spot_imgspot_imgspot_imgspot_img
Monday, April 28, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ နှိပ်စက်မှုကို မခံနိုင်တဲ့ PNO တပ်သား တစ်ဦး လက်နက်နှင့်တကွ PNLA ဆီ ဘက်ပြောင်းခိုလှုံလာ

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီ ရဲ့ နှိပ်စက်မှုကို မခံနိုင်တော့တဲ့ ပအိုဝ်းပြည်သူ့စစ် PNO တပ်သားတစ်ဦးဟာ လက်နက်နှင့်တကွ PNLA တပ်ဖွဲ့ဆီ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဓိကကတော့ သူတို့ရဲ့ စစ်ကောင်စီ ရဲ့အထက်လူကြီး တွေက သူတို့ကို နှိပ်စက်တယ်ပေါ့လေ။ တုတ်တွေနဲ့လည်း ရိုက်တာပေါ့လေ။ ရခဲ့တဲ့ ဒဏ်ရာလည်း ရိုက်ခံရတဲ့ ဒဏ်ရာလည်းရှိပါတယ်။ အဲ့တာက စစ်ကောင်စီရဲ့ ပြည်သူ့စစ်တွေက ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးယူတာလည်း သူတို့ကိုယ်တိုင်လည်းမြင်တော့ မနေနိုင်တော့ဘူးပေါ့။ အဲ့တာ အလင်းဝင်လာတာပါ။” လို့ ခွန်ရိန်းယံက ဆိုပါတယ်။

အဆိုပါ တပ်သား ဟာ သေနတ်တစ်လက် ကျည်ဘောက်နဲ့ ကျည်ဆံအချို့ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားတစ်ဦးကို PNLO/PNLAမှ ဆေးကုသပေ ဆုငွေများလည်းပေးအပ်ခဲ့တယ်လို့ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့မှာ PNLA ကအသိပေးထုတ်ပြန်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာလည်း တောင်ကြီးမြို့မှာ အတင်းအဓမ္မစုဆောင်းခံရတဲ့ PNO (ပအိုဝ်းပြည်သူ့စစ်) တပ်သားတစ်ဦးဟာ စစ်ကောင်စီတပ်သားတွေရဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့တာကြောင့် လက်နက်နှင့်တကွ PNLA တပ်ဖွဲ့ဆီ ဘက်ပြောင်းလာခဲ့တာရှိပါတယ်။

spot_img
spot_img