spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက် (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– “ ၁ လေးလုံးစစ်ဆင်ရေး” တစ်နှစ်ပြည့်မှာ လွိုင်ကော်မြို့နယ်အတွင်း လက်နက်ကြီး ရမ်းသန်းပစ်ခတ်၊ ပြည်သူတွေစိုးရိမ်ပြီး တိမ်းရှောင်သူများရှိနေ
– ၁လေးလုံးတစ်နှစ်ပြည့်မှာ တိုက်ပွဲဖြစ်ပွားနိုင်ပြီး လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှာကို စိုးရိမ်တာကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စာသင်ကျောင်းတချို့ ယာယီပိတ်ထား
စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသသတင်း၊
– စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တရားဝင်လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ IEC လုပ်ဆောင်ပေး၊
–ယာဉ်မတော်တဆဖြစ်ပွားမှု ပိုမိုလျှော့ချနိုင်ဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်သွားမယ်လို့ KSP ပြောဆိုလိုက်တယ် ဆိုတဲ့ သတင်းပေးပို့ချက်တွေနဲ့
– “၁ လေးလုံး မြို့သိမ်းတိုက်ပွဲ တစ်နှစ်ပြည့်ပြီ” ဆိုတဲ့ သတင်းဆောင်းပါးကို ကြားရမှာပါ။
အဲဒီနောက်မှာတော့ ဒေသတွင်းသတင်းနဲ့  အပတ်စဉ်တင်ဆက်ပေးတဲ့ သုတအဖြာဖြာအစီအစဉ်နဲ့ VOA နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားရဖို့ ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် နေ့စဉ်ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ကရင်နီပြည်အတွင်း ဒီးမော့ဆိုနဲ့ ဖရူမြို့နယ်မှာ FM လိုင်း 108 MHz , မယ်စဲ့မြို့နယ်မှာ 95.8 MHz ,ထိုင်း- ကရင်နီနယ်စပ်မှာတော့ 100 MHz  မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img