spot_imgspot_imgspot_imgspot_img
Monday, April 28, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှာ အသက် ၉ နှစ်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး ရေကစားရာမှ မတော်တဆ ရေနစ်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွှဲပိုင်းအချိန်မှာ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးဟာ ရေဆော့ကစားရာကနေ မတော်တဆ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာတော့ ရေနစ်သေဆုံးတဲ့ကလေးငယ်ရဲ့မိသားစုဟာ ဆွေမျိုးရှိရာ ကျေးရွာတစ်ရွာကို လာလည်ရင်း သာယာကုန်းစစ်ရှောင်စခန်းရဲ့ အနီးက ရေကန်မှာ ကလေးငယ်ဟာ ရေသွားကူးကစားရာကနေ သေဆုံးခဲ့တာပါ။

“ကျမတူလေးပဲ အမျိုးရှိတဲ့ရွာမှာ ခဏလာလည်ရင်းနဲ့ ရေသွားဆော့တာ ရေမကူးတတ်လို့ဖြစ်သွားတာ” လို့ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။

ရေနစ်သေဆုံးတဲ့ ကလေးငယ်ဟာ ဒီးမော့ဆို၊ ၆ မိုင်ကျေးရွာဇာတိကဖြစ်ပြီး လက်ရှိမှာ ဒေါရောက်ခူစစ်ဘေးရှောင်စခန်းမှာ နေထိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ကွိင်ငံရေထွက်ပေါက်မှာ ရေဆော့ကစားရာကနေ အသက် ၁၁ နှစ်အရွယ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့တာရှိပါတယ်။

spot_img
spot_img
spot_img

Recent posts