတော့ အဓိက ခရီးသည်တွေအတွက်ပဲ စျေးရောင်းပေးတယ်။”လို့ ဈေးဆိုင်ဖွင့်ထားတဲ့ ကိုအောင်လင်းက ပြောပါတယ်။

ဖရူဆို – ဘောလခဲမြို့အစပ် ဒေသမှာတော့ နှမ်း တမျိုးတည်းကိုသာ အဓိကထား စိုက်ပျိုးတာ ဖြစ်ပါတယ်။ အဲ့ဒီ ဒေသအတွင်းက နေရာ ၊ ဒေသ အလိုက် အခြေခံစားသောက်ကုန်ဈေးနှုန်းပြောင်းလဲမှု ရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ နန်းဖဲဒေသမှာ ဝယ်ယူရတဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဆန် (ရွှေရင်အေး)၊ ၂၅ဝိတ် ၁အိတ် – ၁၃၀၀၀၀ ကျပ်
ဆန် (ရွှေအပ်)၊ ပုလဲသွယ် ( ၁အိတ် ) – ၁၃၀၀၀၀ ကျပ်
စားဆီ (၁ပိဿာ) – ၂၅၀၀၀ ကျပ်
ဆားတစ်ထုတ် – ၁၅၀၀ ကျပ်
ခရမ်းချဥ်သီး (၁ပိဿာ) – ၆၀၀၀ ကျပ်
ကြက်သွန်ဖြူ (၁ပိဿာ ) – ၂၅၀၀၀ ကျပ်
ကြက်သွန်နီ (၁ပိဿာ) – ၁၅၀၀၀ ကျပ်
ကြက်ဥ (တစ်လုံး) – ၁၀၀၀ ကျပ်
ကြက်တစ်ပိဿာ – ၂၅၀၀၀ ကျပ်
အမဲတစ်ပိဿာ – ၃၀၀၀၀ ကျပ်
ဝက်တစ်ပိဿာ- ၃၀၀၀၀ ကျပ် (အလေးပြည့်)
ဓာတ်ဆီ (၁လီတာ) – ၈၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ် အထိ စျေးနှုန်း အသီးသီးရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts