spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် နှစ်ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုများ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည၁၁နာရီခွဲဝန်းကျင်မှာ ဖယ်ခုံမြို့နယ်အရှေ့ဘက်ခြမ်းက ကလာကျေးရွာကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ် ဦးသေဆုံးခဲ့ပြီး နေအိမ်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်သေဆုံးခဲ့တဲ့ စစ်ဘေးရှောင်တွေဟာ အသက် ၃၅နှစ် ဝန်းကျင် အမျိုးသားတစ်ဦး နဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

“မနေ့ကလည်း ဖယ်ခုံဖက်ကို လေယာဥ်ကြဲသွားတာ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်အား ၅၀၀ ခန့်ပါဝင်တဲ့ ပအိုဝ်းပြည်သူ့စစ် PNO နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းပြီး သြဂုတ်လ အစောပိုင်းက ပင်လောင်းမြို့ကနေ ဖယ်ခုံမြို့တွင်းကို စစ်ကြောင်းထိုးလာခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာပါ။

“စစ်ကြောင်းက ပင်လောင်းကနေ စထိုးတယ်။ အခုချိန်ထိ သူတို့ ဖယ်ခုံထဲထိထိုးနေတုန်းဖြစ်တယ်ပေါ့နော။တောက်လျှောက် လမ်းကြောင်းတစ်လျှောက်လုံးမှာ ပြည်သူတွေရဲ့ နေအိမ်အချို့ကို မီးရှို့တယ်။ ပစ္စည်းတွေခိုးသယ်တာရှိတယ်ပေါ့နော” လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

စစ်ကြောင်း အသစ်ထပ်ထိုးလာတာမရှိပေမဲ့ သြဂုတ်လ ကတည်းက ထိုးလာတဲ့စစ်ကြောင်းက အခုအချိန်ထိ ဖယ်ခုံမြို့နယ်အတွင်း နဲ့ ပင်လောင်း – ဖယ်ခုံနယ်စပ်ဖက်မှာ ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိကျေးရွာက ဒေသခံအပါအဝင် စစ်ဘေးရှောင် ၂၀၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေဟာ ဆန်၊ရိက္ခာ အပြင် နေထိုင်ဖို့အတွက် အမိုးအကာ လိုအပ်နေပြီး ကူညီလှူဒါန်းတဲ့အဖွဲ့အစည်း မရှိသေးတာကြောင့် အခက်ကြုံနေကြရပါတယ်။

စစ်ကြောင်းကြောင့် ဖယ်ခုံမြို့နယ် နဲ့ မိုးဗြဲမြို့တို့မှာ စစ်ကောင်စီလုပ်ရှားမှု ပိုရှိလာလို့ ဒေသခံလူထုတွေအနေနဲ့ နေရပ်ပြန်မနေကြဖို့ ‌တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

စက်တင်ဘာလ ကစလို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်အပါအဝင် ဒေသခံ ဒါဇင်နဲ့ချီသေဆုံးခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts