spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆို၊ မြေပဲယခင်နှစ်ထက် ဈေးပိုကောင်းရပေမဲ့ တောင်သူတွေ တွက်ခြေမကိုက်သေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆို ဒေသတွေမှာ ဒီနှစ် မြေပဲပိုဝယ်ယူသူတွေရှိလာပြီး စျေးကောင်းတွေရပေမဲ့ သယ်ယူစရိတ်နဲ့ လုပ်အားခမြင့်တက်တာကြောင့် တွက်ခြေမကိုက်ကြသေးဘူးလို မြေပဲစိုက်တောင်သူတွေဆီကနေ သိရပါတယ်။

“မြေပဲကို ခွဲပြီးသားဆိုရင် တစ်ပိဿာ ၇၀၀၀ နဲ့တော့ ဝယ်ပေးတယ်၊ မြေပဲ အခွံနဲ့ ရောင်းခါကျတော့ တစ်အိတ်ကို ၁ သိန်းပဲရတာပေါ့၊ ဒီတစ်နှစ်က မိုးများတော မြေပဲ၊ တောင်ယာလုပ်ရတာလည်း မပြေဘူးပေါ့ဟု”လို ဖရူဆိုမြိုနယ် မြေပဲစိုက် တောင်သူတစ်ဦးက ဆိုပါတယ်။

အရင်နှစ်တွေမှာ ဖရူဆို မြေပဲဈေးကွက်မရှိပေမဲ့ အခုနှစ်မှာ မြေပဲ ကောင်း၊ မကောင်းအပေါ်မူတည်ပြီး တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ စျေးရရှိတယ်လို့ တောင်သူတစ်ဦးကပြောပါတယ်။ ယခင်နှစ်မှာတော့ တပိဿကို ၃၅၀၀ ကျပ်သာစျေးရရှိတယ်လို့ လည်းပြောပါတယ်။

ဒေသတွင်း မြေပဲစိုက်တောင်သူတွေဟာ မြေပဲခင်းမှာ လုံလောက်တဲ့ မြေသြဇာမထည့်နိုင်တာကြောင့် ယခုနှစ် မြေပဲ ဖြစ်ထွန်းမှု အားနည်းတယ်လို့ လည်းပြောပါတယ်။

” ဒီနှစ်တော့ စားဝတ်နေရေး ပိုမိုကြပ်တည်းလာမှာပေါ့၊ မြေပဲရောင်းပြီးတော့ ဆန်ပြန်ဝယ်တယ်၊ ဆန်တစ်အိတ်က ၁ သိန်းနဲ့ တစ်သောင်းဆိုတော့ ဆန်တစ်အိတ်ရဖိုက မြေပဲတစ်အိတ်ဆို ငွေတစ်သောင်းစိုက်ရသေးတယ်၊ မြေပဲမလှရင်လည်း တစ်အိတ်တစ်သိန်း မရတာလည်း ရှိတယ်”လို ဖရူဆိုမြိုနယ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ဖရူဆိုဒေသခံတွေကတော့ မြေပဲတွေကို အများအားဖြင့် ဆီကြိတ်ပြီးမှ ဆီအဖြစ် ရောင်းဝယ်ကြတာရှိသလို ၊ အချိုမှာတော့ မြေပဲကို ဒီးမော့ဆိုမြိုကနေတစ်ဆင့် ရှမ်းပြည်ထိ စတဲ့မြိုတွေဆီ တင်ပိုရောင်းချကြတယ်လို သိရပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်မှာတော့ စစ်တပ်အာဏာမသိမ်းခင်ကမြေပဲဟာ ဒုတိယစိုက်ပျိုးမှုအများဆုံး သီးနှံဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts