spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပညာရေးဒီဂရီကောလိပ် ကနေ ဖွင့်လှစ်သွားမယ့် ပထမနှစ်အတန်းအတွက် ကျောင်းသား ၃ဦးသာ လျှောက်ထားသေး၊ စာရင်းသွင်းကြဖို့ တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်းတစ်နေရာမှာ Education Degree College of karenni (ကရင်နီပညာရေးဒီဂရီကောလိပ်) ကနေဖွင့်လှစ်သွားမည့် ၄နှစ်သင် သင်တန်း ပထမနှစ် ၊ ဒုတိယနှစ်ဝက်သင်တန်း ရဲ့ ပထမနှစ်‌အတန်းအတွက် ကျောင်းသား ၃ဦးသာ လျှောက်ထားမှုရှိသေးတယ်လို့ ကျောင်းတာဝန်ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။

ပထမနှစ်အတန်းမှာ ပထမနှစ်ဝက် တက်ရောက်ပြီးစီးခဲ့ပြီး ဒုတိယနှစ်ဝက်ဆက်တက်ဖို့ ကျန်နေသေးတဲ့ CDM ကျောင်းသူကျောင်းသားတွေအတွက် ဖွင့်လှစ်ထားတာကြောင့် စာရင်းသွင်းပြီး လျှောက်ထားကြဖို့ ကျောင်းတာဝန်ရှိသူ ဆရာမတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လက်ရှိ ကျောင်း page ကနေ လာလျှောက်သူ ၃ဦး ပဲရှိသေးတယ်။ အချိန်က အရမ်းကြီး အကြာယူလိုက်လို့မဖြစ်ဘူး။ တစ်ဖက်မှာကလည်း ကျောင်းမှာကဆရာ/မ ဦးရေကလည်း အလုံအလောက်ရှိနေတယ်။ သူတို့ကို မြန်မြန်လေး စာရင်းလာသွင်းပြီးတော့မှ မြန်မြန်လေး လာသင်ယူမှုတွေ လုပ်ခိုင်းစေချင်တယ်ပေါ့နော်”လို့ ဆရာမတစ်ဦးက ဆိုပါတယ်။

ပထမနှစ်အတန်းကို ပြန်လည်ဖွင့်လှစ်ပေးတာဟာ ပြီးခဲ့တဲ့ ဒုတိယနှစ်အတန်းဖွင့်လှစ်ဖို့ ကျောင်းသားခေါ်ယူမှုမှာ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်တာကြောင့် ပြန်လည်ခေါ်ယူရခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဖွင့်လှစ်ထားတဲ့ ဒုတိယနှစ်အတန်းကို ကျောင်းသားဦးရေ ၆၀ ခေါ်ယူဖို့ သတ်မှတ်ထားပေမဲ့ အယောက် ၃၀ သာ လာရောက် လျှောက်ထားခဲ့ပါတယ်။

ဖွင့်လှစ်သွားမည့် ပထမနှစ်အတန်းအတွက် နေထိုင်စားသောက်ဖို့ ပြင်ဆင်ပေးသွားမှာဖြစ်တာကြောင့် ပါဝင်ကူညီဆောင်ရွက်လိုတဲ့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ချင်တယ်လို့ အဆိုပါ တာဝန်ရှိသူ ဆရာမတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ဖွင့်လှစ်သွားမည့် အတန်းအတွက်လည်း အဖက်ဖက်ကနေ လိုအပ်ချက်တွေ ရှိတာမို့ အကူ အညီပေးလိုတဲ့ အဖွဲ့ အစည်းတွေကိုလည်း ဒီကနေ ဖိတ်ခေါ်ပါရစေ။ ဒီသင်တန်းအတွက်ကိုတော့ ပူးပေါင်းကူညီပေးမယ့် အဖွဲ့အစည်းတွေကိုတော့ ချိတ်ဆက်ထားဆဲ ဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။

ပထမနှစ် အတန်း အတွက် ကျား ၁၀ ဦး နဲ့ မ ၂၀ ဦးကိုသာ ခေါ်ယူသွားမှာဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာ ကိုတော့ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၂ရက်ကနေ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ Education Degree College Of Karenni ရဲ့ လူမှုစာမျက်နှာဖြစ်တဲ့ https://shorturl.at/XBHlQ မှာ လာရောက်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

လာရောက်လျှောက်ထားလိုသူတွေအတွက် သင်တန်းကာလ ၄ လ ပြီးဆုံးတဲ့အထိ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးသွားတဲ့အခါမှာတော့ ပြည်သူ့အခြေပြုအခြေခံပညာကျောင်းတွေမှာ အနည်းဆုံးတစ်နှစ် စောတနာ့ဝန်ထမ်း ဆရာ၊ ဆရာမအနေနဲ့ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts