spot_imgspot_imgspot_imgspot_img
Saturday, January 11, 2025
spot_imgspot_imgspot_imgspot_img

“GENER”မုန်တိုင်းကြောင့် စက်တင်ဘာလ တတိယပတ်ကစပြိး ကရင်နီပြည်မှာ နေရာကွက်ကြား မိုးကြီးနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအရှေ့ဖက်၊ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံ ဒေသတချို့တွေမှာ စက်တင်ဘာလ ၂၀ ရက်နေ့ကစပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင် က‌ ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“အခုကတော့ အပူပိုင်းမုန်တိုင်းအဆင့်ပဲ ရှိတယ်။ ပြီးတော့ အနောက်ဖက် ဗီယက်နမ် ကမ်းခြေ ဖက်ကို သူဆက်ပြီးရွှေ့မယ်။ ၁၉ နဲ့ ၂၀ ရက် ပတ်ဝန်းကျင်မှာ ဒါနန်း(ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိမြို့) အထက် ကနေပြီးတော့ ကမ်းခြေကို ဖြတ်ပြီးတော့ ဝင်ဖို့ရှိပါတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်းကြောင့် ကရင်နီပြည်အပါအဝင် ရှမ်းပြည် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ မန္တလေးတိုင်း တောင်ပိုင်း ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းတောင်းပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တွေမှာ မိုးကြီးနိုင်လို့ ဆိုပါတယ်။

“GENER” လို့ နာမည်ပေးထားတဲ့ အဲ့ဒီအပူပိုင်းမုန်တိုင်းကြောင့် မိုးရေချိန် ၄ လက်မအထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မိုးများမှာဖြစ်တာကြောင့် နကိုယ်ရေကြီးပြီးသားနေရာတွေ၊ ဆည်နဲ့ အနီးအနားနေရာမျိုးတွေနဲ့ ချောင်းရေတက်လာနိုင်တဲ့နေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ကြိုတင်သတိထားနေထိုင်ကြဖို့ အကြံပြုထားပါတယ်။

“မိုးရေချိန်လက်မက 80 mml ဆိုတာက ဒီ ၂၄ နာရီအတွင်းမှာ 80 mml ဆိုတာ ၄ လက်မလောက်ရှိတယ်။ ဒါကတော့ ၂၄ နာရီအတွင်းမှာ ရွာနိုင်တဲ့ မိုးရေချိန်ပေါ့ ဒါကတော့ များတယ်လို့ ခေါ်ပါတယ်။ ဒါပေမယ့် ပထမတုန်းက ဖြစ်ခဲ့တဲ့ ရာဂိ တုန်းက ရွာခဲ့တဲ့ မိုးရေချိန်က ၁၁ , ၁၂ လက်မလောက် အထိ ဖြစ်ခဲ့ပါတယ်” လို့ ဦးဝင်းနိုင်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အဆိုပါ မုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း နေရာကွက်ကြား မိုးကြီးနိုင်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း စတဲ့ နေရာဒေသတွေမှာ မိုးအတင့်အသင့်ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts